Book(77)Ch 1-3 (or)Ch 1044 - 1046

122 10 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(77)

Chapter-1

(သူ့ကို အရင်ဆုံး လုပ်ဆောင်ခွင့်ပြုလိုက်မယ်)

အဆုံးသတ်တွင် သူတို့နှစ်ယောက်အတွက် ဟန်ချင်ကျိ ရွေးချယ်ခဲ့သော ဆေးညွှန်းက ခရမ်းနုရောင်သန့်စင်မှု ကျောက်စိမ်းကောင်းကင် ဆေးလုံး ဖြစ်ပေသည်။

ခရမ်းနုရောင်သန့်စင်မှု ကျောက်စိမ်းကောင်းကင် ဆေးလုံးက အဆင့်မြင့် အဆင့်(9)ဆေးလုံးတစ်လုံး ဖြစ်ပေသည်။ ခက်ခဲမှုက ကြားကျသော အဆင့်တွင် ရှိနေပေသည်။ အဆင့်မြင့်အဆင့် မှော်ဆေးပညာရှင်အင်ပါယာ ပုဂ္ဂိုလ်များအတွက်ပင် ဖော်စပ်ရန် လွယ်ကူသော အရာတစ်ခု မဟုတ်ပေ။

မှန်ပေ၏။ ကျဲချင်၏ ခွန်အားဖြင့်ဆိုလျှင် ထိုဆေးလုံးကို ဖော်စပ်ရန်က ပြဿနာကြီးတစ်ခု မဟုတ်ပေ။ မည်သည့်အဆင့်သို့ ရောက်ရှိသည်ကိုသာ မေးခွန်းထုတ်ရမည်ဖြစ်၏။

သို့ရာတွင် ယီယွမ်က တည်ငြိမ်သော အမူအရာတစ်ခု ရှိနေခဲ့သည်။

ကျဲချင်က စိတ်ထဲ၌ အေးစက်စွာဖြင့် လှောင်ပြောင်နေခဲ့သည်။ "ဟန်ဆောင်နေတာပဲ… မင်းက ဘယ်အချိန်အထိ ဒီလိုဟန်ဆောင်နိုင်ဦးမလဲဆိုတာ ငါသိချင်မိတယ်….."

"ဒါဆို စတင်ကြတော့….." ဟန်ချင်ကျိက အေးအေးဆေးဆေး ပြောဆိုလိုက်သည်။

ကျဲချင်က လုံလောက်သော စွမ်းအင်များကို ပြင်ဆင်ထားပြီးဖြစ်၏။ ဟန်ချင်ကျိ၏ ခွင့်ပြုချက်ကို ရရှိပြီးနောက် သူ၏ လက်ဝါးကို ဝှေ့ယမ်းလိုက်ပြီး စားပွဲပေါ်ရှိ ဝိညာဥ်ဆေးပင်များကို အမှုန့်ဖြစ်သွားအောင် လုပ်ဆောင်လိုက်သည်။

ဆေးပင်များကို အမှုန့်ချေ၍ ဆေးလုံးကနဦးအဆင့် ဖွဲ့စည်းခြင်း…..

ကျဲချင်က စတင်လှုပ်ရှားလိုက်သည်နှင့် သူ၏ ပညာရပ်က လူတိုင်းကို အံ့ဩသွားစေခဲ့သည်။

အရှက်ကွဲပြီးနောက် ပိုမိုအားစိုက်၍ လေ့ကျင့်ခြင်းဟူသော ကိစ္စကို ကျဲချင်အား ဥပမာတစ်ခုအဖြစ် ကြည့်နိုင်ပေသည်။ ယီယွမ်ကြောင့် အရေးနိမ့်ခဲ့ရပြီးနောက် သူက စိတ်ဓာတ်ကျနေခဲ့ခြင်း မရှိပေ။ ထိုအစား သူက အစွမ်းကုန်ကြိုးစား၍ လေ့ကျင့်ခဲ့ပေသည်။ နှစ်ပေါင်း၃၀၀ အချိန်ကာလအတွင်း၌ သူက အဆင့်မြင့်အဆင့် မှော်ဆေးပညာရှင်အင်ပါယာ အဖြစ်သို့ ရောက်ရှိသွားခဲ့သည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Wo Geschichten leben. Entdecke jetzt