Ch 913 - 914

109 15 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူ‌ဝင်း

Book 68

Chapter-7

(အခြားသူများကို မျက်စိစုံမှိတ်၍ လိုက်လံတုပပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသည်အထိ မိုက်မဲခြင်း)

"ဟဲဟဲ… မင်းက ဘယ်လိုလုပ်လိုက်တာလဲ ယီယွမ်… အဲဒါက တကယ်ကို ဆန်းကြယ်လွန်းတယ်… ဝူဟဲဆိုတဲ့ခွေးကောင်က ငါတို့ကို အမြဲတမ်း အနိုင်ကျင့်နေတယ်… ဒီတစ်ကြိမ်မှာတော့ မင်းက ငါတို့ကိုကူညီပြီး  လက်တုံ့ပြန်ပေးလိုက်ပြီပဲ….."

ထိုစကားကိုပြောလိုက်သူက အန်းရန်ဟုခေါ်သည့် စစ်ယင်း၏ လက်အောက်မှ သတ်ဖြတ်ခြင်းဗိုလ်ချုပ်ပင် ဖြစ်သည်။ သူ၏အသက်အရွယ်က ငယ်ရွယ်ခြင်း မရှိတော့သော်လည်း သူ၏ခွန်အားကမူ မြင့်မားနေခဲ့ပေ၏။

သို့ရာတွင် သူ၏ခွန်အားက ဝူဟဲကို ယှဥ်ပြိုင်နိုင်ခြင်းမရှိသဖြင့် သူက ဝူဟဲ၏ အနိုင်ကျင့်ခြင်းကို အမြဲတမ်း ခံယူနေခဲ့ရသည်။

ယနေ့ ယီယွမ်က ဝူဟဲကို လက်ဝါးတစ်ချက်ဖြင့် အသေရိုက်သတ်လိုက်ပြီး သူရဲကောင်းတစ်ဦးသဖွယ် ဖြစ်သွားခဲ့၍ သူ၏စိတ်ထဲမှ ဝူဟဲအပေါ် မကျေနပ်ချက်များက နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

ဤသို့ဖြင့် သူက ယီယွမ်ကို အလွန်လေးစားသွားခဲ့သည်။

စစ်ယင်း၏လူများက ပုံမှန်အားဖြင့် အလွန်အားနည်းပေ၏။ သူတို့က အနိုင်ကျင့််ခံရမှုများကို အမြဲလိုလို ကြုံတွေ့နေခဲ့၍ မကျေမနပ် ဖြစ်နေခဲ့သည့်တိုင် မည်သည့်စကားကိုမှ မပြောရဲခဲ့ကြပေ။

အန်းရန်က ဤသို့သော ခံစားချက်မျိုးကို မည်သည့်အချိန်ကမှ ခံစားခဲ့ရခြင်းမရှိပေ။ ယနေ့ သူက ခေါင်းမော့ရင်ကော့၍ ဂုဏ်ယူဝံ့ကြွားစွာ ရပ်နိုင်ပြီဖြစ်သည်။

အစွမ်းထက်သော ကျုံးဝူပင်းကိုယ်တိုင်ပင် ယီယွမ်၏ မောက်မာမှုရှေ့မှောက်တွင် အလျှော့ပေးနောက်ဆုတ်ခဲ့ရ၏။

ယီယွမ်က ပြုံး၍ ပြောဆိုခဲ့သည်။ "ခင်ဗျားသိထားဖို့လိုတဲ့ အချက်တစ်ချက်ရှိတယ်…  ဒီနဂါးဧကရာဇ်နယ်မြေထဲမှာ ကျုပ်က ခွန်အားအကြီးဆုံးပဲ….."

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now