871 - 872

115 14 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book ( 65 )

Chapter-7

(မြေကမ္ဘာ လူသတ်သမားစာရင်း ထူးချွန်သူ)

ယီယွမ်၏စကား ဆုံးသွားသည်နှင့် လူတစ်ယောက်က အားလုံး၏ မြင်ကွင်းထဲသို့ ရောက်ရှိလာခဲ့သည်။

ယန်ကျွင်းက ခါးသီးသောအပြုံးတစ်ခုဖြင့် ပြောဆိုလိုက်၏။ "ဆရာယီ… ကျုပ်တို့က နောက်ထပ် စကားမပြောဘဲနေလို့ရမလား… တကယ်လို့ ဆရာယီက ဆက်ပြောနေဦးမယ်ဆိုရင် အစွမ်းထက်ပုဂ္ဂိုလ်အချို့ ထွက်လာပါလိမ့်မယ်….." 

လွေယုရှန်းကလည်း နားချလိုက်သည်။ "ဆရာယီ… ခဏလောက် စကားမပြောဘဲနေလို့ ရနိုင်မလား… ဆရာယီပြောလိုက်တဲ့ အရာတိုင်းက တကယ်ဖြစ်လာတယ်… ဒီလိုဆက်ဖြစ်နေမယ်ဆိုရင် ကျုပ်တို့က ကျုပ်တို့သွားရောက်ဖို့ တာဝန်ယူထားတဲ့နေရာကို တစ်သက်လုံး ရောက်နိုင်မှာ မဟုတ်တော့ဘူး….."

ယီယွမ်က အံ့အားသင့်သွားခဲ့၏။ အချိန်အတန်ကြာမှ သတိပြန်ဝင်လာခဲ့ပြီး ရှက်ရွံ့စွာပင် ပြောဆိုလိုက်သည်။ "ဟဲ… ဟဲဟဲ… ကျုပ်စကားထပ်မပြောတော့ဘူး….."

ရန်သူပေါ်လာချိန်မှစ၍ ယီယွမ်ပြောသည့် အရာအားလုံးက အမှန်တကယ် ဖြစ်ပျက်လာခဲ့၏။ ထို့ကြောင့် သူက အကြားအမြင်ရထားသူနှင့်  တူလာခဲ့ပြီး သူပြောလိုက်သည့် အရာရာတိုင်းက အမှန်တကယ် ဖြစ်လာခဲ့သည်။

ယန်ကျွင်းနှင့် လွေယုရှန်းတို့က ထိုကိစ္စကို ကောင်းစွာသတိထားမိခဲ့ပြီး ကူရာကယ်ရာမဲ့စွာဖြင့် ယီယွမ်ဆီသို့ လာရောက်၍ စောဒကတက်ခဲ့ကြ၏။

ယီယွမ်ကြောင့်သာ မဟုတ်ခဲ့လျှင် သူတို့က စောဒကတက်နိူင်မည့် အချိန်အထိ အသက်ရှင်နိုင်မည် မဟုတ်ကြောင်းကို သူတို့က လုံးဝမသိခဲ့ကြပေ။

ရုတ်တရက်ထွက်ပေါ်လာခဲ့သော ဤလူထံတွင် ကောက်ကျစ်ပြီး ရက်စက်ဟန်ပေါ်နေသည့် အကြည့်တစ်ခု ရှိပေသည်။ သူ၏မျက်နှာပေါ်တွင် ဓားဒဏ်ရာတစ်ခုပင် ရှိနေခဲ့သေး၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူက လူကောင်းတစ်ယောက် မဟုတ်သည်မှာ သိသာလှပေသည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now