867 - 868

114 13 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book ( 65 )

Chapter-3

(ပင်လယ်စိမ်း ကြေးစားအုပ်စု)

တစ်နေ့လုံး ယီယွမ်က အစီအရင်များကို ကြိုးကြိုးစားစား ပြင်ဆင်ခဲ့သည်။

အဆင့်(9) အစီအရင်များစွာကို ပြင်ဆင်ရခြင်းက သူ့အတွက် စိန်ခေါ်မှု အလွန်ကြီးမားသော အရာတစ်ခုဖြစ်၏။ သူ၏သဘာဝစွမ်းအင်များက အကြိမ်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့ရပြီး ဆေးလုံးပေါင်းများစွာကို စားသုံး၍ ပြန်လည်ဖြည့်တင်းခဲ့ရသည်။

ဤသို့သော အခြေအနေက ဘေးတွင်ကြည့်နေခဲ့သော ဝူကျွင်းရန်ကို မယုံကြည်နိုင်စွာဖြင့် ဆွံ့အသွားစေခဲ့၏။

သို့သော် ယီယွမ်က ကြွားဝါပြောဆိုခဲ့ခြင်း မဟုတ်ပေ။ သူက အချိန်တစ်ရက်ပင် မကုန်စေခဲ့ဘဲ အထူး တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်၏ အဆင့်(9) အစီအရင်များကို အောင်မြင်စွာ ပြန်လည်ပြင်ဆင်နိုင်ခဲ့သည်။

"ပြီးသွားပြီ….."

နောက်ဆုံး အစီအရင်အခြေခံကို ပြန်လည်ပြင်ဆင်ပြီးနောက် ယီယွမ်ကလည်း အလွန်စိတ်လှုပ်ရှားနေခဲ့၏။ နောက်ဆုံးတွင် ဤနေရာမှ ထွက်ခွာနိုင်ခဲ့ပြီဖြစ်သည်။

"ဆရာယီက တကယ်ကို ဂျီးနီးယပ်တစ်ယောက်ပါပဲ… အဆင့်(9) ဝင်္ကပါအင်ပါယာတစ်ယောက်က ဒီနေရာမှာရှိနေလျှင်တောင် ဆရာယီထက် ပိုပြီးကောင်းအောင် စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး….." ဝူကျွင်းရန်က လေးစားစွာဖြင့် ချီးကျူးပြောဆိုလိုက်၏။

ဝူကျွင်းရန်က ယီယွမ်၏ဘေးတွင်
တစ်နေ့လုံး ရှိနေခဲ့ပြီး နောက်လိုက်တစ်ဦးသဖွယ် ပြုမူနေခဲ့သည်။ တစ်ခါတစ်ရံတွင် သူက ယီယွမ်၏ လက်ထောက်တစ်ဦးသဖွယ် လိုအပ်သည်များကို ကူညီနေခဲ့ပေ၏။

အဆင့်(8) ဝင်္ကပါပညာရှင် တစ်ယောက်ဖြစ်၍ ဝူကျွင်းရန်က ဤသို့သော ခံစားချက်မျိုးကို ခံစားခဲ့ရသည်မှာ အချိန်မည်မျှ ကြာမြင့်နေခဲ့ပြီနည်း။

သို့သော် ဤတစ်ရက်အချိန်အတွင်း ဝူကျွင်းရန်က ယီယွမ်၏ဘေးမှနေ၍ အများကြီး သင်ယူနိုင်ခဲ့သည်။ သူနားမလည်သော အရာအချို့ကို သူက ယီယွမ်အား မေးမြန်းခဲ့ပေ၏။ ယီယွမ်ကလည်း ငြင်းဆန်ခြင်းမရှိဘဲ ဝူကျွင်းရန်ကို သိချင်သည့်အရာတိုင်း ရှင်းပြပေးခဲ့သည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now