Ch 993 - 995

110 11 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(73)

Chapter-10

(ဓားဖျားပေါ်တွင် ကခုန်ခြင်း)

ကောင်းကင်ဘုံမိစ္ဆာကျားကလန်၏ လျှို့ဝှက်ခန်းတစ်ခုအတွင်း၌ အလင်းရောင်က မှုန်ဝါးဝါးဖြစ်နေခဲ့သည်။

လင်းနိုင်းဟေးက သူ၏လက်ကို ဘေးတွင်ချထား၍ မတ်တတ်ရပ်နေခဲ့ပြီး သူ၏အမူအရာက အလွန်ရိုသေလေးစားနေဟန် ပေါ်လွင်နေခဲ့၏။

"နိုင်းဟေး… ဒီတစ်ကြိမ် မင်းရဲ့ စွမ်းဆောင်မှုက တော်တော်ကောင်းတယ်… အလင်းတန်းစီးဆင်းခြင်းကလန်ရဲ့ အဲဒီကောင်လေးက တော်တော်ထူးဆန်းတယ်… တကယ်လို့ ငါတို့က သူ့ကို ခေါင်းဆောင်ငယ်  ဖြစ်ခွင့်ပေးလိုက်မယ်ဆိုရင် အနာဂတ်မှာ ငါတို့ ကောင်းကင်ဘုံမိစ္ဆာကျားကလန်က သူတို့ကို အသာစီးရဖို့ မျှော်လင့်ချက်မရှိတော့ဘူး….." မှုန်ဝါးဝါးဖြစ်နေသော အလင်းရောင်အောက်တွင် မျက်နှာကို သဲသဲကွဲကွဲမမြင်ရသော ပုဂ္ဂိုလ်တစ်ယောက် ရှိနေခဲ့သည်။

အလင်းဖြူ ရုတ်တရက် ထွက်ပေါ်လာမှုက ကောင်းကင်ဘုံမိစ္ဆာကျားကလန်ကို အလွန်ခေါင်းကိုက်စေခဲ့၏။

ဤနှစ်အနည်းငယ်အတွင်း ကောင်းကင်ဘုံမိစ္ဆာကျားကလန်၏ အလွန်အရည်အချင်းရှိသော ဂျီးနီးယပ်အများအပြားက အလင်းဖြူ၏လက်ထဲ၌ ကျဆုံးသွားခဲ့ကြသည်။ ဤအရာက သူတို့၏ လူငယ်မျိုးဆက်အင်အားကို အကြီးအကျယ် ဆုံးရှုံးသွားစေခဲ့၏။

လင်းနိုင်းဟေးက ထိုစကားကိုကြားသော် အလွန်ဝမ်းသာသွားခဲ့ပြီး ကပျာကယာ ပြောဆိုလိုက်သည်။ "အကြီးအကဲချုပ်က ကြင်နာလွန်းနေပါပြီ… ကလန်အတွက် တာဝန်ထမ်းဆောင်ရတာက ကျုပ်တို့အားလုံး လုပ်ဆောင်သင့်တဲ့ ကိစ္စတစ်ခုပါ….."

အကြီးအကဲချုပ်က ခေါင်းညိတ်၍ ပြောဆိုခဲ့၏။ "မစိုးရိမ်နဲ့… ငါက မင်းကို မမျှမတ မဆက်ဆံပါဘူး… တကယ်လို့ မင်းက အလင်းဖြူကို အကွက်ချကြံစည်ပြီး သတ်ဖြတ်နိုင်မယ်ဆိုရင် ကလန်က မင်းကို နက်နဲခြင်းကောင်းကင် ဟင်းလင်းပြင်ဝင်ရောက်ခြင်း ဆေးလုံးကို ဆုအဖြစ်ပေးမယ်….."

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now