Ch 700

117 12 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(53)

Chapter-6

(သွေးထောင်လှောင်အိမ်)

"သေမင်းကို မသိသေးတဲ့ ကောင်လေးတစ်ယောက်ပဲ… စစ်မှန်တဲ့ အကန့်အသတ်မဲ့နယ်ပယ် တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်တစ်ယောက်က ဘယ်လိုမျိုးဆိုတာ မင်းသိအောင် ငါပြပေးမယ်….."

ရှန့်ကွမ်ဝမ်လွေ့က အေးစက်စက် ရယ်မောလိုက်သည်။ သူ၏အော်ရာက အပြည့်အဝ ထွက်ပေါ်လာခဲ့၏။

ထိုလူကိုးယောက်နှင့် ကွာခြားသည်မှာ ရှန့်ကွမ်ဝမ်လွေ့က စစ်မှန်သော အကန့်အသတ်မဲ့နယ်ပယ် တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး ချီဟိုင်နှင့် ခွန်အားတူညီသော လူတစ်ယောက်လည်း ဖြစ်သည်။

အတိတ်က ရှန့်ကွမ်ဝမ်လွေ့နှင့် ချီဟိုင်တွေ့ဆုံခဲ့ရာ၌ ချီဟိုင်က ရှန့်ကွမ်ဝမ်လွေ့၏ ခွန်အားကို စိုးရိမ်သွားခဲ့ရပေ၏။

အကန့်အသတ်မဲ့နယ်ပယ် ပုဂ္ဂိုလ်ကြီးများက ကောင်းကင်နှင့်မြေကြီး၏ နယ်မြေလေးတစ်ခုကို ထိန်းချုပ်နိူင်သည်။

အကန့်အသတ်မဲ့နယ်ပယ် တစ်ပိုင်းအဆင့်က ထိုသို့မထိန်းချုပ်နိူင်သေးသော်လည်း ဤကောင်းကင်နှင့်မြေကြီး၏ နယ်မြေလေးတွင် သူတို့က နတ်ဘုရားတစ်ပိုင်းအဆင့် ပုဂ္ဂိုလ်များဖြစ်ကြ၏။

လက်တစ်ချက်ဝှေ့ယမ်းရုံဖြင့် ရှန့်ကွမ်ဝမ်လွေ့ စုဆောင်းနိုင်သော သဘာဝစွမ်းအင်ပမာဏက ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် ပုံမှန်သိုင်းပညာရှင်များ ယှဥ်ပြိုင်နိုင်သည့်အရာ လုံးဝမဟုတ်ပေ။

"မင်းတို့ကိုးယောက် ငါနဲ့အတူပူးပေါင်းပြီး အဲဒီကောင်လေးကို အမှုန့်ချေပစ်လိုက်ရအောင်….." ရှန့်ကွမ်ဝမ်လွေ့က လေးနက်သောအသံဖြင့် ပြောဆိုခဲ့သည်။

လက်ရှိအချိန်၌ သူက မည်သည့်အတွက် ယီယွမ်ကို အထင်သေးရဲတော့မည်နည်း။

ယီယွမ်က သူ၏အစွမ်းကို အလုပ်ဖြင့် သက်သေပြခဲ့ပြီးဖြစ်၏။

"ဟုတ်ကဲ့… အရှင်ရှန့်ကွမ်….."

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now