Book (65) Ch 1- 2 (or) Ch 865 - 866

110 13 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(65)

Chapter-1

(လျှို့ဝှက်စွာလှုပ်ရှားခြင်း)

"ဘာ… မင်းတို့တွေက အောင်အောင်မြင်မြင် ပြင်ဆင်ပြီးသွားပြီလား… မင်းတို့နှစ်ယောက်က အလုပ်ကို ပေါ့ပေါ့ဆဆ လုပ်ကိုင်ခဲ့ကြတာတော့ မဟုတ်ပါဘူးနော်….."

ယီယွမ်တို့နှစ်ယောက်က အလုပ်ပြီးမြောက်ကြောင်း သတင်းပို့သည်ကို ကြားသော် ဆရာဝူက အံ့ဩသွားခဲ့ပေသည်။

"ဟွန့်… အဆင်(7)
ဝင်္ကပါလေးတစ်ခုက ကျွန်မအတွက် ဘာလို့အခက်အခဲရှိမှာလဲ… တကယ်လို့ ရှင်က မယုံကြည်ဘူးဆိုရင် ရှင်က သွားကြည့်လို့ရတယ်နော်….." သင်းရှစ်ယွီက ပြောဆိုခဲ့၏။

ဆရာဝူက အမှန်တကယ်ပင် မယုံကြည်နိုင်သေး၍ ချက်ချင်းပင် သူတို့နှစ်ယောက် ပြန်လည်ပြင်ဆင်ထားခဲ့သည့် အစီအရင်ကို သွားရောက်ကြည့်ရှုခဲ့သည်။

ဤသို့ကြည့်ရှုခဲ့ချိန်တွင် သူက နောက်ထပ်တစ်ကြိမ် အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားခဲ့ရ၏။ ဤအဆင့်(7) အစီအရင်လေးကို အပြည့်အဝ ပြန်လည်ပြင်ဆင်ပြီးသွားခဲ့ပြီ ဖြစ်သည်။

သူက ထိုနှစ်ယောက်ကို မယုံကြည်ရဲဟန်ဖြင့် ကြည့်နေခဲ့၏။

ဒီလိုစွမ်းရည်မျိုးက နည်းနည်းလေးတော့ မြင့်မားလွန်းတယ်မဟုတ်လား…..

"အဆင့်(7) အစီအရင်တွေက တော်တော်ရိုးရှင်းတယ်… ဆရာဝူ… ရှင်က ကျွန်မတို့ကို ပိုပြီးရှုပ်ထွေးနက်နဲတဲ့ အစီအရင်တွေ ပြင်ဆင်ခိုင်းလို့ မရဘူးလား… ကျွန်မက နည်းနည်းလေး အလျင်လိုနေလို့ပါ….." သင်းရှစ်ယွီက ပြောလိုက်သည်။

"ဒါဆို… မင်းက အဆင့်(8) အစီအရင်တွေကို ပြင်ပေးနိုင်မလား….." ဆရာဝူက ဇဝေဇဝါဖြင့် ပြောဆိုခဲ့၏။

"ဒါပေါ့… အဆင့်(8) အစောပိုင်းအဆင့် အစီအရင်တွေက ပြဿနာမရှိပါဘူး….." သင်းရှစ်ယွီက ဂုဏ်ယူဝံ့ကြွားသော အမူအရာဖြင့် ပြောလိုက်ပေသည်။

အစီအရင်များကို ပြန်လည်ပြင်ဆင်ခြင်းနှင့် အစီအရင်များကို တည်ဆောက်ခင်းကျင်းခြင်းက ကွာခြားပေ၏။ အဆင့်(8) အစီအရင်များ၏ စည်းမျဥ်းနှင့် တည်ဆောက်ပုံကို နားလည်နေလျှင် အဆင့်(7) ဝင်္ကပါပညာရှင်များကလည်း ပြန်လည်ပြင်ဆင်နိုင်သည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now