Chapter 155: Is This Time Considered Lying Down?

Start from the beginning
                                    

မုချင်းရွဲက ရှေ့သို့ နှစ်လှမ်းတိုးလိုက်ပြီး တုန်ဖန်းယွီ၏ ရှပ်အင်္ကျီထောင့်ကို ဆွဲလိုက်ကာ ကလူမြူသည့်လေသံဖြင့် တောင်းပန်လိုက်သည်။ "ငါမှားသွားတယ်လို့ တွေးပြီး ခွင့်လွှတ်ပေးလေနော်? ဟုတ်ပြီလား? ဒီတစ်ကြိမ်ပဲ ဒီတစ်ကြိမ်ပဲ ငါ့ကို ခွင့်လွှတ်ပေးပါ။ တကယ် ယဲ့ချင်းရန်က ငါ့ကို အကွက်ဆင်တာ။ တစ်ယောက်က ငါ့သူဌေး နောက်တစ်ယောက်က ငါ့သူငယ်ချင်း။ ယဲ့ချင်းရန်က သူတို့ကို အထင်လွဲအောင် လုပ်တာ။ အဲဒါကြောင့် ဒီလိုဖြစ်သွားတာ"

တုန်ဖန်းယွီက သူ့အနားကို အကပ်မခံချင်သည့်အတွက် သူမကို တွန်းထုတ်လိုက်သည်။ "မင်းရဲ့ သူဌေး ဘယ်ဝန်ထမ်းကများ သူတို့သူဌေးနဲ့ အရမ်းကို ရင်းနှီးလဲ"

မုချင်းရွဲက နှုတ်ခမ်းကို ကိုက်လိုက်သည်။ "အားယွီ ငါ နင့်ကို သဘောကျတယ်။ အစကနေ ငါ အမြဲသဘောကျခဲ့ရတဲ့သူက နင်ပဲ။ နင်... ငါ့ကို ဒီတစ်ကြိမ်လောက် နင်ခွင့်လွှတ်ပေးပါလား?"

တုန်ဖန်းယွီက အနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။ "မင်းကို ငါအရင်က ပြောဖူးပါတယ်။ ငါ့ကို လိမ်တဲ့သူတွေကို ငါ အမုန်းဆုံးဆိုတာ။ မုချင်းရွဲ မင်းက ငါ့ကို တကယ်စိတ်ပျက်သွားအောင် လုပ်လိုက်တာပဲ"

"လမ်းခွဲရအောင် နောက်ကျ ငါ့ကို ထပ်မရှာနဲ့တော့"

နှလုံးသားရဲ့ နာကျင်မှုကို သူမခံနိုင်တော့ပေ။ ထိုစကားကို ပြောပြီးတာနှင့် အနောက်သို့လှည့်ကာ ထွက်သွားတော့သည်။

"အားယွီ" မုချင်းရွဲက ထိတ်လန့်တုန်လှုပ်သွားကာ ချက်ချင်း သူ့နောက်ကို ပြေးလိုက်သွားသည်။ သူမ မှီတာနှင့် သူ့ကို ပြန်ဆွဲထားသည်။ "ဟင့်အင်း ငါလမ်းမခွဲချင်ဘူး။ ငါ့ကို မထားခဲ့ပါနဲ့။ အားယွီ ငါနင့်ကို ချစ်တယ်လေ။ ငါ နင့်ကို တကယ်ချစ်တာ"

အတိတ်တုန်းကဆိုရင် သူမ ဒီလိုဖြစ်တိုင်း တုန်ဖန်းယွီက နှလုံးသားနာကျင်ရသည်။ ချက်ချင်းသူမထွက်သွားတော့ဘဲ သူမကို ဖက်ကာ နှစ်သိမ့်ပေးသည်။

ဒါပေမယ့် အခုတော့ တုန်ဖန်းယွီက မသက်မသာ ခံစားရပြီး ရွံရှာမှုတောင်ဖြစ်နေသည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now