Ch 1083 - 1085

102 11 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 79

Chapter-10

(ရဲ့ချင်က သူ၏စွမ်းအားကို ထုတ်ဖော်ပြသခြင်း)

သေးငယ်သော အဖူးလေးက လျင်လျင်မြန်မြန် ကြီးထွားလာခဲ့ပြီး အပင်ငယ်လေးတစ်ခု ဖြစ်လာခဲ့သည်။ အပင်ငယ်လေးက တဖြည်းဖြည်းနှင့် ကြီးပြင်းလာခဲ့ပြီး အကိုင်းအခက်များနှင့် သစ်ရွက်များက အသက်ဓာတ်များ အလွန်ပြည့်ဝနေခဲ့သည်။

တာအိုဝိညာဥ်သစ်ပင်၏ ခြောက်သွေ့နေသော ပင်စည်ပေါ်တွင် အသက်ဓာတ်များ ပြည့်ဝနေသည့် အမြဲစိမ်းသစ်ပင်တစ်ပင် ကြီးထွားလာခဲ့ခြင်းဖြစ်၏။

(TN: အမြဲစိမ်းသစ်တောတွေမှာ ပေါက်တဲ့ တစ်နှစ်ပတ်လုံး စိမ်းလန်းနေတဲ့အပင်မျိုးပါ)

လက်ရှိအချိန်၌ သိုင်းပညာရှင်များ၏ သွေးစွမ်းအင်များကို အရူးအမူး စုပ်ယူနေသော တော်ဝင်မိခင် မိစ္ဆာပန်းပွင့်က ရုတ်တရက်ပင် ပြင်းပြင်းထန်ထန် စတင်တုန်ခါလာခဲ့သည်။

မူလက တောက်ပပြီး အရည်ရွှမ်းနေသော ပွင့်ချပ်ကြီးကလည်း တဖြည်းဖြည်းနှင့် အရောင်ဖျော့လာခဲ့သည်။

လက်ရှိအချိန်၌ ဟင်းလင်းပြင်ဆန်းကြယ်အဆင့် ပုဂ္ဂိုလ်များက နွယ်လက်တံများကြောင့် အလွန်ဆိုးရွားသော အခြေအနေတစ်ခု၌ ရှိနေခဲ့ကြသည်။ ရုတ်တရက်ပင် ထိုနွယ်လက်တံများက ဒီရေကျဆင်းသွားသကဲ့သို့ ဆုတ်ခွာသွားခဲ့ပေ၏။

သိုင်းပညာရှင်များကို လိုက်လံသတ်ဖြတ်နေသည့် နွယ်လက်တံများကလည်း နောက်ဆုတ်သွားခဲ့ကြသည်။

လူတိုင်းက ဤမြင်ကွင်းကိုကြည့်၍ အလွန်အမင်း စိတ်သက်သာရာရသွားခဲ့ပြီး ငရဲပြည်မှ လူ့လောကသို့ ပြန်လည်ရောက်ရှိလာသည်ဟုပင် ခံစားမိလိုက်ကြသည်။

မျက်စိတစ်မှိတ်အချိန်အတွင်း ထိုအပင်ငယ်လေးက သစ်ပင်ကြီးတစ်ပင်အဖြစ်သို့ ကြီးထွားလာခဲ့ပေ၏။ ထိုသစ်ပင်က တာအိုဝိညာဥ်သစ်ပင်၏ တစ်သောင်းပုံတစ်ပုံမျှသာ အရွယ်အစားရှိသော်လည်း လက်ရှိအချိန်၌ သာမန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ဆက်လက်ကြီးထွားနေဆဲပင် ဖြစ်သည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now