Ch 722

107 11 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(54)

Chapter-14

(ကျွင်းထျန်းယု)

ကူဟုန်၏စကားများက အနည်းငယ်မျှပင် ယဥ်ကျေးခြင်းမရှိခဲ့ဘဲ ယီယွမ်ကို အနည်းငယ်မျှပင် မျက်နှာသာမပေးခဲ့ပေ။

ထိုသို့သောစကားများကို တစ်ဖက်လူရှေ့တွင် ပြောဆိုခြင်းမှာ တစ်ဖက်လူကို အထင်သေးခြင်းသာမကဘဲ ​လေးစားမှု
အလွန်ကင်းမဲ့ခြင်းလည်း ဖြစ်ပေသည်။

သို့ရာတွင် ကူမိသားစု၏ မန်နေဂျာချုပ် ​ဖြစ်နေခဲ့၍ အခြားသူများကို လေးစားခြင်းမရှိ၍ရသော အင်အားရှိနေခဲ့၏။

ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် ငချွတ်ကလေးတစ်ယောက်ကို သူက အရေးလုပ်​နေစရာပင် မလိုအပ်ပေ။

"ဒါက….." ယွီမင်က နေရာမှာတွင်ရပ်နေပြီး ကိုးရိုးကားရား ဖြစ်နေခဲ့သည်။

"ညီငယ်ယွီ… အစ်ကိုကြီးက မင်းကို မျက်နှာသာမပေးဘူးလို့ အပြစ်မတင်နဲ့… ဒီကောင်လေးက အစွမ်းနိမ့်လွန်းနေတာပါ… မင်းက ဒါကို သေချာမစဥ်းစားခဲ့ဘူးနဲ့ တူတယ်.... ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် ငချွတ်ကလေးက အကြီးဆုံးသခင်မလေးရဲ့ ရောဂါကို ကုသပေးနိုင်လိမ့်မယ်လို့ မင်းထင်လား… ငါနဲ့ပြောဆိုတာက အလွယ်လေး ပြီးဆုံးသွားလိမ့်မယ်… ဒါပေမဲ့ မင်းတို့က မိသားစုခေါင်းဆောင်ကို ဒေါသထွက်သွားစေရင်တော့… အဲဒီအကျိုးဆက်ကို မင်းတို့တွေ သိပါတယ်….." ကူဟုန်က စဥ်းစားခြင်းပင် မပြုခဲ့ဘဲ ဆက်လက်ပြောဆိုခဲ့၏။

ထိုစကားကိုကြားသော် ယွီမင်က အံ့ဩသွားခဲ့သည်။ ထိုအရာက တာဝန်တစ်ခုကို လုပ်ဆောင်ခြင်းသာဖြစ်၏။ ထိုသို့ခါးခါးသီးသီး ဖြစ်နေမည်ဟူ၍ လုံးဝထင်မထားခဲ့ပေ။

သူက ကူဟုန်နှင့်ယီယွမ်ကို အပြန်အလှန် ကြည့်လိုက်ပြီးနေက် ကူဟုန်၏ အပြုအမူကို မည်သို့မှ မခံစားရဟန်ဖြင့် ယီယွမ်က တည်ငြိမ်သော အမူအရာတစ်ခု ရှိနေသည်ကို သတိပြုလိုက်မိသည်။

ယီယွမ်က ဒီတာဝန်ကို အောင်မြင်မယ်လို့ ယုံကြည်နေတာလား…..

ယီယွမ်၏ တက်ရောက်လာကာစ အမူအရာကို ယွီမင်က  ပြန်လည်တွေးလိုက်မိ၏။ ဤအမူအရာအတိုင်းပင် ဖြစ်ပေသည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now