Ch 857 - 858

108 14 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ- ဖြိုးသူဝင်း

Book( 64 )

Chapter-7

(တစ်နှစ်)

တော်ဝင်ခန်းမထဲတွင် သွေးနီဆည်းဆာတော်ဝင်မြေ၏ အကြီးအကဲအားလုံး ရှိနေခဲ့ကြပြီး သူတို့က ထိတ်လန့်တုန်လှုပ်နေခဲ့ကြသည်။

လက်ရှိအချိန်၌ တော်ဝင်ခန်းမထဲတွင် တိတ်ဆိတ်နေခဲ့ပေ၏။ သူတို့အားလုံးက မည်သို့စတင်ပြောဆိုရမည်ကို မသိခဲ့ကြပေ။

ယနေ့ ကိစ္စများစွာ ဖြစ်ပျက်သွားခဲ့သည်။ လူတိုင်းက ထိုအခြေအနေကို လုံးဝမယုံနိုင်ခဲ့ပေ။

နောက်ဆုံးတွင် ထူယိုက ပထမဆုံး စကားပြောဆိုခဲ့၏။

"အကြီးအကဲတို့…  ဒီနှစ်အနည်းငယ်အတွင်းမှာ ဒီအင်ပါယာက ဒီနေ့အထိ အသက်ရှင်နေဖို့ မျှော်လင့်မထားခဲ့ဘူး… ယီယွမ်က ဒီအင်ပါယာအတွက် ယန်ကိုးပါးနွေဦး ပြန်လည်ကုသရေးဆေးလုံးကို ဖော်စပ်ပေးဖို့အတွက် ယီယွမ်က ဒီလိုပုဂ္ဂိုလ်ကြီးမျိုးကို ဖိတ်ခေါ်နိုင်ခဲ့မယ်လို့ လုံးဝမျှော်လင့်မထားခဲ့ဘူး… ရိုးရိုးသားသားပြောရမယ်ဆိုရင် ငါက အခုအချိန်မှာ ဘာပြောရမှန်းမသိတော့ဘူး….."

ထူယို၏စိတ်ထဲတွင်  အလွန်စိတ်ရှုပ်ထွေးနေခဲ့သည်။ သူ၏မူလရည်ရွယ်ချက်က ယီယွမ်ကို ရာထူးဆက်ခံပေးရန် ပြုစုပျိုးထောင်ပေးလိုခြင်း ဖြစ်၏။

သို့သော် ယီယွမ်က ယန်ကိုးပါးနွေဦး ပြန်လည်ကုသရေးဆေးလုံးကဲ့သို့ ကောင်းကင်၏အလိုကို ဆန့်ကျင်နေသော ဆေးလုံးမျိုး ဖော်စပ်ပေးရန်အတွက် ထိုသို့သော ပုဂ္ဂိုလ်ကြီးတစ်ယောက်ကို လျှို့ဝှက်၍ တောင်းဆိုခဲ့မည်ဟု သူလုံးဝမျှော်လင့်မထားခဲ့ပေ။

ဤအကြွေးက အလွန်ကြီးမားလှပေသည်။

သွေးနီဆည်းဆာတော်ဝင်မြေ တစ်ခုလုံးကို ပေးအပ်မည်ဆိုလျှင်ပင် ဤဆေးလုံး၏တန်ဖိုးကို မယှဥ်နိုင်ပေ။

ယီယွမ်က အဆင့်နိမ့်နယ်မြေတစ်ခုမှ မကြာသေးမီက တက်ရောက်လာသူ တစ်ယောက်မျှသာ ဖြစ်ကြောင်း ထင်ရှားလှ၏။ သူ၏ ကျင့်ကြံခြင်းအဆင့်က အကန့်အသတ်မဲ့နယ်ပယ်မျှသာ ဖြစ်ပေသည်။ သို့သော် သူက ကျယ်ပြန့်သောနေမင်းမြို့နှင့် ရန်သူဖြစ်နေသလို လျှို့ဝှက်ပုဂ္ဂိုလ်နှင့်လည်း မိတ်ဆွေဖြစ်နေခဲ့၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now