Ch 833 - 836

128 12 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(62)

Chapter-11

(မင်းပြန်ရောက်လာခဲ့ပြီ)

"အသိုက်ဖျက်ဆီးခံရတဲ့အခါ မကွဲတဲ့ဥ ဘယ်လိုလုပ်ပြီးရှိမှာလဲ… အတိတ်တုန်းက နတ်တန်ခိုးရှင်အဆင့် ပုဂ္ဂိုလ်တွေက ဘယ်လောက်အထိ အစွမ်းထက်ခဲ့တာလဲ… သူတို့တွေကလည်း တစ်ညတည်းနဲ့ ပျောက်ကွယ်သွားခဲ့ရတာပဲ မဟုတ်ဘူးလား… မင်းနဲ့ငါက ဒီခေတ်ရဲ့ ကပ်ဆိုးကြီးကနေ ဘယ်လိုလုပ်ပြီး လွတ်မြောက်နိုင်မှာလဲ….." ကျုံးကျိကျန်းက ပြောလိုက်သည်။

"ပြောရမယ်ဆိုရင် အတိတ်တုန်းက  ဆေးဘုရင်ခန်းမရဲ့ ပိုင်ရှင်တွေ ရုတ်တရက်​ကြီး
ပြောင်းလဲသွားခဲ့တဲ့ အ​ဖြစ်အပျက်ကလည်း အံ့အားသင့်စရာပဲ… အခုအချိန်အထိ အကြောင်းပြချက်ကို မခန့်မှန်းနိုင်ကြသေးဘူး… ကြည့်ရတာ နတ်ဘုရားနယ်မြေမှာ မင်းနဲ့ငါ မထိန်းချုပ်နိုင်တဲ့ ကိစ္စတွေ အများကြီးရှိနေတာနဲ့ တူတယ်….." အဖိုးကြီးက သက်ပြင်းချ၍ ပြောဆိုခဲ့၏။

ကျုံးကျိကျန်း၏ မျက်နှာအမူအရာက အနည်းငယ်​
ပြောင်းလဲသွားသော်လည်း သူ၏ခေါင်းကို ညိတ်လိုက်ပေသည်။

ထိုအချိန်တွင် သူတို့နှစ်ယောက်၏ ရှေ့မှောက်ရှိ နယ်မြေတွင် လှိုင်းတွန့်လာခဲ့၏။ အဝါဖျော့ဖျော့ စက္ကူကြိုးကြာငှက် တစ်ကောင်က ဟင်းလင်းပြင်ကို ထိုးဖောက်ထွက်ပေါ်လာခဲ့ပြီး ကျုံးကျိကျန်း၏ရှေ့သို့ ရောက်လာခဲ့ပေသည်။

စက္ကူကြိုးကြာငှက်က တောင်ပံများကို တဖျတ်ဖျတ်ခတ်နေခဲ့ပြီး ကျုံးကျိကျန်းကို တစ်စုံတစ်ရာ ပြောဆိုနေသည်နှင့် တူညီနေခဲ့၏။

"ကြည့်ရတာ မင်းက ဧည့်သည်ရှိနေတာနဲ့တူတယ်… ဒီအဖိုးကြီးက အခုပြန်လိုက်တော့မယ်….." အဖိုးကြီးက ပြောဆိုခဲ့သည်။

ကျုံးကျိကျန်းက သူ၏လက်ကိုဝှေ့ယမ်း၍ ပြောလိုက်ပေ၏။ "ခဏလောက်
လက်ဖက်ရည်သောက်နေလိုက်…ငါချက်ချင်းပြန်ခဲ့မယ်… ရက်ပေါင်းများစွာကြာတဲ့အထိ  ဆက်တိုက်ရှုံးနေခဲ့လို့ ငါက အနည်းဆုံးတော့ တစ်ပွဲအနိုင်ရအောင် လုပ်ရဦးမယ်….." 

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now