693

110 12 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(52)

Chapter-13

(စစ်မှန်သောခွန်အား)

သို့ရာတွင် ဤအရာက ယီယွမ်မျှော်လင့်ထားသည့် အခြေအနေအတွင်း၌ ရှိနေပေသေးသည်။

အတိတ်တွင် ယီယွမ်က သွေးနီအလင်းတန်းမြို့၌ ထိုမျှသက်ရောက်မှုကောင်းသော ရလဒ်ကို ရရှိခဲ့သည်မှာ အားလုံးက မျှော်လင့်ချက်မဲ့နေသော အခြေအနေတွင် ရှိနေခဲ့ကြ၍သာဖြစ်၏။

ယခု ယီယွမ်က အလွန်ကြီးမားသော နယ်မြေကြီးတစ်ခုကို လုံခြုံစွာသိမ်းယူထားခဲ့၍ ဤနေရာတွင် ခိုလှုံသည့်သဘောဖြင့် ရောက်ရှိလာကြသော လူများက အရေအတွက်တစ်ခုအထိ ရှိနေခဲ့ကြသည်။

ဤသို့သော အခြေအနေအောက်တွင် ထိုသို့သော ထိရောက်မှုမျိုးက မည်သည့်အတွက် ရှိနိုင်တော့မည်နည်း။

ယီယွမ်က ထိုစကားကိုကြားသော် ခေါင်းညိတ်၍ ပြောလိုက်၏။ "အားစိုက်ထုတ်ထားခိုင်း... ထိုင်နေပြီးတော့ သေခြင်းတရားကို စောင့်ဆိုင်းနေတဲ့သူတွေအတွက် သူတို့စိတ်ကြိုက် နေခိုင်းလိုက်... စစ်သားတွေက အရည်အချင်းအပေါ် မူတည်နေတာပဲ... အရေအတွက်အပေါ်မှာ မဟုတ်ဘူး....."

"ဟုတ်ကဲ့... အရှင်....."

. . . . . .

ရက်ပေါင်းများစွာကြာပြီးနောက် ကမ္ဘာနှစ်ခု၏ စစ်တပ်ကြီးများက အသစ်ပြန်လည်တည်ထောင်ထားခဲ့သော ငြိမ်သက်တိမ်တိုက်အဖွဲ့ နယ်မြေ၏ အပြင်ဘက် နယ်နိမိတ်တွင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ မျက်နှာချင်းဆိုင် ရှိနေခဲ့သည်။

ပြင်းထန်သောမုန်တိုင်းကမ္ဘာကြီးဘက်မှ စစ်သည်များက အလွန်များပြားပေ၏။ မျက်စိဖြင့်မြင်နေရသမျှက ပြင်းထန်သောမုန်တိုင်းကမ္ဘာကြီးမှ သိုင်းပညာရှင်များဖြစ်ကြသည်။

နှိုင်းယှဥ်ကြည့်လျှင် ငြိမ်သက်တိမ်တိုက်အဖွဲ့ဘက်၌ လူပေါင်းသောင်းဂဏန်း အနည်းငယ်မျှသာ ရှိနေခဲ့ရာ ပင်လယ်ကြီးထဲတွင် ရောက်ရှိနေသော လှေငယ်လေးတစ်စင်းကဲ့သို့ အလွန်အားနည်းနေခဲ့၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Donde viven las historias. Descúbrelo ahora