UNICODE
ယဲ့ချင်းရန်က ယဲ့မိသားစုအိမ်ကို ပြန်လာတော့ လင်းရှုအာက အပြင်ထွက်တော့မလို့လုပ်နေတာဖြစ်သည်။
"ချင်းရန် ဘာလို့ ရုတ်တရက်ကြီးပြန်လာတာလဲ" လင်းရှုအာက သူမလက်ထဲက အိတ်ကို ချလိုက်ပြီး ယဲ့ချင်းရန်ကိုဆွဲကာ ဆိုဖာပေါ်ထိုင်လိုက်သည်။ "မားကို ဘာလို့ကြိုမပြောတာလဲ? မားမားက ချိန်းထားတာရှိတယ် အဲဒါကြောင့် သမီးနဲ့ ခဏပဲနေလို့ရမယ်"
"ဒီနာနဲ့ချိန်းထားတာလား?" ယဲ့ချင်းရန်က မေးလိုက်သည်။
"ဟုတ်တယ်...မားက ကျင်းမြို့တော်ကလေ...သူမက ဒီကိုလာတယ်ဆိုတော့ အိမ်ရှင်အနေနဲ့ သူမကို သေချာ နှုတ်ဆက်ရမှာပေါ့"
"သူမက ဒီကိုရောက်နေတာကြာပြီမဟုတ်ဘူးလား? မားဧည့်ခံဖို့လိုသေးလို့လား? ကျင်းမြို့တော်မှာ သူမသုံးသမျှ စားသမျှကို မားပေးနေတာလား?"
"သူမက မားမားကိုကူညီထားတာ သေချာပေါက်သူမကို ကောင်းကောင်းကျေးဇူးတင်ရမှာပေါ့"
လင်းရှုအာက ပြောရင်း ပြုံးနေသည်။ "သမီးကငယ်သေးတယ်...သမီးနားမလည်သေးတဲ့ အရာတွေရှိသေးတယ်... အပေါ်ယံမှာတော့ လူတိုင်းက တူတူပဲ ဒါပေမယ့် အဲ့လိုမဟုတ်ဘူး..တစ်ချို့လူတွေက ကောင်းကောင်းမွန်မွန်မွေးလာကြတယ်...မားမားက သမီးကို အကောင်းဆုံးဆိုတာပဲ ပေးချင်တာ" (T/N: လူဆိုတာ တူပေမယ့် တစ်ချို့က ချမ်းချမ်းသာသာမွေးလာတယ် တစ်ချို့က ဆင်းရဲတဲ့ဘဝမှာ မွေးလာတယ် အဲဒါကိုပြောချင်တာလို့ထင်တာပဲ)
ပထမကတော့ သူမသမီးလေးဟာ အလိုလိုက်ပြီး ချစ်ပေးသင့်သည်။ သူမကို သူမ(လင်းရှုအာ)လက်ထဲရှိ ပန်းလေးတစ်ပွင့်လိုမျိုး ကာကွယ်ထားပေးသင့်သည်။ ဒါပေမယ့် သူမ ယဲ့မိသားစုကို လက်ထပ်တော့မည့်အချိန်မှာ သူမသမီးကို သားတစ်ယောက်လို ပျိုးထောင်ခဲ့သည်။ နှစ်တွေကြာလာတော့ သူမ အရမ်းအပြစ်ရှိသလို ခံစားလာရသည်။ ဒါပေမယ့် ယဲ့မိသားစုကနေ နှင်ထုတ်မခံရအောင် သူမသမီးရဲ့ပုံအစစ်အမှန်ကို ဘယ်လိုပြန်ယူရမလဲဆိုတာ သူမ မသိပေ။ သူမက ဒီအသိုင်းအဝိုင်းထဲဝင်ချင်ခဲ့ပြီး ကျင်းမြို့တော်ရဲ့အကောင်းဆုံးယောကျာ်းကို ရှာချင်သည်။ အနာဂတ်မှာ သူမသမီး မိန်းကလေးပုံစံပြန်ဖြစ်ခဲ့ရင် သူမ ယောကျာ်းလေးအဖြစ်ဟန်ဆောင်တာကို ဂရုမစိုက်တဲ့သူဖြစ်ဖို့ သူမမျှော်လင့်သည်။ ပြီးတော့အနာဂတ်မှာ ထိုသူက သူမကို ပျော်ရွှင်မှုတွေပေးဖို့ မျှော်လင့်သည်။
