Ch 704

105 11 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(53)

Chapter-10

(ငါခေါင်းလာဖြတ်မှာကို စောင့်နေတော့)

အတိတ်တွင် ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့၏ ဌာနချုပ်ဖြစ်သော
မိုးကောင်းကင်တိမ်တိုက်တောင်ထိပ်တွင်  လက်ရှိအချိန်၌ ခရမ်းနုရောင်စံအိမ်အဖွဲ့ နေထိုင်နေခဲ့ပေသည်။ 

ခရမ်းနုရောင်စံအိမ်အဖွဲ့၏ အဖွဲ့အရှင်သခင် ဟဲမင်သဲက ဤနှစ်နှစ်အတွင်း အောင်မြင်မှုလမ်းတွင် ရောက်ရှိနေခဲ့သည်ဟူ၍ ပြောနိုင်ပေ၏။

ခရမ်းနုရောင်စံအိမ်အဖွဲ့က မျိုးဆက်ပေါင်းများစွာတိုင်အောင်  စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေခဲ့ကြသည်။ သူ၏မျိုးဆက်တွင်မူ သူတို့က နောက်ဆုံးတွင် အစွမ်းထက်သော လေအင်ပါယာကို ပြန်လည်ကြိုဆိုနိုင်ခဲ့ပြီဖြစ်၏။

ဟဲမင်သဲက သူ၏အကျိုးပြုမှုများကြောင့် လေအင်ပါယာ၏ ဆုကြေးများစွာ ချီးမြှင့်ခံခဲ့ရသည်။

ဤနှစ်နှစ်ကျော် သုံးနှစ်အတွင်း သူက လေအင်ပါယာ၏ ဆုကြေးများကိုအသုံးပြု၍ သာမန်အဆင့်နှစ်ခု ချိုးဖျက်တက်ရောက်သွားခဲ့၏။ သူက ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေခဲ့ပြီဖြစ်သည်။

ထို့ပြင် လေအင်ပါယာ ချီးမြှင့်ခဲ့သည့် ဆေးလုံးများတွင် သူ့ကို ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ်သို့ တက်ရောက်နိုင်ရန် ကူညီပေးနိုင်သော ဆေးလုံးများပင် ပါဝင်နေခဲ့၏။

သူ၏လက်ကျန်သက်တမ်းတွင် ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ်သို့ တက်ရောက်နိုင်မည်ဟူ၍ ဟဲမင်သဲက လုံးဝမျှော်လင့်မထားခဲ့ပေ။

ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ်…..

ထိုအရာက အဆုံးမဲ့ကမ္ဘာကြီးတွင် အမြင့်ဆုံးသော အဆင့်အတန်းမှ ပုဂ္ဂိုလ်များဖြစ်ကြသည်။

မြောက်ပိုင်းကုန်းမြေတွင်ပင် ထိုအဆင့်က အဖွဲ့တစ်ခုကို တည်ထောင်ရန် လုံလောက်ပေ၏။

သို့သော် ဟဲမင်သဲက မြောက်ပိုင်းကုန်းမြေနှင့် ပတ်သက်၍ မည်သည့်အတွေးမှ မရှိခဲ့ပေ။ အရှင်ရှန့်ကွမ်က မြောက်ပိုင်းကုန်းမြေသို့ သွားရောက်ခဲ့ပြီဖြစ်ရာ တောင်ပိုင်းကုန်းမြေကို သူက စီမံခန့်ခွဲရမည်ဖြစ်သည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now