Ch 934 - 936

123 12 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 69

Chapter-13

(လမ်းပေါ်တွင် ယှဥ်ပြိုင်ခြင်း)

မဟာရှင်းနယ်မြေတွင် ကျယ်ပြန့်သောနေမင်းမြို့နှင့် လရောင်မြို့တော် ဟူသည့် နတ်ဘုရားနယ်မြေတစ်ခုလုံး ထင်ရှားကျော်ကြားသည့် မြို့နှစ်မြို့ ရှိပေသည်။

ဤမဟာမြို့တော်နှစ်ခုစလုံးက အဆင့်တစ် တော်ဝင်မြေများ ဖြစ်ကြ၏။ သူတို့၏အင်အားက ကြီးမားလှသည်။ သို့သော် မြို့နှစ်မြို့ကြား အကွာအဝေးက မိုင်တစ်သောင်းမျှသာ ရှိပေ၏။

ဤအကွာအဝေးကို ပြောင်းလဲတိုးတက်မှုကင်းမဲ့ခြင်းနယ်ပယ် သိုင်းပညာရှင်များက နေ့ဝက်အတွင်း၌ အခေါက်ပေါင်း တစ်ဒါဇင်ကျော် သွားလာနိုင်သည်။

ဤမြို့နှစ်မြို့စလုံးက  အဓိကနယ်မြေများစွာကို အုပ်ချုပ်ကြသည့်တိုင် မြို့နှစ်မြို့က အလွန့်အလွန် နီးစပ်ကြ၏။

ကျိုးမိသားစုနှင့် ယွဲ့မိသားစုတို့တွင် နှစ်ပေါင်းမည်မျှရှိသော အမွေအနှစ်ကို ပိုင်ဆိုင်ထားသည်အား နတ်ဘုရားမှပင် သိနိုင်ပေလိမ့်မည်။ သူတို့က အမြဲတမ်း စည်းလုံးကြသည်။ မိသားစုနှစ်ခုက မျိုးဆက်များ အစဥ်အဆက် လက်ထပ်ပေးခြင်းဖြင့် ပေါင်းစည်းနေခဲ့၏။ သူတို့၏ ပတ်သက်ဆက်နွယ်မှုက  ရှုပ်ထွေးပေသည်။

ဒဏ္ဍာရီများက ပြောသည်မှာ ဤမိသားစုနှစ်ခု၏ ဘိုးဘေးများက နတ်တန်ခိုးရှင်အဆင့် ပုဂ္ဂိုလ်ကြီးများ မွေးထုတ်ပေးနိုင်ခဲ့သည် ဟူ၍ပင် ဖြစ်၏။ သူတို့၏ အခြေခံအုတ်မြစ်က အလွန့်အလွန် နက်ရှိုင်းပေသည်။ သို့သော် နောက်ပိုင်းတွင် သူတို့၏ သွေးမျိုးဆက်အစွမ်းက တဖြည်းဖြည်း လျော့ကျလာခဲ့၍ သူတို့က ဖြည်းဖြည်းချင်း ဆုတ်ယုတ်လာခဲ့၏။

ထိုသို့ဆိုသည့်တိုင် ထိုမိသားစုနှစ်ခုက လက်တွဲပူးပေါင်းလိုက်မည်ဆိုလျှင် သူတို့က အလွန့်အလွန် ကြောက်စရာကောင်းသော အင်အားစုတစ်ခုပင် ဖြစ်သည်။

အထူးတော်ဝင်မြေများကပင် ထိုမိသားစုနှစ်ခု ပူးပေါင်းသွားအောင် ဆန့်ကျင်ပြုမူရန် ဆန္ဒမရှိကြပေ။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now