Ch 1062 - 1064

129 9 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 78

Chapter-4

(ရွှေရောင် နတ်ဘုရားစိတ်ဝိညာဥ်)

အောင်းချမ်က နှစ်ပေါင်းနှစ်သောင်းကြာ ဖမ်းဆီးခံထားခဲ့ရသည်။ သူ၏ သိုင်းပညာတာအို အခြေခံအုတ်မြစ်က ပျက်စီးလုနီးပါး အနေအထားသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

သူက ဒီဗိုင်းဘုရင်အဆင့်ကို ထိန်းသိမ်းထားနိုင်ခြင်းကပင် အံ့မခန်းဖြစ်ရပ်တစ်ခု ဖြစ်နေခဲ့ပြီဖြစ်သည်။

သူ၏ အထွတ်အထိပ်အဆင့် ခွန်အားကို ပြန်လည်ရရှိရန် မည်သို့လွယ်ကူမည်နည်း။

ယီယွမ်က အောင်းချမ်၏ စိတ်ထဲမှ အလျှော့မပေးလိုမှုကို တွေ့မြင်နေခဲ့ရ၍ အသာအယာပြုံးလိုက်ပြီး ပြောဆိုခဲ့သည်။ "ဆန်းကြယ်အဆင့် ဆေးလုံးတွေက လူတိုင်းဖော်စပ်နိုင်တဲ့အရာ မဟုတ်ဘူး… ကျုပ်ရဲ့လက်ရှိခွန်အားနဲ့ဆိုရင် နှစ်ပေါင်းတစ်သိန်း သက်တမ်းရှိတဲ့ ဝိညာဥ်ဆေးပင်တွေကို ဆေးဖော်စပ်တာက အကန့်အသတ်ပဲ… ကျုပ်က အလယ်အလတ်အဆင့် မှော်ဆေးပညာရှင်အင်ပါယာ အဆင့်ကို ရောက်ရှိသွားပြီဆိုရင်တော့ နှစ်ပေါင်းငါးသိန်း သက်တမ်းရှိတဲ့ ဝိညာဥ်ဆေးပင်တွေကို ဆေးဖော်စပ်နိုင်ပြီ….."

ထိုစကားကိုကြားသော် အောင်းချမ်က အလွန်အံ့ဩဝမ်းသာသွားခဲ့ပြီး ပြောဆိုလိုက်သည်။ "ဒါဆို… ဒါဆို ဒီအဖိုးကြီးက အရှင့်ကို ကျေးဇူးအများကြီးတင်ပါတယ်….."

ယီယွမ်က သူ၏လက်ကိုခါယမ်း၍ ပြောဆိုလိုက်သည်။ "ကျေးဇူးတင်မစောနဲ့ဦး… ခင်ဗျားရဲ့ အထွတ်အထိပ်အဆင့် ခွန်အားကို ပြန်ရချင်တယ်ဆိုရင် နှစ်ပေါင်းငါးသိန်း သက်တမ်းရှိတဲ့ ပွင့်လန်းမျက်နှာနှလုံးသားသစ်သီး၊ နှစ်ပေါင်းငါးသိန်း သက်တမ်းရှိတဲ့ ဟင်းလင်းပြင်ငရဲ ကောင်းကင်သစ်ခွပန်း၊ ထာဝရသွေးဂျင်ဆင်းတို့ လိုအပ်တယ်… နှစ်ပေါင်းငါးသိန်း သက်တမ်းရှိတဲ့ ဝိညာဥ်ဆေးပင်တွေကို ရရှိဖို့ ဘယ်လောက်အထိ ခက်ခဲလဲဆိုတာ ခင်ဗျားသိပါတယ်….."

ထိုစကားများကို ကြားသော် အောင်းချမ်၏ မျက်နှာအမူအရာက ပျက်ယွင်းသွားခဲ့သည်။ 

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now