Ch - 666

135 15 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(50)

Chapter-14

(ကျားကလန်၏ စစ်ဆေးမှု)

"ဒါဆိုရင် အဲဒါကထူးဆန်းတယ်… နဂါးသခင်က ငါတို့ကျားကလန်မှာ ဧည့်သည်တော်အဖြစ် ရောက်ရှိနေပြီ… ဘာလို့ နောက်ထပ်နဂါးသခင်တစ်ယောက် ထပ်ပေါ်လာရတာလဲ… လာကြစမ်း… ဒီလူနှစ်ယောက်က မကောင်းတဲ့အကြံ ကြံစည်နေတယ်… သူတို့ကိုဖမ်းဆီးပြီး ပြစ်ဒဏ်ပေးဖို့ပြင်ဆင်ကြ….." ကျားကလန်အဖွဲ့သားက အေးစက်သောအပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

သူ၏အမြင်တွင် ရှောင်ကျန့်က နဂါးသခင်တစ်ယောက် ထပ်မံခေါ်ဆောင်လာသည်မှာ မရိုးသားသော အကြံဖြင့်ရောက်လာခြင်းသာ ဖြစ်မည်ဟူ၍ ထင်မြင်ခဲ့၏။

ထိုအချိန်၌ ယီယွမ်က ပခုံးတွန့်၍ ပြောလိုက်သည်။ "ခင်ဗျားမြင်တယ်နော်… ကျုပ်က နဂါးသခင်မဟုတ်ဘူးလို့ ပြောခဲ့တယ်မဟုတ်လား… ဒါပေမဲ့ ခင်ဗျားက မယုံကြည်ဘူးလေ… အခု… ကျုပ်တို့က ကျုပ်တို့အရှက်ကို ကိုယ်တိုင်ခွဲမိသွားခဲ့ပြီ….."

ယီယွမ်က ထိုစကားများကိုပြောလိုက်သော် ထိုကျားကလန်အဖွဲ့သားက လွတ်မြောက်ရန် လမ်းရှာနေသည်ဟု ထင်မြင်သွားခဲ့၏။

ဟန်ဆောင်တဲ့အကြံ မအောင်မြင်လို့ ဒီလိုနည်းလမ်းမျိုးသုံးပြီး ထွက်ပြေးချင်တာလား… ဘာလို့​အဲဒီလောက်လွယ်ကူမှာလဲ…..

"ဟက်… မင်းရဲ့စကားတွေကို ပြန်ပြင်ဖို့ အခုကြိုးစားနေတာလား… နောက်ကျသွားပြီကွ….." ကျားကလန်အဖွဲ့သား၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ကာ ယီယွမ်ကို ဖမ်းဆီးရန် သူ၏လက်ကိုဆန့်ထုတ်လိုက်သည်။

ယီယွမ်က မျက်မှောင်ကုတ်သွားခဲ့၏။ သူ၏ခန္ဓာကိုယ်မှ နဂါးမျိုးနွယ်ဖိအားက ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

ဘုန်းးး…..

ယီယွမ်၏လက်ဝါးက ထိုကျားကလန်အဖွဲ့သားကို အဝေးသို့ လွင့်စင်သွားစေခဲ့သည်။

ဤကျားက အဆင့်(5)
အစောပိုင်းအဆင့်ဖြစ်၍ ယီယွမ်ကို ဖမ်းဆီးခြင်းက လွယ်ကူမည်ဟူ၍ မူလက ထင်မှတ်ထားခဲ့ပေ၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now