Ch 713

122 11 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(54)

Chapter-5

(မက်မွန်သီးတစ်လုံးအတွက် မက်မွန်သီးတစ်လုံး ပြန်ပေးခြင်း)

ဗဟိုမြို့တော်ရှိ တော်ဝင်မိသားစုနန်းတော်တွင် အနက်ရောင်အရိပ်တစ်ခုက အမှောင်ဟင်းလင်းပြင်ထဲ၌ ရပ်နေခဲ့သည်။

သူ့ကို ထူထဲသော သွေးချီများက ဝန်းရံထားခဲ့ကြပြီး လူအများကို အလွန့်အလွန် ကိုးရိုးကားရားနိုင်သော ခံစားချက်တစ်ခု ပေးအပ်နေခဲ့၏။

ကျောက်ချန်ကန်း၏ ခန္ဓာကိုယ်မှ သွေးစွမ်းအင်များက ထူထဲသည့်တိုင် ဤလူနှင့်ယှဥ်ကြည့်လိုက်လျှင် အလွန်ဖျော့တော့ပေသည်။

ပုလင်းသေးလေးများထဲမှ သွေးချီများက တစ်ပုလင်းပြီးတစ်ပုလင်း ထွက်ပေါ်လာခဲ့ပြီး ထိုအနက်ရောင်အရိပ်၏ လက်ထဲသို့ ဝင်ရောက်သွားခဲ့ကြ၏။

အနီးကပ်ကြည့်လိုက်သည်နှင့် ထိုအနက်ရောင်အရိပ်၏ လက်ထဲ၌ ကြည်လင်သောပုတီးစေ့လေးတစ်ခုကို ကိုင်ဆောင်ထားသည်အား မြင်တွေ့နိုင်ပေသည်။ ထိုပုတီးစေ့က သွေးစွမ်းအင် ပမာဏအများကြီး အတူတကွ ပေါင်းစပ်လာမှုကြောင့် တဖြည်းဖြည်းနှင့် အနီရင့်ရင့်အရောင်ကို ပြောင်းလဲလာခဲ့၏။

အချိန်တစ်ခုကြာပြီးနောက် ထိုပုတီးစေ့က သွေးပုတီးစေ့တစ်ခု ဖြစ်လာခဲ့ပေသည်။

ထိုပုလင်းသေးလေးများထဲမှ သွေးစွမ်းအင်များက လုံးဝကုန်စင်အောင် စုပ်ယူခံလိုက်ရပြီဖြစ်၏။

ဤပုလင်းသေးလေးများမှာ သွေးနီအလင်းတန်းမြို့၏ အပြင်ဘက်၌ ယီယွမ်တွေ့ခဲ့ရသော ပုလင်းအမျိုးအစားပင် ဖြစ်သည်။

အနက်ရောင်အရိပ်၏ အနီးတွင် ထိုပုလင်းသေး အရေအတွက် တစ်သောင်းတိတိ ရှိနေခဲ့၏။ ထိုပုလင်းများထဲရှိ သွေးစွမ်းအင်က မည်မျှအထိ များပြားသည်ကို တွေ့မြင်နိုင်ပေသည်။

"ဟီးဟီး… သွေးဝိညာဥ်ပုတီးစေ့ကို နောက်ဆုံးမှာတော့ အောင်အောင်မြင်မြင် သန့်စင်နိုင်ခဲ့ပြီ… ဒီသွေးဝိညာဥ်ပုတီးစေ့ တစ်ခုကို သန့်စင်နိုင်ဖို့အတွက် တော်တော်လေး ဒုက္ခများတာပဲ….." အနက်ရောင်အရိပ်က သူ၏လက်ထဲမှ သွေးရောင်ပုတီးစေ့ကို ကြည့်၍ ထူးထူးဆန်းဆန်း ရယ်မောလိုက်၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now