Ch - 676

134 18 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(51)

Chapter-10

(အဇူရာစိတ်ဝိညာဥ်အပင်ကို ရင်ဆိုင်ခြင်း)

ယီယွမ်က ရုပ်ရည်ချောမောသော်လည်း ထိုရုပ်ရည်ချောမောခြင်းက အကိုင်းအခက်များ အနားသို့ကပ်မလာသော အကြောင်းပြချက်ဖြစ်နေရန် လုံးဝမဖြစ်နိုင်ပေ။

သို့သော် သူက မူလသံလိုက်ဓာတ် ဝိညာဥ်သစ်သားကို ပိုင်ဆိုင်ထားသည်အား အခြားသူများကို ယီယွမ်က ပြောမပြနိုင်ပေ။ ဤသို့သော အဆိပ်မျိုးက အဆင့်(6)ပုဂ္ဂိုလ်များအတွက် မပြောပလောက်ပေ။ သူတို့က အလွယ်တကူ ဖြေရှင်းနိုင်ပေသည်။

သို့ရာတွင် သူတို့က ဤအမှုန့်၏အစွမ်းကို မယုံကြည်သော အမူအရာများရှိနေခဲ့၏။ သူတို့က မဟာဝင်္ကပါအတွင်းသို့ ဝင်သွားသောအချိန်၌ သူတို့အားလုံးက အစွမ်းကုန်ပြင်ဆင်၍ သတိနှင့်နေကြပြီး ထိုအကိုင်းအခက်များက သူတို့ထံသို့ ရောက်လာမည်ကို စိုးရိမ်နေကြသည်။

သို့သော် ယီယွမ်က အလွန်ယုံကြည်ချက်ရှိစွာဖြင့် မဟာဝင်္ကပါအတွင်းသို့ အေးအေးဆေးဆေး ဝင်ရောက်သွားခဲ့၏။

သူတို့က အဇူရာစိတ်ဝိညာဥ်အပင်နှင့် နီးကပ်လာသည်နှင့် ထိုအကိုင်းအခက်များက သူတို့ကို မတိုက်ခိုက်သည့်အပြင် ရန်သူကြီးကိုတွေ့ရသကဲ့သို့ ရှောင်တိမ်းသွားကြသည်ကို မိစ္ဆာနက်ကျားကလန် အဖွဲ့သားများက တွေ့လိုက်ရပေသည်။

ဤမြင်ကွင်းကိုမြင်သော် ယီယွမ်က လေကြီးနေခြင်းမဟုတ်ကြောင်း သူတို့က သိရှိသွားခဲ့ကြ၏။

သူက စစ်မှန်တဲ့စွမ်းရည် ရှိနေတာပဲ....

အဆင့်(4) ငချွတ်ကလေးတစ်ယောက်က အရှက်မဲ့စွာဖြင့် အဇူရာစိတ်ဝိညာဥ်အပင်ကို လက်ရဖမ်းဆီးမည်ဟူ၍ ဝံ့ကြွားနေရဲသည်မှာ အံ့ဩစရာမရှိတော့ပေ။ ပုလင်းသေးအစွမ်းကပင် အဆင့်(6)ပုဂ္ဂိုလ်ကြီးများ ခေါင်းကိုက်နေရသော ကိစ္စတစ်ခုကို ဖြေရှင်းပေးနိုင်ခဲ့သည်။

"အစ်ကိုကြီး... အစ်ကိုကြီးရဲ့ဒီအစွမ်းက တကယ်ကို မှော်ဆန်တာပဲ... အဲဒီအကိုင်းအခက်တွေက ကျွန်တော်တို့ကို တကယ်လျစ်လျူရှုထားတယ်....." အလင်းဖြူက လျှာကိုကိုက်၍ အံ့ဩစွာ ပြောဆိုလိုက်၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Onde as histórias ganham vida. Descobre agora