Book (51) Ch - 1 or Ch - 667

143 17 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန် - ဖြိုးသူဝင်း

Book(51)

Chapter-1

(လုံထန့်၏ မျှော်လင့်မထားသော ဖိတ်ခေါ်မှု)

"ယီယွမ်... မင်းကတကယ်ပဲ နဂါးသခင်မဟုတ်ဘူးလား....."

နားနေဆောင်လို့ရောက်လာပြီးနောက် ရှောင်ကျန့်မေးလိုက်သော မေးခွန်းက ယီယွမ်၏ အဆင့်အတန်းပြဿနာကို မေးမြန်းလိုက်ခြင်းဖြစ်သည်။

ယီယွမ်က ကူရာကယ်ရာမဲ့စွာဖြင့် ပြောဆိုလိုက်၏။ "ကျုပ်က နဂါးသခင်မဟုတ်ဘူးလို့ အစောကြီးကတည်းက ပြောခဲ့ပါတယ်....."

"ဒါပေမဲ့... မင်းမှာ ပြောင်းပြန်အကြေးခွံ ရှိနေတယ်လေ... နဂါးသခင်ကလွဲပြီးတော့ အခြားသူတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ ပြောင်းပြန်အကြေးခွံက ဘယ်လိုလုပ်ပြီး ပေါ်လာနိုင်မှာလဲ....." ရှောင်ကျန့်က ဦးနှောက်ပျက်လုမတတ် စဥ်းစားသော်လည်း အဖြေမရခဲ့ပေ။

နတ်ဘုရားပိတ်ပင်ခြင်းဒီမွန်းနယ်မြေတွင် ပြောင်းပြန်အကြေးခွံက စစ်မှန်သောနဂါးမျိုးနွယ်များ၏ ခန္ဓာကိုယ်အပေါ်တွင်သာ ပေါ်လာတတ်ပေသည်။

တကယ်လို့ ယီယွမ်က နဂါးသခင်မဟုတ်ရင် သူက ဘယ်သူလဲ.....

ယီယွမ်က ပခုံးတွန့်၍ ပြောလိုက်၏။ "ပြောင်းပြန်အကြေးခွံတစ်ခု ရှိနေတိုင်း နဂါးသခင်လို့ ဘယ်သူပြောတာလဲ... ဘာပဲဖြစ်ဖြစ်... ကျုပ်က တကယ်ပဲ
နဂါးသခင်မဟုတ်ဘူး....."

". . . . . . ." ရှောင်ကျန့်က ဆွံ့အသွားခဲ့ပြီး အချိန်အတော်ကြာမှသာ ပြောခဲ့ပေသည်။ "ကောင်းပြီလေ... ဒီကိစ္စကို စိတ်ထဲမထားတော့ဘူး... ငါတို့ယူလာတဲ့သတင်းကို အရှင်ဟူရုံက လုံးဝယုံကြည်မှာမဟုတ်ဘူး... ဟူး... အဲဒါကိုပြောရတာလဲ တော်တော်ထိတ်လန့်စရာကောင်းတယ်... တကယ်လို့သာ အရှင်ဟူယန်ရှိနေရင် ငါတို့လို ဝက်ဝံမျိုးနွယ်လေးက ဒီကိစ္စကို စိုးရိမ်ပေးနေစရာမလိုဘူး... ငါတို့က အခုဘာလုပ်သင့်တယ်လို့ မင်းထင်လဲ....."

ယီယွမ်က ပြုံး၍ပြောလိုက်၏။ "စကားတစ်လုံးတည်းရှိတယ်... စောင့်....."

"စောင့်ရမှာလား....." ရှောင်ကျန့်က ပဟေဠိဖြစ်စွာဖြင့် ပြောခဲ့သည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now