လင်းရှုအာက ပြောလာသည်။ "ဒါကအစလေးပဲလေ... မားမားသာ သူတို့နဲ့ပိုရင်းနှီးလာတဲ့အခါကျ သမီးကို မကြာမကြာ ခေါ်သွားမယ်"
လင်းရှုအာက ဘာကို ဆိုလိုချင်လဲဆိုတာ ယဲ့ချင်းရန် နားမလည်ဘူးဖြစ်နေသည်။
နေ့တိုင်း...လူတွေက လူတိုင်းဟာ သာတူညီမျှဖြစ်သည်လို့ ပြောကြသည်။ သို့သော်လည်း လူ့အလွှာတွေက မမြင်ရပေ။ မမြင်တွေ့ရသလို ထိတွေ့လို့လည်းမရပေမယ့် အစစ်အမှန်ဖြစ်သည်။
ယဲ့ချင်းရန်က မေးလိုက်သည်။ "ဒီနာနဲ့ဆုံပြီးတော့ ဖြစ်တဲ့အရာတိုင်း ကျွန်တော့်ကို ပြောပြ... ပြီးတော့ မားတို့နှစ်ယောက်ကြားထဲမှာ လက်မှတ်ထိုးထားတဲ့ စာချုပ်စာတန်းရှိသလား? ရှိရင် အဲ့ဒီစာချုပ်စာတန်းတွေအကုန်လုံး ကျွန်တော့်ကိုပြ"
လင်းရှုအာက သူမကို ရှုပ်ထွေးစွာ ကြည့်လာသည်။ "ဘာလို့လဲ?"
ယဲ့ချင်းရန်က သူမကို ချက်ချင်းမပြောဘဲ မေးလိုက်သည်။ "ယဲ့ကျွင်းနဲ့ကွာရှင်းချင်နေတာလား?"
လင်းရှုအာက သူမခေါင်းကို ခါလိုက်သည်။ "မကွာရှင်းချင်ဘူး"
ယဲ့ချငးရန်က ပြောလာသည်။ "မကွာရှင်းချင်ဘူးဆိုရင် နောက်လကို နေမကောင်းဖြစ်ချင်ယောင်ဆောင်ပြီးတော့ ဒီနာနဲ့မဆုံအောင် ကြိုးစား"
လင်းရှုအာက ယဲ့ချင်းရန်ကို ကြည့်လိုက်၏။ သူမသမီးဖြစ်သူက အေးစက်ကာ လေးနက်သည့်အမူအရာဖြင့် အလင်းကို ကျောခိုင်းပြီးရပ်နေသည်။ နှစ်တွေကြာပြီးသည့်တိုင်အောင် သူမသမီးရဲ့ ယခုအခြမ်းကို တစ်ခါမှမမြင်ဖူးခဲ့ပေ။ တစ်ခုခုကြီးတာ ဖြစ်တော့မလို သူမရဲ့နှလုံးသားက တင်းကြပ်နေသည်။
သူမက ခေတ္တမျှတုံ့ဆိုင်းနေပြီးမှ ခေါင်းညိတ်လိုက်သည်။ သူမက ယဲ့ချင်းရန်ကို အပေါ်ထပ်သို့ခေါ်သွားပြီး စာချုပ်ကို ပြလိုက်၏။ ယဲ့ချင်းရန်က ကြည့်လိုက်တော့ စာချုပ်ထဲတွင် မှားယွင်းနေတာမျိုး မတွေ့ပေ။ သူမက စာချုပ်ကို အဝေးသို့ ချလိုက်သည်။
သူမက လင်းရှုအာကို ပြောလာသည်။ "ဒီနေ့ နေ့လည်စာအတွက် မားက ချိန်းထားပြီးပြီဆိုတော့ သွားလိုက်..ဒါပေမယ့် ဒီနေ့နေ့လည်စာမှာ မားတစ်ခုလုပ်ခဲ့ရမယ်...ပရဟိတလေလံပွဲမှာ မားက ပတ္တမြားတစ်ဆင်စာ လှူမယ်ဆိုတာကလွဲရင် မားက ဒီနာကို အကြံတစ်ခုပေးရမယ်... အဲဒါက လေလံပွဲကို သူမက လူများများလာစေချင်ရင် သူမက အဖွဲ့အစည်းအတွက် ပြောရေးဆိုခွင့်ရှိသူခန့်ဖို့ လိုမယ်... အဲ့လူက ပစ္စည်းအများဆုံးလှူတဲ့ဖြစ်ပြီးတော့ လေလံပွဲမှာ ငွေအများဆုံး လေလံဆွဲနိုင်တဲ့သူဖြစ်ရမယ်... အဲ့လူကို နောက်ကွယ်ကနေပြီး မားက ထောက်ပံ့ပေးမယ်ဆိုပြီး မားက ကတိပေးရမယ်...ပြီးတော့ အဲ့ပြောရေးဆိုခွင့်ရသူကို မားပြင်ဆင်နေတဲ့ ရုပ်ရှင်မှာ ဇာတ်လိုက်အမျိုးသမီးနေရာကို ပေးမယ်လို့ သူမကိုပြောရမယ်"
