Ch 966 - 968

119 11 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(71)

Chapter-13

(တိုက်ပွဲစိတ်ဝိညာဥ် နိုးထလာခြင်း)

"ယီယွမ်… ပေါက်ကရတွေ မပြောစမ်းနဲ့… မင်းရဲ့ တိုက်ခိုက်မှုစွမ်းရည်က ထိတ်လန့်ဖို့ကောင်းတယ်ဆိုတာ ငါသိတယ်… ဒါပေမဲ့ အဆင့်(2) တာအိုသိမ်မွေ့နက်နဲခြင်းနယ်ပယ်က မင်းတို့တွေ ယှဥ်ပြိုင်နိုင်တဲ့အရာ မဟုတ်ဘူး….." ယွဲ့ကျန့်ဖုန့်က စိုးရိမ်စွာပင် ပြောဆိုလိုက်သည်။

လရောင်တိုက်ပွဲကြီးတွင် ယီယွမ်က လင်းချောင်ကို အနိုင်ယူခဲ့သော်လည်း လင်းချောင်က တာအိုသိမ်မွေ့နက်နဲခြင်းနယ်ပယ်သို့ တက်ရောက်လာကာစ အခြေအနေတွင်သာ ရှိနေပေသေး၏။

ယီယွမ်၏ခွန်အားဖြင့်ဆိုလျှင် အဆင့်(1)  တာအိုသိမ်မွေ့နက်နဲခြင်းနယ်ပယ် သိုင်းပညာရှင် တစ်ယောက်နှစ်ယောက်ကို အနိုင်ယူနိုင်ပေလိမ့်မည်။ သို့ရာတွင် အဆင့်(2) တာအိုသိမ်မွေ့နက်နဲခြင်းနယ်ပယ် သိုင်းပညာရှင်များ ပါဝင်နေသော လူခြောက်ယောက်ကို ရင်ဆိုင်ရန်မှာမူ မေးခွန်းထုတ်ရန်ပင် မလိုအပ်ပေ။

ယီယွမ်က သူ၏လက်ကိုခါယမ်း၍ ပြောဆိုခဲ့သည်။ "ခင်ဗျားက ကိုယ့်ဘာသာ တိုက်စရာရှိတာကို တိုက်ခိုက်ပါ… ကျုပ်တို့ကို ဘာလို့ ဒီလောက်စိုးရိမ်နေရတာလဲ….."

ယွဲ့ကျန့်ဖုန့်က ချောင်းတဟွတ်ဟွတ်ဆိုးသွားခဲ့၏။ ဤငချွတ်ကလေးက လူအများ စိတ်ပူစေရန် အမှန်တကယ် လုပ်ဆောင်နေခဲ့သည်။

သူက အံကိုတင်းတင်းကြိတ်ပြီး ရုတ်တရက်ပင် လှုပ်ရှား၍ အဆင့်(2) တာအိုသိမ်မွေ့နက်နဲခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ထံသို့ တိုးဝင်သွားခဲ့၏။

သို့သော် ဝမ်ယောင်းက အစောကြီးကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့၍ အေးစက်စက်ရယ်မောပြီး ပြောဆိုလိုက်သည်။ "မင်းရဲ့ပြိုင်ဖက်က ငါပဲလေ….."

သူ၏ခန္ဓာကိုယ်ကလည်း လှုပ်ရှားသွားခဲ့ပြီး ချက်ချင်းပင် ယွဲ့ကျန့်ဖုန့်ကို တားဆီးခဲ့ပေ၏။

သူတို့နှစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်များက အတူတူပင် ဖြစ်သည်။ သူတို့၏ ခွန်အားကွာခြားမှုက ကြီးမားခြင်းမရှိပေ။ အကယ်၍ ယွဲ့ကျန့်ဖုန့်က အမြင်အာရုံ စွမ်းအားများကို ထည့်သွင်းအသုံးပြုခဲ့လျှင်ပင် ဝမ်ယောင်းကို အချိန်တိုအတွင်း အနိုင်ယူရန် အလွန်ခက်ခဲပေ၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now