690

119 13 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(52)

Chapter-10

(နေရာပေါင်းစုံမှ လာရောက်ပူးပေါင်းခြင်း)

နှစ်ရက်ကြာပြီးနောက် ယီယွမ်က ကျင့်ကြံနေရာမှ ထွက်လာခဲ့သည်။ ဤအရာက ချက်ချင်းပင် ပွက်လောရိုက်သွားစေခဲ့၏။

"စီနီယာအစ်ကိုအဖွဲ့အရှင်သခင်... တကယ်... တကယ်ပဲ နှစ်ရက်တည်းနဲ့ သာမန်အဆင့်နှစ်ခု တက်ရောက်သွားခဲ့တာလား....."

"တကယ်ကို မယုံကြည်နိုင်စရာပဲ... စီနီယာအစ်ကိုအဖွဲ့အရှင်သခင်က အဖွဲ့ထဲကို ဝင်ရောက်ခဲ့တဲ့အချိန်ကစပြီး သူက အံ့မခန်းအရာတွေကို ဆက်တိုက်ဖန်တီးပြုလုပ်နေခဲ့တယ်... ဒီအချက်က အခုအချိန်အထိ မပြောင်းလဲသေးဘူးပဲ....."

"ဒီကျင့်ကြံခြင်းအမြန်နှုန်းက တကယ်ပဲ ကောင်းကင်ရဲ့အလိုကို ဆန့်ကျင်နေတယ်.... စီနီယာအစ်ကိုအဖွဲ့အရှင်သခင် အဖွဲ့ကိုစတင်ရောက်လာချိန်ကို ငါမှတ်မိနေသေးတယ်... သူက စိတ်ဝိညာဥ်ဖွဲ့စည်းခြင်းနယ်ပယ််မှာပဲ... အချိန်ဘယ်လောက်ရှိသေးလို့လဲ... သူက ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ်ကနေ ခြေတစ်လှမ်းပဲကွာဝေးတော့တယ်....."

ယီယွမ်၏ ကျင့်ကြံခြင်းအမြန်နှုန်းကို ပုံမှန်အမြင်များဖြင့် တိုင်းတာ၍မရနိုင်ပေ။ သူက ငြိမ်သက်တိမ်တိုက်အဖွဲ့တွင် ရှိနေစဥ်အချိန်၌ အဖွဲ့သားများ၏ မနာလိုသောပစ်မှတ်အဖြစ် တစ်ချိန်လုံး ခံနေခဲ့ရသည်။

အစတွင် သူ၏ အံ့ဩထူးဆန်းဖွယ်ရာ မြင့်တက်လာမှုကို မယုံကြည်နိုင်သော လူများစွာ ရှိနေကြသေး၏။ သို့သော် နောက်ပိုင်းတွင် သူတို့က မယုံကြည်နိုင်ရန်ပင် အဆင့်မမီတော့ပေ။

အထူးသဖြင့် အဖွဲ့မဟာယှဥ်ပြိုင်ပွဲ ပြီးဆုံးသွားပြီးနောက် ယီယွမ်ပိုင်ဆိုင်ထားသည့် အဖွဲ့၏ အစွမ်းအထက်ဆုံး အရည်အချင်းရှိသူနေရာကို မည်သူကမှ အစားမထိုးနိူင်တော့ပေ။

သူ၏အရည်အချင်းကို အဆုံးမဲ့ကမ္ဘာကြီးရှိ တစ်ယောက်မှ မမီနိူင်ပေရာ ငြိမ်သက်တိမ်တိုက်အဖွဲ့ကဲ့သို့ အဖွဲ့လေးတစ်ခုဆိုလျှင် ​ပြောနေစရာမလိုတော့ပေ။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now