Ch 927 - 930

122 13 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 69

Chapter-7

(မျှော်လင့်မထားသော ဖြစ်ရပ်များ ဆက်တိုက်ဖြစ်ပေါ်လာခြင်း)

မိစ္ဆာမျိုးနွယ်၏ သိမ်းပိုက်မှုပုံစံက အလွန်ရက်စက်လှသည်။ မျက်စိတစ်မှိတ်အချိန်အတွင်း လူပေါင်းများစွာက ခေါင်းမှခြေဖျားအထိ မိစ္ဆာချီများ လွှမ်းခြုံသွားခဲ့၏။ သူတို့က ခန္ဓာကိုယ်သိမ်းပိုက်ခြင်း ခံလိုက်ရကြောင်း သိသာထင်ရှားလှသည်။

သတ်ဖြတ်ခြင်းဗိုလ်ချုပ် အများစုက နှောင်းပိုင်းအဆင့် ပြောင်းလဲတိုးတက်မှုကင်းမဲ့ခြင်းနယ်ပယ် သိုင်းပညာရှင်များ ဖြစ်ကြ၏။ မိစ္ဆာအင်ပါယာများက သူတို့၏ခန္ဓာကိုယ်ကို သိမ်းပိုက်သွားပြီးနောက် သူတို့အားလုံး၏ အော်ရာအငွေ့အသက်က မိုးထိအောင်မြင့်မားသွားခဲ့ပြီး တာအိုသိမ်မွေ့နက်နဲခြင်းနယ်ပယ်သို့ ချက်ချင်းတက်ရောက်သွားခဲ့သည်။

"ဟီးဟီး… ငါတို့ရဲ့ ခန္ဓာကိုယ်တွေ ပျက်စီးသွားတဲ့အထိ  ဖိအားပေးခံခဲ့ရတယ်… ငါက ခန္ဓာကိုယ်ရဲ့ အရသာကို မခံစားရတာ နှစ်တွေဘယ်လောက်အထိ ကြာမြင့်သွားခဲ့ပြီလဲ….." မိစ္ဆာအင်ပါယာတစ်ယောက်က ရယ်မော၍ ပြောလိုက်၏။

မိစ္ဆာအင်ပါယာများက ခန္ဓာကိုယ်အသစ်များ ရရှိသွားချိန်တွင် သူတို့၏အော်ရာများက ကြီးမြတ်သူများထက် အမှန်တကယ် သာလွန်သွားခဲ့ပေသည်။

"မင်းတို့လူသားတွေက တော်တော်လေး အားနည်းတယ်… မင်းတို့အားလုံး ငါတို့ရဲ့ မိစ္ဆာကျေးကျွန်တွေအဖြစ် လိမ်လိမ်မာမာနဲ့ လက်ခံလိုက်တော့….."

ခန္ဓာကိုယ်သိမ်းပိုက်မှု အောင်မြင်သွားခဲ့သည့် မိစ္ဆာအင်ပါယာများက ရှေ့သို့တက်လာခဲ့ပြီး ကြီးမြတ်သူများနှင့် တိုက်ခိုက်လာခဲ့၏။ ကြီးမြတ်သူများအပေါ် ကျရောက်နေသော ဖိအားက ချက်ချင်းပင် မြင့်တက်သွားခဲ့သည်။

ဤကြီးမြတ်သူများက တုံးအသူများ မဟုတ်ပေ။ ဤမိစ္ဆာအင်ပါယာများက ယီယွမ်ကို အလွန်ကြောက်ရွံ့ကြောင်း သူတို့က မြန်ဆန်စွာပင် တွေ့ရှိသွားခဲ့၏။ သူတို့အားလုံးက တိုက်ခိုက်နေရင်း တဖြည်းဖြည်း ဆုတ်ခွာလာခဲ့ကာ မိစ္ဆာအင်ပါယာများကို ယီယွမ်ရှိရာသို့ မျှားခေါ်လာခဲ့သည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now