Book (55) Chapter 1 or Ch 723

101 12 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(55)

Chapter-1

(စိတ်ဝိညာဥ်နစ်မြုပ်ခြင်း  အိပ်မက်ဆိုးကျိန်စာ)

ထိုစကားများထွက်လာသည်နှင့် စံအိမ်အတွင်းမှ ပတ်ဝန်းကျင်အပူချိန်က ချက်ချင်းပင် အကြီးအကျယ် ကျဆင်းသွားခဲ့သည်။

ယွီမင်က ထိတ်လန့်သွားခဲ့၍ ကပျာကယာပင် ယီယွမ်ကို ဆွဲခေါ်ပြီး အသာအယာ ပြောဆိုလိုက်၏။ "ငါ့ရဲ့ဘိုး​ဘေးလေး… ပေါက်ကရတွေ မပြောနဲ့ဟ… အရှင်ကျွင်းက အတိတ်တုန်းက အမျိုးသမီးတစ်ယောက်အတွက် အဆုံးစွန်အထိ ဒေါသထွက်သွားခဲ့လို့ ရှေးဟောင်းကြွယ်ဝခြင်းမြို့ကို တုန်လှုပ်သွားစေတဲ့အထိ လူတွေသတ်ခဲ့ပြီးတော့ မိသားစုကြီးတစ်ခုကို အမြစ်ဖြုတ်သုတ်သင်ပစ်ခဲ့တယ်… အဲဒီအမျိုးသမီးက မင်းမျက်စိရှေ့မှာရှိတဲ့ အမျိုးသမီးပဲ….."

ယွီမင်၏နဖူးမှ ချွေးသီးချွေးပေါက်များ စီးကျနေခဲ့သည်။ ယီယွမ်က ဒုက္ခရှာနေခြင်းပင်ဖြစ်၏။

ရှေးဟောင်းကြွယ်ဝခြင်းမြို့၌ ကျွင်းထျန်းယုက အချက်နှစ်ချက်ဖြင့် ထင်ရှားကျော်ကြားပေသည်။ ပထမတစ်ခုမှာ လူသတ်ရာတွင် မျက်တောင်တစ်ချက်မခတ်ခြင်း
ဖြစ်၏။ ဒုတိယအချက်မှာ သူ၏ ချစ်ခြင်းမေတ္တာဖြစ်ပေသည်။

ယီယွမ်၏ စောစောလေးက စကားများမှာ ကျွင်းထျန်းယုက အချစ်များသည်ဟူ၍ ဆိုလိုလိုက်ခြင်းဖြစ်၏။

ဒါက သေချင်နေတာမဟုတ်ဘူးလား…..

"လူငယ်လေး… မင်းက ဒီနေရာကို ရည်ရွယ်ချက်ရှိရှိနဲ့ လာရောက်ပြီးတော့ ဒီမြင့်မြတ်သူကို နောက်ပြောင်နေတာလား… အဲဒီလိုဆိုရင်တော့ မင်းရဲ့ရည်ရွယ်ချက် အောင်မြင်သွားပြီ….." ကျွင်းထျန်းယုက ရေခဲတမျှအေးစက်စွာဖြင့် ပြောဆိုလိုက်သည်။

ကျွင်းထျန်းယုက ရှေးဟောင်းကြွယ်ဝခြင်းမြို့၏ ထင်ရှားကျော်ကြားသော ကောင်းကင်ဘုံသိမြင်ခြင်းနယ်ပယ် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်၏။ သူ၏ရှေ့မှ လူနှစ်ယောက်ကို သတ်ဖြတ်ခြင်းက လက်တစ်ဖက်ဝှေ့ယမ်းရုံဖြင့် ပြီးဆုံးသွားနိူင်ပေသည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now