Ch 963 - 965

118 13 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(71)

Chapter-10

(ပျက်စီးခြင်းစမ်းချောင်း)

အခြေအနေကို အလျင်မြန်ဆုံး အခွင့်အရေးယူနိုင်သူများက ထိုအချိန်တွင် ဝင်ပေါက်၏ရှေ့သို့ ရောက်ရှိနေခဲ့ကြပြီဖြစ်သည်။

ယွဲ့ကျန့်ချိုး၏ မျက်နှာက အလွန်လေးနက်သွားခဲ့ပြီး အေးစက်စွာပင် ပြောဆိုလိုက်၏။ "ဝင်ပေါက်ကို သွားပြီးစောင့်ကြပ်ကြ… အထဲကို ဝင်လာရဲတဲ့ ဘယ်သူမဆို သနားညှာတာခြင်းမရှိဘဲ သတ်ပစ်လိုက်ကြ….."

ထိုအမိန့်အောက်တွင် ယွဲ့မိသားစုက ပုဂ္ဂိုလ်တစ်ယောက်ဦးဆောင်သော အဖွဲ့တစ်ဖွဲ့ကို ထိုဝင်ပေါက်ရှိရာသို့ ချက်ချင်းပင် စေလွှတ်ခဲ့သည်။

သို့ရာတွင် ဤအခိုက်အတန့်၌ ဝင်ပေါက်ရှိရာနေရာသို့  သိုင်းပညာရှင်ပေါင်းများစွာ ဝင်ရောက်လာခဲ့ကြပြီဖြစ်၏။ ထိုအရာကို တားဆီးရပ်တန့်ရန် နောက်ကျလွန်းသွားခဲ့ပြီဖြစ်သည်။

"ဒီနေရာနဲ့ မသက်ဆိုင်တဲ့ လူတွေအားလုံး… မြန်မြန်ပြန်ထွက်သွားကြပါ… ကျယ်ပြန့်သောနေမင်း တောက်ပသောလမင်း နယ်မြေကို အခွင့်မရှိဘဲ ဝင်ရောက်ဖို့ ကြိုးစားသူတိုင်း သနားညှာတာခြင်းမရှိ သုတ်သင်ခံရမယ်….." ယွဲ့မိသားစုမှ ပုဂ္ဂိုလ်က သတိပေးပြောဆိုလိုက်၏။

သို့သော် လက်ရှိအချိန်တွင် အခြေအနေအရပ်ရပ်က ထိန်းချုပ်မှုလွတ်နေခဲ့ပြီဖြစ်သည်။ သိုင်းပညာရှင်များက ထိုသို့သော အခွင့်အရေးတစ်ခုကို မည်သည့်အတွက် လက်လွတ်ခံနိုင်ကြမည်နည်း။

သိုင်းပညာရှင်များက ဝင်ပေါက်ရှိရာနေရာသို့ ဆက်လက်ဝင်ရောက်လာဆဲဖြစ်ပြီး တဖြည်းဖြည်းနှင့် ပိုမိုများပြားလာခဲ့၏။

"သတ်စမ်း….."

သတိပေးချက် မထိရောက်သည်ကိုမြင်သော် ယွဲ့မိသားစုမှ ပုဂ္ဂိုလ်က စတင်လှုပ်ရှားလာခဲ့ရာ သွေးချောင်းစီးလာခဲ့ပြီဖြစ်သည်။

သို့သော် သိုင်းပညာရှင်များအကြား၌ တာအိုသိမ်မွေ့နက်နဲခြင်းနယ်ပယ် ပုဂ္ဂိုလ်အနည်းငယ် ပါဝင်နေပေသေး၏။ ထို့ပြင် သိုင်းပညာရှင် အရေအတွက်ကလည်း အလွန်များပြားနေခဲ့၏။ ယွဲ့မိသားစုမှပုဂ္ဂိုလ်က လူအားလုံးကို မသတ်နိုင်ခဲ့ပေ။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now