Ch 1041 - 1043

115 13 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 76

Chapter-13

(ထိုးနှက်ခြင်းပေလော)

ကုယွဲ့၏မျက်နှာတွင် ယခင်ကကဲ့သို့ မောက်မာဝံ့ကြွားသော အမူအရာမျိုး မရှိတော့ပေ။ သူက နေ့တစ်ဝက် အချိန်ယူပြီးမှသာ စောစောလေးက ဖြစ်ပွားခဲ့သော  ရှုံးနိမ့်မှုအရိပ်အောက်မှ ရုန်းထွက်လာနိုင်ခဲ့သည်။

မိမိက မြင့်မြင့်တက်ရောက်သွားလေ အကျနာလေ ဟူသော အချက်ကို ဖော်ပြရန် ကုယွဲ့၏ အခြေအနေက အသင့်တော်ဆုံးပင် ဖြစ်သည်။

သို့သော် ကုယွဲ့က အမှန်တကယ် အရည်အချင်းရှိသူတစ်ယောက် ဖြစ်သည်။ နေ့ဝက်ကြာပြီးနောက် သူ၏ စိတ်ကို တည်ငြိမ်အောင် ပြန်လည်ကြိုးစားနိုင်ခဲ့ပြီး ရန်တုံနှင့် ထိပ်တိုက်ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။

သူ၏ Zzရည်ရွယ်ချက်က အလွန်ရှင်းလင်းပေသည်။ သူလဲကျနေသောနေရာမှ ပြန်လည်ထလာလိုခြင်း ဖြစ်ပေ၏။

သူက ရန်တုံထံမှတစ်ဆင့် ယုံကြည်မှုပြန်လည်ရရှိလိုခြင်း ဖြစ်သည်။ ထိုသို့မဟုတ်လျှင် ယနေ့ ဆေးလုံးပြိုင်ပွဲအပြီးတွင် တိမ်တိုက်စိမ့်တောမြို့ကို အံ့အားသင့်တုန်လှုပ်စေသည့် ထူးချွန်သူ ဆေးပညာရှင်တစ်ယောက် ဖြစ်သော သူက ဤနေရာတွင် ပရိသတ်များကို မျက်နှာချင်းဆိုင်ရဲမည် မဟုတ်တော့ပေ။

"ဒီမိန်းကလေးက ဘယ်သူများလဲ… ကုယွဲ့ရဲ့ ပြိုင်ပွဲပေါင်း ၃၄၂၀ တစ်ဆက်တည်းအနိုင်ရခဲ့တဲ့ စံချိန်က အခုလိုမျိုး အဆုံးသတ်သွားခဲ့တာလား….."

"ဟုတ်တယ်… စဥ်းစားကြည့်လိုက်မယ်ဆိုရင် အဲဒါက အိပ်မက်တစ်ခု မက်နေခဲ့သလိုပဲ… အရှင်ချင်ယန်ကျိပြီးတဲ့နောက် ကုယွဲ့က ပြိုင်ပွဲပေါင်း အများအပြားကို တစ်ဆက်တည်း အနိုင်ရခဲ့တဲ့ ပထမဆုံး ထူးချွန်သူမှော်ဆေးပညာရှင် တစ်ယောက်ပဲ… သူက အနာဂတ်မှာ အရှင်ချင်ယန်ကျိရဲ့ အဆင့်အတန်းကို သေချာပေါက် ရောက်ရှိနိုင်မယ်လို့ ငါက ထင်ထားခဲ့တယ်….."

"ပြောရမယ်ဆိုရင် တိတ်တဆိတ်ကမ်းလှမ်းခြင်းက အရှင်ချင်ယန်ကျိ ကိုယ်တိုင်ဖန်တီးခဲ့တဲ့ မီးတောက်ထိန်းချုပ်မှု အန္တိမပညာရပ်ပဲ… ဒီမိန်းကလေးက အရှင်ချင်ယန်ကျိနဲ့ တကယ်ပဲ ပတ်သက်မှုရှိနေတာလား….."

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now