Ch - 678

128 15 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(51)

Chapter-12

(အဖြစ်အပျက်၏ နောက်ကွယ်)

"အလင်းဖြူ... မြန်မြန်နောက်ဆုတ်....."

တွေးတောနေရန်အချိန်မရှိတော့၍ ယီယွမ်၏ခန္ဓာကိုယ်က နောက်သို့ အစွမ်းကုန်ဆုတ်ခွာသွားခဲ့သည်။

အလင်းဖြူ၏ တုံ့ပြန်မှုက နှေးကွေးခြင်းမရှိဘဲ ယီယွမ်နောက်သို့လိုက်၍ ဆုတ်ခွာသွားခဲ့ပေ၏။

ထိုလူ၏ရည်ရွယ်ချက်က အဇူရာစိတ်ဝိညာဥ်အပင်ဖြစ်ကြောင်း အလွန်သိသာနေခဲ့သည်။

ထိုပုဂ္ဂိုလ်၏ခွန်အားက အလွန်သန်မာလှပေ၏။ ဟူရုံနှင့် အခြားသူများက သူနှင့် ထိပ်တိုက်မတွေ့ဆုံရဲခဲ့၍ တစ်ယောက်ပြီးတစ်ယောက် ရှောင်တိမ်းလိုက်ကြသည်။

အဇူရာစိတ်ဝိညာဥ်အပင်၏ ရှေ့မှောက်တွင် လူတစ်ယောက်က တဖြည်းဖြည်း ထွက်ပေါ်လာခဲ့၏။ ဟူရုံနှင့်အခြားသူများက ရောက်ရှိလာသူကိုမြင်သော် သူတို့၏မျက်နှာများက ပြောင်းလဲသွားခဲ့ပေသည်။

"ဟားဟားဟား... မင်းတို့တွေ ပင်ပန်းသွားခဲ့ပြီ... ဒီလက်ဆောင်က မဆိုးပါဘူး... ငါအဲဒါကို လက်ခံပေးပါ့မယ်....." ထိုလူက ကျယ်လောင်စွာရယ်မော၍ ပြောဆိုလိုက်၏။

"ဖမ်းရှင်း... မင်းက တော်တော်ယုတ်မာတာပဲ....." ဟူရုံက ဒေါသတကြီး အော်ဟစ်ခဲ့သည်။

ရောက်ရှိလာသူမှာ တောင်တစ်ထောင်မဟာငှက်ကလန်၏ ကလန်ခေါင်းဆောင် ဖမ်းရှင်းမှလွဲ၍ အခြားသူ မဖြစ်နိုင်ပေ။

ဤငနဲက အနီးအနား၌ တစ်ချိန်လုံး ပုန်းအောင်းနေခဲ့၏။ ယီယွမ်တို့အားလုံး အောင်မြင်သွားသည်အထိ စောင့်ဆိုင်းနေခဲ့ပြီးမှ သူက အဇူရာစိတ်ဝိညာဥ်အပင်ကို ဖမ်းဆီးရန် အခွင့်အရေးယူခဲ့ခြင်းဖြစ်သည်။

ဖမ်းရှင်းက စိတ်လှုပ်ရှားသော အမူအရာဖြင့် ပြောဆိုလိုက်၏။ "ယုတ်မာတယ်ဟုတ်လား... ကောင်းကင်အောက်က စိတ်ဝိညာဥ်ပစ္စည်းတွေကို ကံတရား ဆက်နွယ်မှုရှိမှ ရရှိနိုင်တယ်... မင်းတို့တွေက ကံတရားဆက်နွယ်မှု မရှိဘူးဆိုတာ အသိသာကြီးပဲလေ....."

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now