အဲ့လိုနည်းနှင့် ဖောင်ဒေးရှင်းနှင့်ယဲ့မိသားစုကြား နက်ရှိုင်းသည့် ဆက်သွယ်ရေးရှိလာမှာဖြစ်သည်။ ဒါက ဒီနာလိုချင်သည့် အရာဖြစ်သည်။ ဒီနာက သေချာပေါက် ငြင်းပယ်မည်မဟုတ်ပေ။
လင်းရှုအာက နားထောင်လေလေ ပိုပြီး ရှုပ်ထွေးလေလေဖြစ်သည်။
သူမက မေးလာသည်။ "ဘာလို့လဲ? ဘာလို့ မားမားက ရုပ်ရှင်ရိုက်ဖို့ ပြင်ရမှာလဲ? ဒီနာက အဲဒါကိုမေးလာရင် မားမားက သူမကို ဘယ်လိုပြန်ဖြေရမှာလဲ?"
ယဲ့ချင်းရန်က ပြောလာသည်။ "ဒုတိယအစ်ကိုကို ထောက်ပံ့ဖို့ မားက ရုပ်ရှင်တစ်ခုလုပ်ဖို့ ပြင်ရမယ်... ဇာတ်လိုက်အမျိုးသားနေရာက ဒုတိယအစ်ကိုပဲ ဖြစ်ရမယ်ဆိုပြီးတော့ မားက ဒီနာကိုပြောရမယ်"
လင်းရှုအာက မျက်မှောင်ကြုတ်လိုက်သည်။ "မားမားက ဘာလို့ ဒုတိယအစ်ကိုကိုထောက်ပံ့ရမှာလဲ? ချင်းရန် ပြီးခဲ့တဲ့တစ်ခေါက် သမီးရဲ့ အသက်ကိုရင်းပြီး ကယ်ခဲ့တယ်...အခု သူ့အတွက် ရုပ်ရှင်ရိုက်ဖို့ ပြင်နေပြန်ပြီ... ဘယ်အချိန်တုန်းကများ သူနဲ့ ရင်းနှီးသွားရတာလဲ?"
"အခုကျွန်တော်ပြောနိုင်တာတစ်ခုက ကျွန်တော်လုပ်နေတာတွေက မားကို ကယ်တင်နေတာပဲ... အဲ့ဒီနာက မားကို ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်လာတာ" ယဲ့ချင်းရန်က သူမကို ကြည့်လိုက်သည်။ သူမရဲ့အကြည့်တွေက ရေလိုတည်ငြိမ်ပြီး လေးနက်သည့် အရိပ်အယောင်ရှိနေသည်။
လင်းရှုအာက ထိတ်လန့်သွားသည်။ "ရည်ရွယ်ချက်နဲ့? မဖြစ်နိုင်တာ ဒီနာက အရမ်းကောင်းတဲ့လူကို...ပြီးတော့ မားက သူမကို ကူညီထားတာ ဘာလို့ သူမက ဒီလိုဆက်ဆံမှာလဲ?"
လင်းရှုအာကို ယဲ့ချင်းရန်က သူမ၏ခန့်မှန်းချက်တွေကို ပြောပြလိုက်သည်။
"ယုံချင်နေ မယုံချင်နေတော့... ကျွန်တော်လည်း ယဲ့ကျွင်းရဲ့သားဖြစ်ချင်နေတာမဟုတ်ဘူး..ဒါပေမယ့် မားကရော? ဒီနာသာ မားကို လိမ်တာအမှန်ဆိုရင် ယဲ့မိသားစုကို ထိခိုက်အောင်လုပ်တဲ့သူက မားဖြစ်မှာ... ယဲ့ကျွင်းရဲ့ဇနီးမဖြစ်ချင်တော့ဘူးလား?"
