Ch 915 - 916

110 15 0
                                    

ပြိုင်ဘက်ကင်း‌ဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 68

Chapter-9

(ဖုန်ရှူလိုက်)

သိုင်းပညာရှင်များက အဝါရောင်စမ်းချောင်းများလမ်းသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာခဲ့သည်။ ဝင်္ကပါများ၏အစွမ်းကလည်း ဆက်တိုက်ပင် မြင့်တက်နေခဲ့၏။

လျှပ်စီးနှင့်မီး စသည့် ဓာတ်အသိနှစ်မျိုးမှလွဲ၍ ဓာတ်အသိ အမျိုးအစားပေါင်းများစွာ၏ တိုက်ခိုက်မှုများက ဆင်းသက်လာခဲ့သည်။

အချိန်တစ်ခုကြာသည်အထိ အဝါရောင်စမ်းချောင်းများလမ်း တစ်ခုလုံးက အလွန့်အလွန် ပရမ်းပတာဖြစ်နေခဲ့၏။

ကျုံးဝူပင်း၏ စိတ်ထဲတွင် အဆက်မပြတ် ဆဲရေးနေခဲ့ပြီး သူက ထိုလူများကို သတ်ဖြတ်လိုစိတ်ပင် ပေါ်နေခဲ့ပေသည်။

သို့သော် ဤအချိန်တွင် သူ၏စိတ်က ဆန္ဒရှိသော်လည်း သူ၏ခွန်အားကမူ ထိုသို့စွမ်းဆောင်နိုင်စွမ်း မရှိခဲ့ပေ။

နက်နဲခြင်းတိမ်လှောင်အိမ်က အဆင့်မြင့်အဆင့် တော်ဝင်ရတနာတစ်ခု ဖြစ်သော်လည်း ဤသို့ပြင်းထန်သော  တိုက်ခိုက်မှုများ အောက်တွင် ခက်ခက်ခဲခဲ ရုန်းကန်နေခဲ့ရပြီး ထိုအခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် အလွန်ခက်ခဲပေ၏။

အစပိုင်းတွင် သူက ခွန်အားအချို့ ချန်ထား၍ ရရှိခဲ့သေးသည်။ သို့သော် နောက်ပိုင်းတွင် သူတစ်ယောက်တည်းမဟုတ်ဘဲ ကျန်လူအားလုံးပါ အစွမ်းကုန် ထုတ်သုံးခဲ့ကြသည့်တိုင် တောင့်ခံထားနိုင်ရုံမျှသာ တတ်နိုင်ပေတော့၏။

ယီယွမ်၏ အမြန်နှုန်းက ပို၍ပင် မြန်ဆန်လာခဲ့သည်။ သူ၏ နှလုံးသားအဆင့်က လျှို့ဝှက်ဆန်းကြယ်သော အခြေအနေတစ်ခုသို့ ဝင်ရောက်သွားခဲ့ပြီး သူက  အရာအားလုံးကို ထိန်းချုပ်နိုင်မှုအရာတွင် အလွန်တိုးတက်လာခဲ့ပေ၏။

ဤထူးခြားသော အခြေအနေအောက်တွင် သူ၏ နှလုံးသားအဆင့်က တံခါးဝအဆင့်ကို ကျော်ဖြတ်သွားခဲ့ပြီဖြစ်ကြောင်း ယီယွမ်က သိရှိနေခဲ့သည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Tahanan ng mga kuwento. Tumuklas ngayon