Ch - 677

137 15 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(51)

Chapter-11

(စိတ်ဝိညာဥ်ထိန်းချုပ်ခြင်းအပ်)

ယီယွမ်၏ရှေ့တက်လာသော ခြေလှမ်းများက အလွန်နှေးကွေးနေသည့်တိုင် တည်ငြိမ်လွန်းပေသည်။

ဤစိတ်ဝိညာဥ်မြေကြောပေါ်တွင် အဇူရာစိတ်ဝိညာဥ်အပင်၏ သစ်သားဓာတ်စွမ်းအင်က အကန့်အသတ်မရှိတော့ပေ။ သို့ဖြစ်၍ ထိုအရာက အကိုင်းအခက်များကို အကန့်အသတ်မရှိအောင် အသုံးပြု၍ ယီယွမ်ကို တိုက်ခိုက်နိုင်ပေ၏။

သို့သော် ယီယွမ်၏သဘာဝမီးလျှံကလည်း အကန့်အသတ်ရှိပုံမပေါ်ပေ။ အကိုင်းအခက်များက မည်မျှအထိ များပြားစွာ ရောက်လာစေကာမူ ယီယွမ်က ထိုအကိုင်းအခက်များကို လောင်ကျွမ်းသွားစေနိုင်ခဲ့သည်။

သဘာဝမီးလျှံကို ဤသို့သောအဆင့်အထိ အသုံးပြုနေခဲ့ရ၍ ယီယွမ်၏ သဘာဝစွမ်းအင် ကုန်ဆုံးမှုက အလွန့်အလွန် မြန်ဆန်နေခဲ့၏။

သို့သော် ဤနေရာသို့ မလာရောက်မီ ယီယွမ်က လိုအပ်သောပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး ဆေးလုံးအများအပြားကို ဖော်စပ်ယူဆောင်လာခဲ့သည်။

ဤအချိန်တွင် သူက ဆေးလုံးများ လုံလောက်စွာရှိနေခဲ့၍ သဘာဝစွမ်းအင် ကုန်ဆုံးသွားမည်ကို စိုးရိမ်စရာမလိုတော့ပေ။

ဤအချိန်၌ သန့်စင်သောစန္ဒကူးကြာပန်းမီးလျှံ၏ အစွမ်းထက်သော သန့်စင်မှုအစွမ်းက သိသာထင်ရှားနေခဲ့ပြီဖြစ်၏။

မျှော်လင့်မထားလောက်အောင် ကြံ့ခိုင်သော အကိုင်းအခက်များက သန့်စင်သောစန္ဒကူးကြာပန်းမီးလျှံ၏ လောင်ကျွမ်းခြင်းကို ခံလိုက်ရပေသည်။ ဤသို့လောင်ကျွမ်းမှုအမြန်နှုန်းက သာမန်အဆင့်(5) သဘာဝမီးလျှံများထက် အများကြီး ပိုအစွမ်းထက်နေခဲ့၏။

ရဲရဲတောက်က အသိဉာဏ်မွေးဖွားလာခဲ့ပြီဖြစ်သည်။ သန့်စင်သောစန္ဒကူးကြာပန်းမီးလျှံ၏ အစွမ်းက ပုံမှန်အားဖြင့် ပုံမှန်အဆင့်(5) သဘာဝမီးလျှံများထက် အများကြီး ပိုမိုအစွမ်းထက်ပေ၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now