"မားမားရဲ့နှလုံးသားကို နာကျင်အောင်လုပ်နေတာပဲ... မားမားက သမီးကို ဘယ်လိုလုပ်ပြီး မယုံရမှာလဲ? လန့်သွားရုံလေးပဲကို" လင်းရှုအာက ပြောရင်း မျက်ဝန်းတွေက နီရဲလာကာ ငိုချင်လာ၏။
"ဘယ်လောက်ပဲ မားက ထိတ်လန့်နေပါစေ... ဒီနာအရှေ့မှာ ဘာမှ မဖြစ်သလို ဟန်မဆောင်နိုင်ရင် မသွားနဲ့... သူမကို ဖုန်းဆက်ပြီးပြောလိုက်"
လင်းရှုအာက သူမခံစားချက်တွေကို ထိန်းချုပ်လိုက်သည်။ "မဟုတ်ဘူး မား သွားမယ်... သမီးဘာလုပ်ချင်လဲဆိုတာ မားမသိပေမယ့် သမီးကို မားယုံတယ်...သမီးကို မားက ထောက်ပံ့မယ်"
သူမရဲ့လေသံက တည်ငြိမ်ပြီး ပြတ်သားသည်။
ယဲ့ကျွင်းကို မျက်နှာချင်းဆိုင်သည့်အခါမှသာ သူမက ဗလာသက်သက်ခေါင်းဖြစ်နေသည့် အချစ်ရူးလိုဖြစ်သွားတာ ဖြစ်၏။ ကျန်သည့်အချိန်တွေမှာတော့ စဉ်းစားချင့်ချိန်တတ်ပြီး လိမ္မာပါးနပ်သည့် အမျိုးသမီးဖြစ်သည်။
အဲ့ဒီည၏ ညစာစားချိန်မှာတော့ ယဲ့ချင်းရန်က လင်းရှုအာဆီက ဖုန်းခေါ်ဆိုမှုကို ရရှိလာသည်။ သူမက ယဲ့ချင်းရန်ကို ဒီနာက သူမ၏အကြံဉာဏ်ကို လက်ခံကြောင်းနှင့် ပရဟိတလေလံပွဲကို အကြီးကြီးလုပ်မယ့်အကြောင်းတွေပြောလာသည်။ ချမ်းသာကြွယ်ဝသည့် အမျိုးသမီးတွေတင်မက တစ်ချို့အနုပညာရှင်တွေကိုလည်း ဖိတ်ကြားမည်ဖြစ်သည်။
ယဲ့ချင်းရန်က သူမနှုတ်ခမ်းကိုကွေးကာ ပြုံးလိုက်သည်။ ငါးစာတော့ ချပြီးပြီ။ ဘယ်သူက ငါးစာကိုချိတ်မိမလဲဆိုတာ ဘယ်သူမှသိမှာမဟုတ်ပေ။
ညစာကို အိမ်မှာ စားချိန်၌ ချူယန်တင်သာမက ဟဲစီကျိုးပါရှိနေသည်။ သူက ယဲ့ချင်းရန်၏ နားလည်ရန်ခက်သည့်အပြုံးကို ကြည့်ကာ မနေနိုင်တော့ဘဲ မေးလိုက်သည်။ "သူငယ်ချင်းလေး မင်းရဲ့အပြုံးက အန္တရာယ်များတဲ့ပုံဖြစ်နေတယ်လို့ ငါခံစားနေရတယ်... ဘယ်သူ့ကိုများ မင်းလှည့်စားပြန်ပြီလဲ?"
ယဲ့ချင်းရန်က သူ့ကို ရိုးသားဖြူစင်စွာကြည့်လိုက်သည်။ "လှည့်စားတယ်? မဟုတ်ပါဘူးနော်...ကျွန်တော်က သန့်ရှင်းဖြူစင်တဲ့လူပါ...ဘယ်လိုလုပ်ပြီး လူတွေကို လှည့်စားနိုင်မှာလဲ?"
ချူယန်က ဟဲစီကျိုးကို ရုတ်တရက်ကြီးဟင်းတွေထည့်ပေးလိုက်သည်။ ဟဲစီကျိုးက အဲဒါကိုမြင်တော့ ထိရှသွားသည်။
"ချူယန် ဘုရားရေ နှစ်တွေအများကြီးကြာပြီးချိန်မှာတော့ လူသားဆန်တဲ့စိတ်တွေရှိလာပြီ... နောက်ဆုံးတော့ ငါ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံလာပြီ..."
သူ့စကားမဆုံးခင်မှာ ချူယန်က ကြားဖြတ်ပြောလိုက်သည်။ "အစားကိုပဲစား... ဒီလောက်ဟင်းပွဲတွေများနေတာတောင် ပါးစပ်က မပိတ်နိုင်ဘူး"
ဟဲစီကျိုး: "..."
