Ch 818 - 821

108 11 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(61)

Chapter-11

(မြွေငယ်လေးတစ်ကောင်)

ဤသို့ဖြစ်သွားခဲ့၍ ဤအနက်ရောင်ရေနဂါး၏ ခွန်အားကို ယီယွမ်က နောက်ဆုံးတွင် အတည်ပြုသွားနိုင်ခဲ့ပြီ ဖြစ်သည်။

ထိုအနက်ရောင်ရေနဂါးက အမှန်တကယ်ပင် ပြောင်းလဲတိုးတက်မှုကင်းမဲ့ခြင်းနယ်ပယ် ဖြစ်ပေ၏။

ထို့ပြင် ယခုကြည့်လိုက်သောအခါ ထိုအနက်ရောင်ရေနဂါးက အဆင့်မြင့်အဆင့် ပြောင်းလဲတိုးတက်မှုကင်းမဲ့ခြင်းနယ်ပယ်သို့ ရောက်ရှိနေခဲ့သည်။

ဤသို့သော ခွန်အားမျိုးကြောင့်  ယီယွမ်က ထိုရေနဂါး၏ သွားကြား၌ပင် ပျောက်ကွယ်သွားရပေလိမ့်မည်။

အကယ်၍ ထိုရေနဂါးက ကောင်းကင်ဘုံသိမြင်ခြင်းနယ်ပယ် ဖြစ်နေလျှင် ယီယွမ်က ထိုရေနဂါးနှင့် ရင်ဆိုင်နိုင်သည့် နည်းလမ်းများ ရှာဖွေနိုင်သေး၏။ သို့သော် ပြောင်းလဲတိုးတက်မှုကင်းမဲ့ခြင်းနယ်ပယ် ဖြစ်နေသည့်အတွက် ယီယွမ်က မည်သို့မှ မလုပ်ဆောင်နိုင်တော့ပေ။

စောစောလေးတွင် ယီယွမ်က အခြေအနေကို အလျင်မြန်ဆုံး တုံ့ပြန်နိုင်ခဲ့၍သာ မဟုတ်ခဲ့လျှင် အနက်ရောင်ရေနဂါးက သူ့ကို လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရုံဖြင့် အလွယ်တကူ သုတ်သင်နိုင်ပေသည်။

ထိုသို့ဆိုသည့်တိုင် လက်ရှိအခြေအနေကလည်း သေချာပေါက် သေဆုံးရမည့် အခြေအနေပင် ဖြစ်၏။

"မင်းက ဒီနဂါးရဲ့ ရတနာကို ခိုးယူချင်နေတာ အံ့ဩစရာမရှိတော့ဘူးပဲ… လူသားမျိုးနွယ် ငချွတ်ကလေးတစ်ယောက်က ဒီလိုမျိုး စစ်မှန်တဲ့ နဂါးမျိုးနွယ်ဖိအားကို ပိုင်ဆိုင်ထားမယ်လို့ ငါလုံးဝမျှော်လင့်မထားခဲ့ဘူး… ဒါပေမဲ့ အဲဒါက ဒီနဂါးကို မနာလိုဖြစ်စေတယ်… ကောင်လေး… ဒီနဂါးက မင်းကို စားသုံးပြီး မင်းရဲ့ အသားနဲ့ သွေးကို သန့်စင်လိုက်ရင် အဲဒါက ငါ့ကို အတားအဆီးတွေ ချိုးဖျက်နိုင်ဖို့ ကူညီပေးလိမ့်မယ်….."

ယီယွမ်၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရချိန်တွင် အနက်ရောင်ရေနဂါးက ဒေါသထွက်ခြင်း အနည်းငယ်မျှပင် မရှိခဲ့ပေ။ သူ၏စကားမှတစ်ဆင့် စိတ်လှုပ်ရှားနေသည်ကို ရေးတေးတေး ခံစားနိုင်ပေသည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now