Ch - 674

127 18 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(51)

Chapter-8

(စာရင်းတစ်ခု)

"အဟမ်း... အဟမ်း... ဆရာယီရှိပါသလား....."

ယီယွမ်နှင့် အလင်းဖြူက စကားပြောနေချိန်တွင် ဟူရုံ၏ ရှက်ရွံ့နေသောအသံက တံခါးအပြင်မှ ထွက်လာခဲ့သည်။

အလင်းဖြူက ယီယွမ်ကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်၏။ ကံမကောင်းစွာဖြင့် ယီယွမ်၏ ကြိုတင်ခန့်မှန်းခြင်းက နောက်ထပ်တစ်ကြိမ် အမှန်တကယ်ဖြစ်လာခဲ့သည်မှာ အလွန်ထင်ရှားလှပေသည်။

"ဝင်လာခဲ့ပါ....." ယီယွမ်က အံ့အားသင့်ခြင်းမရှိဘဲ တည်တည်ငြိမ်ငြိမ်ပင် ပြောဆိုလိုက်၏။

ဟူရုံက အထဲသို့ဝင်လာပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်နေခဲ့ကာ သူ၏အကြည့်က ဟိုဟိုသည်သည် ရောက်ရှိနေခဲ့ပြီး ယီယွမ်ကို မကြည့်ရဲခဲ့ပေ။ သူ၏မျက်နှာက ရှက်ရွံ့နေဟန်ဖြင့် အလွန်နီရဲနေခဲ့သည်။

အဆင့်(6)နှောင်းပိုင်းအဆင့် ပုဂ္ဂိုလ်ကြီးတစ်ယောက်က မိန်းကလေးတစ်ဦးသဖွယ် ရှက်ရွံ့နေသည်ကို မြင်လိုက်ရသော လူတိုင်းက ပါးစပ်အဟောင်းသား ဖြစ်သွားပေလိမ့်မည်။

အခန်းထဲသို့ဝင်လာပြီးနောက် ဟူရုံက စကားမပြောခဲ့သေးပေ။ ယီယွမ်ကလည်း ပထမဦးဆုံးစတင်ပြောဆိုခြင်းမပြုပေ။ အချိန်တစ်ခုအထိ အခြေအနေက ကိုးရိုးကားရား ဖြစ်နေခဲ့၏။

နောက်ဆုံးတွင် ကိုးရိုးကားရား အ​ခြေအနေကို ဟူရုံက လက်မခံနိုင်တော့၍ တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။ "ကျုပ်သိချင်တာက... ဆရာယီမှာ အဇူရာစိတ်ဝိညာဥ်အပင်ကို ဖမ်းဆီးနိုင်တဲ့ နည်းလမ်းတွေရှိနေတာလား....."

ဤစကားက ယခင်တစ်ကြိမ် သူ၏အမှားကို ဝန်ခံလိုက်ခြင်းနှင့် တူညီပေ၏။

အဆင့်(6) ပုဂ္ဂိုလ်ကြီးတစ်ယောက်က အဆင့်(4) သိုင်းပညာရှင်တစ်ယောက်ကို အလျှော့ပေးခဲ့သည်။ ဤအရာက ပုံမှန်အခြေအနေတွင် ဖြစ်လာနိုင်သော မြင်ကွင်းတစ်ခုမဟုတ်ပေ။

သိသာစွာပင် ဟူရုံက အဇူရာစိတ်ဝိညာဥ်အပင်နှင့် ပတ်သက်၍ လုံးဝကူရာကယ်ရာမဲ့နေပြီဖြစ်၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now