Ch - 668

132 18 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(51)

Chapter-2

(နဂါးသခင်ကို ရက်ရက်စက်စက်ရိုက်နှက်ခြင်း)

ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရားအတွင်းတွင် ရက်၂၀အချိန်က မြန်ဆန်စွာကုန်ဆုံးသွားခဲ့သည်။

ဤရက်၂၀အတွင်း၌ ယီယွမ်က ကောင်းကင်နှလုံးသားကမ္ဘာ မြေအောက်နို့ရည်ကို အမှီပြုပြီး အဆင့်နှစ်ဆင့်ကို တစ်ခါတည်း အောင်မြင်စွာတက်ရောက်သွားခဲ့ပြီး နောက်ဆုံးတွင် အဆင့်(6) စိတ်ဝိညာဥ်ပင်လယ်နယ်ပယ်သို့ တက်ရောက်သွားခဲ့ပေ၏။

သူ့တွင် လုံလောက်သော သဘာဝစွမ်းအင်များ ရှိနေလျှင် ယီယွမ်၏အဆင့်တက်ရောက်မှုက သေချာပေါက်ဖြစ်လာမည့် ကိစ္စတစ်ခုဖြစ်သည်။

သို့သော် ယီယွမ်သုံးစွဲခဲ့ရသော  ကောင်းကင်နှလုံးသားကမ္ဘာ မြေအောက်နို့ရည်က များပြားလှပေ၏။ အဆင့်တက်ရောက်ရန်လိုအပ်သော သဘာဝစွမ်းအင်များကလည်း ကြောက်စရာကောင်းလှသည်။

"ငါမင်းကို ပြောပြထားတာ မှတ်မိရဲ့လား….." လုံထန့်က ပြောလိုက်၏။

ယီယွမ်က လုံထန့်ကို ထူးဆန်းသောအကြည့်တစ်ခုဖြင့် ကြည့်၍ ပြောဆိုခဲ့သည်။ "စီနီယာက တကယ်ကို နာကျင်လောက်တဲ့အထိ အဆုံးရှုံးခံလိုက်တာပဲ… စီနီယာက ဒီလောက်အထိတောင် ပြောပြီးခဲ့ပြီပဲ… ကျုပ်က အဲဒီငနဲကို ဝက်ခေါင်းလိုဖြစ်သွားအောင် မရိုက်နှက်နိုင်ခဲ့ရင် ကျုပ်ကို စီနီယာက အထင်သေးသွားမှာ မဟုတ်ဘူးလား….."

လုံထန့်က ရှက်ရွံ့သွားမည့် အရိပ်အယောင်လုံးဝမရှိပေ။ ထိုစကားကိုကြားသော် သူက အားပါးတရ ရယ်မော၍ ပြောဆိုခဲ့၏။ "ဟားဟားဟား… ငါလိုချင်တာက မင်းရဲ့အဲဒီစကားပဲ….."

ဤတစ်ကြိမ်လုံထန့်က ထွက်လာချိန်၌ သူ၏စိတ်နေစိတ်ထားက အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီး ယခင်ကကဲ့သို့ စကားနည်းပြီး တည်ကြည်မှုမျိုး မရှိတော့သည်ကို ယီယွမ်က တွေ့ရှိခဲ့ရသည်။

လုံထန့်က ထိုနဂါးသခင်ကို မသတ်လိုကြောင်း သိသာနေခဲ့၏။ ရိုက်နှက်ပြီး တစ်ဖက်လူကို အရှက်ခွဲခြင်းက ကောင်းမွန်သောအတွေးဖြစ်ကြောင်း သိသာပေသည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now