Ch - 672

133 15 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(51)

Chapter-6

(အဇူရာစိတ်ဝိညာဥ်အပင်ကို ကျုပ်ပိုင်သွားပြီ)

အလင်းဖြူပြောသလိုဆိုလျှင်  အမှောင်တောအုပ်က စွမ်းအင်စုပ်ယူခြင်းမြူခိုးထုထက် ပို၍ပင် ကြမ်းတမ်းခက်ထန်ပေသည်။

သူ၏လက်ရှိခွန်အားဖြင့်ဆိုလျှင် သူတို့က အထဲသို့ ဝင်ရောက်နိုင်မည်မဟုတ်ပေ။

နဂါးသခင်ဆိုသောငနဲက ကိစ္စအချို့ကို သိနေပုံရ၏။ သို့သော် သူက သေဆုံးရလျှင်ပင် ပြောပြမည်မဟုတ်ပေ။

အကယ်၍ နဂါးသခင်ကသာ သတင်းအချက်အလက်များ ထုတ်ဖော်ပြောပြမည်ဆိုလျှင် နတ်ဘုရားပိတ်ပင်ခြင်းဒီမွန်းနယ်မြေက ထိုနေရာထဲရှိ အခြေအနေအချို့ကို သိရှိကြမည်မှာ သေချာလှပေသည်။

သို့ရာတွင် အမှောင်တောအုပ်က နတ်ဘုရားပိတ်ပင်ခြင်းဒီမွန်းနယ်မြေအတွက် နားလည်ရန်ခက်ခဲနေသည်နှင့် တူညီနေခဲ့၏။

"ဒီလိုဆိုရင်တော့ အမှောင်တောအုပ်ကို ဝင်ဖို့မကြိုးစားတာ ပိုကောင်းလိမ့်မယ်… ငါတို့ရဲ့ခွန်အားက လုံလောက်သွားတဲ့နေ့ကျရင် အဲဒီအချိန်မှ ဝင်ရောက်တာကလည်း နောက်မကျသေးဘူး မဟုတ်လား….." ယီယွမ်က ပြောလိုက်သည်။

အမှောင်တောအုပ်က လျှို့ဝှက်ချက်ပေါင်းများစွာ ရှိနေမည်မှာ သေချာလှပေ၏။ သို့သော် ယီယွမ်၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် သူက ဝင်ရောက်နိုင်စွမ်းမရှိသေးပေ။ 

ယီယွမ်က သိချင်နေခဲ့သည်။ သို့သော် ဤသိချင်စိတ်များကို သူ၏စွမ်းအားက လုံလောက်ပြီး ဆန္ဒပြည့်ဝချိန်အထိ စိတ်ထဲ၌ သိမ်းဆည်းထားရပေမည်။

"အစ်ကိုကြီး… ကျားကလန်ကိုလာတာက  အဇူရာစိတ်ဝိညာဥ်အပင်အတွက်နဲ့ လာခဲ့တာမဟုတ်လား….."

အလင်းဖြူက ယီယွမ်နှင့် တစ်လျှောက်လုံး အတူနေခဲ့၍ ယီယွမ်၏ကိစ္စများကို အလွန်သိချင်နေခဲ့၏။

ယီယွမ်က ခေါင်းညိတ်၍ ပြောလိုက်သည်။ "ဟုတ်တယ်… ငါက အရင်ကတော့ ဟူယန်ဆီကို လာခဲ့တာပဲ… ကြည့်ရတာ သူ့ရဲ့အ​ခြေအနေက မကောင်းတာနဲ့တူတယ်….."

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now