869 - 870

104 12 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book ( 65 )

Chapter-5

(ငှက်ဆိုးပါးစပ်)

"ဒီခရီးက အန္တရာယ်ကြီးမားတယ်ဆိုတာ ယန်ကတော်က သိနေတယ်ဆိုရင် ဘာလို့များ ပိုင်ရှင်ယန်နဲ့အတူ လိုက်လာခဲ့တာလဲ….." ယီယွမ်က သိချင်စွာပင် မေးမြန်းလိုက်သည်။

သူတို့ကဲ့သို့ ခရီးသွားကုန်သည်အဖွဲ့များက ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင်  အသက်ကို ဖက်နှင့်ထုပ်ထားရသည့်တိုင်  ပုံမှန်အခြေအနေများတွင် အခြားသူများ တွေးထားသလောက် အန္တရာယ်ကြီးမားခြင်းမရှိပေ။

အလိုက်သင့် ပြုမူလှုပ်ရှားမည်ဆိုလျှင် သူတို့က အသက်ရှင်နိုင်ပေ၏။ သူတို့က ထိုလူများကို ဆိုးဆိုးရွားရွား ဆန့်ကျင်ခြင်းမရှိခဲ့လျှင် သူတို့က အသတ်ခံရနိုင်ခြင်း မရှိပေ။

အထူးသဖြင့် ယန်ကျွင်းကဲ့သို့ လူစားမျိုးက ဤလုပ်ငန်းတွင် အလွန်ကျွမ်းကျင်သောသူ ဖြစ်သည်။ သူ၏ အဆက်အသွယ်များနှင့် အရင်းအနှီးများက နည်းနည်းနောနော မဟုတ်ပေ။ ထိုသို့မဟုတ်ခဲ့လျှင် သူက ပင်လယ်စိမ်း ကြေးစားအုပ်စုကို ငှားရမ်းရန် အလွန်ခက်ခဲနိုင်ပေ၏။

အကယ်၍ ဤခရီးက အမှန်တကယ် အန္တရာယ်ကြီးမားမည်ဆိုလျှင် ယန်ကျွင်းက ဤအန္တရာယ်ကြီးမားသော အခြေအနေသို့ ဝင်ရောက်လာရန် မလိုအပ်ပေ။

ပစ္စည်းတန်ဖိုးနှင့် အမြတ်အစွန်းက  မည်မျှအထိ မြင့်မားနေစေကာမူ လူတစ်ယောက်၏ အသက်ထက် တန်ဖိုးကြီးမားခြင်းမရှိပေ။

ထိုစကားကိုကြားသော် လင်ရှောင်း၏ မျက်နှာအမူအရာက မှုန်မှိုင်းသွားခဲ့ပြီး ပြောဆိုလိုက်သည်။ "ကျွန်မတို့က ဒီခရီးကို လာခဲ့တယ်ဆိုမှတော့ ဒီခရီးကို ရောက်လာခဲ့ရတဲ့ အကြောင်းအရင်းတစ်ခု ရှိပါတယ်… ထပ်ပြီးမမေးပါနဲ့ ဆရာယီ….."

ယီယွမ်က ပြောခဲ့၏။ "အဲဒီလိုဆိုရင် ဒီယီမျိုးရိုးက မသင့်တော်တာကို မေးမိသွားခဲ့တာပဲ….."

ယန်ကျွင်းက ဤပစ္စည်းများကို ပို့ဆောင်ပေးရာတွင် သူ၏မိသားစုတစ်ခုလုံးကို ခေါ်ယူလာခဲ့၍ ဤခရီးက သူတို့၏အသက်ထက် ပိုမိုအရေးပါနေမည်မှာ သေချာလှပေသည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now