891 - 892

120 15 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book ( 66 )

Chapter-13

(အားလုံးနှင့် အတူတူ ထိုးနှက်ခြင်း)

"အဲဒါတကယ်လား….."

စစ်ယင်းရှင်းပြလိုက်သည်ကို ကြားသော် ယီယွမ်၏ မျက်လုံးများက တောက်ပသွားခဲ့သည်။

စစ်ယင်းက ပြုံး၍ပြောဆိုခဲ့၏။ "ကျွန်မက ဆရာ့ကို လိမ်ပါ့မလား… ဒီပစ္စည်းပြတ်နေတဲ့ ဆေးလုံးအမျိုးအစားတွေက တတိယအဆင့်ရဲ့ ထိပ်ပိုင်းမှာရှိတဲ့ အဲဒီဂျီးနီးယပ်တွေကြားမှာ တော်တော်လေးကို ရေပန်းစားနေတယ်… ကျွန်မတို့က အမှတ်ပေါင်း၅၀နဲ့ ဆရာ့ဆီက ဝယ်ယူလိုက်ပြီးရင် အဲဒီထက်ပိုမြင့်တဲ့ တန်ဖိုးတစ်ခုနဲ့ ရောင်းချနိုင်တယ်လေ….."

ယီယွမ်က ထိုစကားကိုကြားသော် ပြုံးလိုက်ပြီး ပြောဆိုခဲ့ပေသည်။ "ဟဲဟဲ… ခင်ဗျားတို့အားလုံးက ကုန်သည်တွေရဲ့ အမူအကျင့်တွေ ရှိနေကြတာပဲ… ကောင်းပြီ… ဒါဆိုရင်တော့ ကျုပ်တို့က အပြင်ထွက်ပြီး စကားပြောကြရအောင်….."

စကားအဆုံးတွင် ယီယွမ်က နောက်သို့ပြန်လှည့်၍ အတွင်းစံအိမ်ထဲမှ ထွက်လာခဲ့ပေ၏။ စစ်ယင်းက ထူးဆန်းသလို ခံစားခဲ့ရသော်လည်း နောက်မှလိုက်ပါလာခဲ့သည်။

ယီယွမ်က အမှတ်နယ်မြေသို့ သွားရောက်ခဲ့ပြီး အကြွင်းမဲ့သတ်ဖြတ်ခြင်း တံဆိပ်ပြားနှင့် ကောင်းကင်ဘုံပင်လယ် ဝိညာဥ်ကန့်သတ်ခြင်းဆေးလုံးကို ထုတ်ယူလိုက်ပြီး စစ်ယင်းထံသို့ပေး၍ ပြောဆိုခဲ့ပေ၏။ "ကျုပ်ကို ကူညီပြီးတော့ ကောင်းကင်ဘုံပင်လယ် ဝိညာဥ်ကန့်သတ်ခြင်းဆေးလုံးကို အမှတ်တွေနဲ့ လဲလှယ်ပေးပါ… အကြွင်းမဲ့သတ်ဖြတ်ခြင်း တံဆိပ်ပြားထဲက အမှတ်၄၀နဲ့ ပေါင်းလိုက်ရင် စုစုပေါင်း အမှတ်၉၀ကို အဆင့်(7) ဝိညာဥ်ဆေးပင်တွေနဲ့ လဲလှယ်ပေးပါ….."

ယီယွမ်၏ အမူအရာက ငွေကြေးအမြောက်အမြားကို အလွယ်တကူ သုံးဖြုန်းနေခဲ့သည့် ချမ်းသာကြွယ်ဝသူတစ်ဦးနှင့် တူညီနေခဲ့ပြီး ကြည့်ရသည်မှာ အလွန်သဘောကောင်းသော လူတစ်ယောက်နှင့် တူညီနေခဲ့သည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now