Ch - 671

142 17 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(51)

Chapter-5

(အမှောင်တောအုပ်)

အလင်းဖြူ၏စကားများက ဟူရုံကို အရှက်ရသွားသော အမူအရာတစ်ခု ဖြစ်သွားစေခဲ့သည်။

"ဒါက… ကျားသခင်… အခုအချိန်မှာ ကျားကလန်က အံ့မခန်း ခက်ခဲနေတဲ့အချိန်နဲ့ ကြုံတွေ့နေရပါပြီ….."

အလင်းဖြူက သူ၏လက်ကိုခါယမ်း၍ ပြောလိုက်၏။ "ကောင်းပြီ… ကောင်းပြီ… ထပ်မပြောတော့နဲ့… အတိတ်ကကိစ္စတွေကို ငါဂရုမစိုက်ဘူး… ဒါပေမဲ့ အခုအချိန်ကစပြီး မင်းတို့သိထားရမှာက ဘယ်သူ့ကိုမဆို ရန်စစော်ကားလို့ရပေမဲ့ ငါ့အစ်ကိုကြီးကို ရန်မစမိဖို့ ဂရုစိုက်ရမယ်….."

အလင်းဖြူက အနည်းငယ်ရပ်တန့်ပြီးမှ ပြောဆိုခဲ့သည်။ "ဘာလို့လဲဆိုတော့…  မင်းတို့က သူ့ကို ရန်စဖို့အစွမ်းမရှိလို့ပဲ….."

အလင်းဖြူ၏စကားများက လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့၏။

သို့သော် ဤအချိန်တွင် မည်သူကမှ ထိုစကားကို သံသယမရှိကြတော့ပေ။

ယီယွမ်၏ဇစ်မြစ်က လျှို့ဝှက်ဆန်းကြယ်နေပြီး ဖမ်းယွင်ကို ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိစေသည်မှာ မဖြစ်နိုင်ဟုထင်ရပြီး ငှက်ကလန်တစ်ခုလုံးကို စောင့်ကြည့်ရန်ပြင်ဆင်ထားခဲ့သည်။

ယခု ဖမ်းဟိုင်က ယီယွမ်၏ရှေ့၌ မြေးတစ်ယောက်သဖွယ် တောင်းဆိုခယနေရပြီဖြစ်၏။

ယီယွမ်၏ရှေ့၌ နဂါးသခင်က မောက်မာဝံ့ကြွားစွာဖြင့် ရန်စခဲ့သည်။ အဆုံးသတ်တွင် သူက ဝက်ခေါင်းသဖွယ်ဖြစ်သွားသည်အထိ ရိုက်နှက်ခံခဲ့ရ၏။

ကျားကလန်က ယီယွမ်အတွက် ကိစ္စများကို  ခက်ခဲစေရန်ပြုလုပ်လိုခဲ့သည်။ သူနှင့် ကျားသခင်က ရင်းနှီးသောမိတ်ဆွေများ ဖြစ်နေကြမည်ဟု မည်သူက ထင်ထားခဲ့မည်နည်း။

ယခုကြည့်လိုက်သောအခါ အကယ်၍ သူတို့ကသာ ကျားသခင်ကို ယီယွမ်နှင့် ကျားသခင်အကြား၌ ရွေးချယ်စေမည်ဆိုလျှင် သူက ယီယွမ်ကို တုံ့ဆိုင်းခြင်းမရှိဘဲ ရွေးချယ်မည်မှာ သေချာပေ၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now