873 - 874

116 13 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book ( 65 )

Chapter-9

(ရုတ်တရက် ပြန်လှည့်ခြင်း)

"ဆရာယီ… ထပ်ပြီး နိမိတ်မဖတ်ပါတော့နဲ့….." ယန်ကျွင်းက ဤဖြစ်ရပ်ပြီးနောက် အလွန်တုန်လှုပ်နေခဲ့ပြီဖြစ်သည်။

ယခု ယီယွမ် စကားပြောလိုက်ချိန်တွင် လူတိုင်းက အကြီးအကျယ်  ထိတ်လန့်သွားခဲ့ကြ၏။ သူပြောသည့်အရာတိုင်းက အမှန်တကယ် ဖြစ်လာတတ်ပေသည်။ အကယ်၍ ယီယွမ်၏ ငှက်ဆိုးပါးစပ်ဖြင့် ဆက်လက်ပြောဆိုနေမည်ဆိုလျှင် နတ်တန်ခိုးရှင်အဆင့် ပုဂ္ဂိုလ်တစ်ယောက်ပင် ရောက်ရှိကောင်း ရောက်ရှိလာနိုင်၏။

ယီယွမ်က ထပ်မပြောတော့ကြောင်း အချက်ပြလိုက်သည်။ ထိုအချိန်မှသာ ယန်ကျွင်းက စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းတစ်ချက်ချ၍ သူ၏လက်ကို လွှတ်ပေးခဲ့၏။

ယီယွမ်က အပြစ်ကင်းသောမျက်နှာဖြင့် ပြောဆိုခဲ့သည်။ "ကျုပ်က ခင်ဗျားတို့ကို စေတနာနဲ့ သတိပေးနေတာပဲလေ… ဒီလိုလုပ်ဖို့ လိုအပ်လို့လား….."

"လိုအပ်တယ်….." ယန်ကျွင်းနှင့် လွေယုရှန်းတို့က ပြိုင်တူပြောလိုက်၏။

တန်စစ်ကို အဝေးသို့ မောင်းထုတ်လိုက်ပြီးနောက် သူတို့က ခရီးဆက်နိုင်သွားပြီဖြစ်သည်။

ဤနယ်မြေမှ အင်အားစုအားလုံးကို တန်စစ်က သုတ်သင်ခဲ့ပြီးဖြစ်၏။ လမ်းတစ်လျှောက်လုံးတွင် အများကြီး အေးချမ်းသွားခဲ့သည်။ ပြဿနာလာရှာသူ တစ်ယောက်မှ မရှိတော့ပေ။

ယီယွမ်၏ နောက်ဆုံးပြောဆိုခဲ့သည့် စကားကို တစ်ဝက်တစ်ပျက်၌ တားဆီးနိုင်ခဲ့၍ တန်စစ်က ပြဿနာလာရှာခြင်း မရှိခဲ့ပေ။

သို့သော် လမ်းတစ်လျှောက်လုံးတွင် တန်စစ်၏ ချောင်းမြောင်းတိုက်ခိုက်မှုကို ပြန်လည်တုံ့ပြန်နိုင်ရန် လွေယုရှန်းက သတိအပြည့်ရှိနေခဲ့၏။

ယီယွမ်၏ စကားများက ဆုံးအောင်ထွက်မလာခဲ့သည့်တိုင် သူက အာရုံစိုက်ထားခဲ့သည်။

တန်စစ်ကဲ့သို့သော လူမျိုးနှင့် ရင်ဆိုင်ရာတွင် သူက အနည်းငယ်မျှပင် သတိမလစ်ဟင်းရဲခဲ့ပေ။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now