Ch 699

109 13 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(53)

Chapter-5

(အားလုံးကိုတူညီစွာ ထိုးနှက်ခြင်း)

ယီယွမ်၏ခန္ဓာကိုယ်က မူလနေရာမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ သူပြန်ပေါ်လာချိန်၌ ရန်ရှင်းချွန်းတို့အားလုံး၏ ရှေ့မှောက်တွင် ရောက်ရှိနေခဲ့ပြီဖြစ်၏။

ရှန့်ကွမ်ဝမ်လွေ့က အကြီးအကျယ်မျှော်လင့်ထားခဲ့သော မြို့အကာအကွယ် မဟာဝင်္ကပါက အနည်းငယ်မျှပင် သက်ရောက်မှုမရှိခဲ့ပေ။

ကောင်းကင်ကိုဖုံးလွှမ်းသည်အထိ များပြားသော ပွင့်ဖတ်များ တဖွဲဖွဲကျဆင်းလာခဲ့သည်။ အကျဥ်းသားများကို စောင့်ကြပ်နေသော ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် ပုဂ္ဂိုလ်များက ယီယွမ်၏ သုတ်သင်ခြင်းကို ဤသို့ခံလိုက်ရပေ၏။

ထို့နောက် ယီယွမ်၏စိတ်က လှုပ်ခါသွားခဲ့ပြီး အဆုံးမဲ့ကမ္ဘာကြီးမှ လူအားလုံးကို ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရား အတွင်းသို့ ထည့်သွင်းလိုက်သည်။

ဤအရာများအားလုံးကို မျက်တောင်တစ်ခါခတ်ချိန်ပင် မရှိသောအချိန်လေးအတွင်း၌ ပြုလုပ်ခဲ့ခြင်းဖြစ်၏။ ရှန့်ကွမ်ဝမ်လွေ့က ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်၍ အချိန်မီ မတားဆီးနိုင်ခဲ့ပေ။

ဝူဖန့်မြို့၏ မြို့အကာအကွယ် မဟာဝင်္ကပါကို ဖျက်ဆီးနိူင်ရန်အတွက် သူတို့က အချိန်အကြာကြီး ကုန်ဆုံးခဲ့ရသည်။ ထို့ပြင် သူတို့က မဟာဝင်္ကပါကို ချိုးဖျက်ခြင်းမပြုမီ လျှို့ဝှက်စွာဖြင့် အကန့်အသတ်မဲ့နယ်ပယ် တစ်ပိုင်းအဆင့် မဟာပုဂ္ဂိုလ်ဆယ်ယောက်က အတူရောက်ရှိလာပြီး ပူးပေါင်းဖျက်ဆီးခဲ့ရခြင်းဖြစ်၏။

ဤကိစ္စပြီးနောက် သူတို့က အဆင့်(5) ဝင်္ကပါပညာရှင် ဆယ်ယောက်ကျော်ကို စုစည်း၍ ဤမဟာဝင်္ကပါကို ပြန်လည်ပြင်ဆင်ခဲ့ပေသည်။

မဟာဝင်္ကပါက သူ၏အထွတ်အထိပ်အခြေအနေကို ပြန်မရောက်သည့်တိုင် မူလစွမ်းအား၏ ၈၀ရာခိုင်နှုန်း ရှိနေခဲ့၏။

သို့သော် မဟာဝင်္ကပါက ယီယွမ်ကို အချိန်အနည်းငယ်ပင် မတားဆီးနိုင်ခဲ့ပေ။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now