Ch 1032 - 1034

121 9 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 76

Chapter-4

(အဆီအနှစ်၊ စွမ်းအင်၊ စိတ်ဝိညာဥ်)

"မိစ္ဆာမျိုးနွယ် ဟုတ်လား….."

ထိုစကားလုံး ရုတ်တရက် ထွက်ပေါ်လာမှုကြောင့် အောင်းရုံက အံ့ဩသွားဟန်ဖြင့် မျက်မှောင်ကုတ်သွားခဲ့သည်။

အောင်းရုံတစ်ဦးတည်းသာ မဟုတ်ဘဲ သွေးနတ်ဘုရားခန်းမနှင့် မိစ္ဆာမျိုးနွယ်တို့ ဆက်စပ်မှုရှိနေသည်ဟူသော အကြောင်းအရာကို အောင်းချမ်ကလည်း ပထမဆုံးအကြိမ်အဖြစ် ကြားဖူးခဲ့ခြင်းဖြစ်သည်။

"စီနီယာလုံထန့်… ကျွန်တော်ခန့်မှန်းတာ မှန်ရဲ့လားမသိဘူး… တကယ်လို့ ကျွန်တော်ခန့်မှန်းတာ မှန်မယ်ဆိုရင် သွေးနတ်ဘုရားခန်းမရဲ့ အရှင်သခင်က စီနီယာလုံထန့် ပြောပြဖူးတဲ့ ကောင်းကင်ဘုံဖင်းဂေါ့ မဟုတ်လား….." ယီယွမ်က ပြောလိုက်၏။

ယီယွမ်၏ ထက်မြက်မှုကို လုံထန့်က အစောကြီးကတည်းက သိရှိထားခဲ့ပြီးဖြစ်သည်။ သူက ခေါင်းညိတ်၍ ပြောလိုက်သည်။ "ဟုတ်တယ်….."

"ဘာတွေပြောနေကြတာလဲ… မိစ္ဆာမျိုးနွယ်က ဘာလဲ….." အောင်းချမ်က မေးမြန်းလိုစိတ်ကို ထိန်းချုပ်မထားနိုင်တော့ပေ။

ယီယွမ်က ဖုံးကွယ်ထားခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော နှစ်ပေါင်းငါးသောင်းကာလ၌ ကောင်းကင်ဘုံဖင်းဂေါ့က သွေးနတ်ဘုရားခန်းမကို နောက်ကွယ်မှချုပ်ကိုင်ပြီး နတ်ဘုရားနယ်မြေ တစ်ခုလုံးကို သိမ်းပိုက်ရန် စီစဥ်ခဲ့ပုံများကို ပြောပြလိုက်သည်။

ထိုသို့သော လျှို့ဝှက်ချက်တစ်ခုကိုကြားသော် သူတို့အားလုံးက စကားမပြောနိုင်တော့သည်အထိ ထိတ်လန့်တုန်လှုပ်နေခဲ့ကြသည်။

လွန်ခဲ့သော နှစ်ပေါင်းငါးသောင်းကာလမှ ကပ်ဘေးဒုက္ခကို နတ်ဘုရားနယ်မြေရှိ အဓိကပုဂ္ဂိုလ်ကြီးအားလုံးက သိရှိထားခဲ့ကြပြီးဖြစ်သည်။ သို့သော် ထိုအချိန်က မိစ္ဆာမျိုးနွယ်နှင့် ထိုကပ်ဘေး ဆက်စပ်နေကြောင်းကို မည်သူကမှ မသိခဲ့ကြပေ။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now