Ch - 673

128 17 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(51)

Chapter-7

(ရှုံးနိမ့်၍ ပြန်လာရခြင်း)

ရှေ့တွင် အစိမ်းရောင်တောအုပ်တစ်ခု ရှိနေပေသည်။ ထိုနေရာမှထွက်လာသော သစ်သားဓာတ်စွမ်းအင်က လူအများကို စိတ်ခံစားမှု လတ်ဆတ်သွားစေခဲ့၏။

ဟူရုံက လက်ရှိအချိန်၌ ကလန်အဖွဲ့သားများ၏ စိတ်အားတက်ကြွမှုကို ကြည့်နေခဲ့ပြီး သူ၏အကြည့်၌ မျှော်လင့်ချက်များ ပြည့်နေခဲ့သည်။

ယီယွမ်က သစ်သားစိတ်ဝိညာဥ်နဂါး ချုပ်နှောင်အစီအရင်မှာ အဇူရာစိတ်ဝိညာဥ်အပင်ကို ရင်ဆိုင်နိုင်စွမ်းမရှိကြောင်း ပြောခဲ့ပေ၏။ သို့သော် ဟူရုံက ထိုအချက်ကို မယုံကြည်ပေ။

၁၀နှစ်ကြာ ကြိုးစားအားထုတ်မှုက ဘယ်လိုလုပ်ပြီးတော့ အလွယ်တကူ ကျရှုံးသွားနိုင်မှာလဲ.....

ယနေ့ သူက မိစ္ဆာနက်ကျားကလန်၏ အဆင့်(6)ပုဂ္ဂိုလ်ကြီး ၁၀ယောက်ကို ခေါ်ဆောင်လာခဲ့သည်။ ကလန်တွင် စီမံခန့်ခွဲမှုများ ပြုလုပ်နေရသော လူအနည်းငယ်မှလွဲ၍ အင်အားကုန် ရောက်ရှိလာသည်ဟူ၍ ပြောနိုင်ပေ၏။

"အရှင်ဟူရုံ... အစီအရင်ကို ပြင်ဆင်တာ ပြီးဆုံးသွားပါပြီ....."

ကလန်အဖွဲ့သားတစ်ယောက်က ဟူရုံ၏ရှေ့သို့ရောက်လာပြီး စိတ်ဓာတ်တက်ကြွနေသော မျက်နှာဖြင့် ပြောလိုက်သည်။

ဤမဟာအစီအရင်ကို ၁၀နှစ်ကြာ ပြင်ဆင်ခင်းကျင်းခဲ့ရ၏။ ယနေ့ ထိုအရာက နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ သူတို့က မည်သည့်အတွက် စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။

ဒီမွန်းမျိုးနွယ်က ဝင်္ကပါလမ်းစဥ်တွင် ကျွမ်းကျင်ခြင်းမရှိပေ။ ထို့ပြင် အစီအရင်ကို ခင်းကျင်းရာ၌ အဇူရာစိတ်ဝိညာဥ်အပင်၏ မျက်ကွယ်ရာတွင် ခင်းကျင်းရပေ၏။ မဟာအစီအရင်ကို ခင်းကျင်းရသော ဖြစ်စဥ်က အလွန်နှေးကွေးသွားခဲ့သည်။

ဟူရုံက ထိုစကားကိုကြားသော် စိတ်ထဲ၌ အနည်းငယ်တုန်ယင်သွားပေ၏။ သို့သော် သူက ထိုအရာကို ထိန်းချုပ်လိုက်သည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now