Book (71)Ch 1- 3 (or)Ch 954 - 956

117 14 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(71)

Chapter-1

(နတ်ဘုရားတာအို သိုင်းပညာရပ် တိုက်ပွဲ)


ဘုန်းးး…..

ကျိုးယန်က သတိလက်လွတ် ဖြစ်သွားခဲ့ပြီး လက်သီးတစ်ချက်တည်းဖြင့် လွင့်စင်သွားခဲ့သည်။

လူတိုင်းက ဤမြင်ကွင်းကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်နေခဲ့ကြ၏။

ဒီလင်းချောင်က ဘယ်နေရာကနေ ရောက်လာတာလဲ….. သူက တော်တော်လေး အင်အားကြီးတယ်…..

"သေစမ်း… သေစမ်း… သေစမ်း….."

ကျိုးယန်က အဆုံးအစမဲ့သော နောင်တများနှင့် ဒေါသများ ပြည့်နှက်နေခဲ့သည်။ ဤရှုံးနိမ့်မှုကြောင့် သူက ယွဲ့မုန့်လီကို ရရှိရန် ပြိုင်ဆိုင်နိုင်မည် မဟုတ်တော့ပေ။

မူလတွင် ယီယွမ်ကို အနိုင်ယူပြီး ယွဲ့မုန့်လီကို လက်ထပ်၍ အိမ်ခေါ်သွားမည်ဟု သူက တွေးထားခဲ့၏။ သူက နောက်ဆုံးဗိုလ်လုပွဲသို့ ရောက်ရှိမည်မဟုတ်ဟု ထင်မထားခဲ့ပေ။

"ဟဲဟဲ… ကျယ်ပြန့်သောနေမင်း မီးတောက်နှလုံးသားသူငယ်အိမ်က ဘယ်လောက်အထိ အစွမ်းထက်နေမလဲလို့ ငါစဥ်းစားကြည့်မိတယ်… သခင်လေးကျိုးက တိုက်ကွက်တစ်ကွက်တည်းနဲ့ ရှုံးနိမ့်သွားမယ်လို့ တကယ်ထင်မထားခဲ့ဘူး… ကြည့်ရတာ ဒီခရီးရဲ့ စိတ်ကြည်နူးဖွယ် ကိစ္စတစ်ခုက အလှလေးယွဲ့ကို အိမ်ခေါ်သွားရတော့မှာပဲ….." လင်းချောင်က အလွန်မောက်မာစွာပင် ပြောဆိုလိုက်သည်။

ထိုသို့မောက်မာလွန်းသော လင်းချောင်ကို လူအများအပြားက အမြင်ကပ်နေကြပြီဖြစ်၏။ သို့သော် သူ၏ခွန်အားကြောင့် သူ့ကိုအနိုင်ယူနိုင်သူ အများအပြား မရှိနိုင်တော့ပေ။

အခြားသူများနှင့် နှိုင်းယှဥ်ကြည့်မည်ဆိုလျှင် လင်းချောင်၏ ဇာစ်မြစ်က အလွန်လျှို့ဝှက်ဆန်းကြယ်လှသည်။ နတ်ဘုရားသိုင်းပညာခန်းမ ဟူသောအမည်ကို လုံးဝမကြားဖူးပေ။

အကယ်၍ ယွဲ့မုန့်လီက ထိုသို့သော လူတစ်ယောက်နှင့် လက်ထပ်ရမည်ဆိုလျှင် သူတို့က ထိုကိစ္စကို လက်ခံနိုင်ခြင်း မရှိကြပေ။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now