သူက ဒေါသထွက်သွားသည်။ "ငါလခွမ်း... မင်းနဲ့သူငယ်ချင်းဖြစ်ခဲ့တာ ငါကန်းနေလို့ပဲဖြစ်မယ်..ဘယ်လိုအပြစ်များ ငါလုပ်မိခဲ့လို့လဲ? အချိန်နောက်ပြန်လှည့်ပြီး သူ့ကို ငါ့ဘဝကနေဖယ်ထုတ်လို့ရမလား"
ချူယန်က ပြန်ဖြေလာသည်။ "အချိန်ပြန်လှည့်ဖို့မလိုဘူး...အခု မင်းကိုယ်မင်း ဖယ်ထုတ်လိုက်လို့ရတယ်"
သူ့ဘေးတွင် ထိုင်နေသည့် ယဲ့ချင်းရန်က မနေနိုင်တော့ဘဲ ရယ်တော့သည်။
ဟဲစီကျိုးက ဆူပုတ်သွားကာ သူမကို ဒေါသတကြီး ကြည့်လိုက်သည်။ "သူငယ်ချင်းလေး..မင်းက ရယ်ရဲသေးတယ်လား?"
သူက အန္တရာယ်များသည့်အပြုံးကိုပြုံးပြလိုက်သည်။ "ငါက ချူယန်ကို အနိုင်မကျင့်နိုင်ပေမယ့် မင်းကိုတော့ အနိုင်မကျင့်ရဲဘူးလို့တော့မထင်နဲ့"
ချူယန်က သူ့ကိုကြည့်လိုက်သည်။ "အဲဒါဆို ဘာလို့ မကြိုးစားကြည့်လဲ"
2021 Dec 26
===============================
ZAWGYI
ယဲ့ခ်င္းရန္က ယဲ့မိသားစုအိမ္ကို ျပန္လာေတာ့ လင္းရႈအာက အျပင္ထြက္ေတာ့မလို႔လုပ္ေနတာျဖစ္သည္။
"ခ်င္းရန္ ဘာလို႔ ႐ုတ္တရက္ႀကီးျပန္လာတာလဲ" လင္းရႈအာက သူမလက္ထဲက အိတ္ကို ခ်လိုက္ၿပီး ယဲ့ခ်င္းရန္ကိုဆြဲကာ ဆိုဖာေပၚထိုင္လိုက္သည္။ "မားကို ဘာလို႔ႀကိဳမေျပာတာလဲ? မားမားက ခ်ိန္းထားတာရွိတယ္ အဲဒါေၾကာင့္ သမီးနဲ႔ ခဏပဲေနလို႔ရမယ္"
"ဒီနာနဲ႔ခ်ိန္းထားတာလား?" ယဲ့ခ်င္းရန္က ေမးလိုက္သည္။
"ဟုတ္တယ္...မားက က်င္းၿမိဳ႕ေတာ္ကေလ...သူမက ဒီကိုလာတယ္ဆိုေတာ့ အိမ္ရွင္အေနနဲ႔ သူမကို ေသခ်ာ ႏႈတ္ဆက္ရမွာေပါ့"
"သူမက ဒီကိုေရာက္ေနတာၾကာၿပီမဟုတ္ဘူးလား? မားဧည့္ခံဖို႔လိုေသးလို႔လား? က်င္းၿမိဳ႕ေတာ္မွာ သူမသုံးသမၽွ စားသမၽွကို မားေပးေနတာလား?"
"သူမက မားမားကိုကူညီထားတာ ေသခ်ာေပါက္သူမကို ေကာင္းေကာင္းေက်းဇူးတင္ရမွာေပါ့"
လင္းရႈအာက ေျပာရင္း ျပဳံးေနသည္။ "သမီးကငယ္ေသးတယ္...သမီးနားမလည္ေသးတဲ့ အရာေတြရွိေသးတယ္... အေပၚယံမွာေတာ့ လူတိုင္းက တူတူပဲ ဒါေပမယ့္ အဲ့လိုမဟုတ္ဘူး..တစ္ခ်ိဳ႕လူေတြက ေကာင္းေကာင္းမြန္မြန္ေမြးလာၾကတယ္...မားမားက သမီးကို အေကာင္းဆုံးဆိုတာပဲ ေပးခ်င္တာ" (T/N: လူဆိုတာ တူေပမယ့္ တစ္ခ်ိဳ႕က ခ်မ္းခ်မ္းသာသာေမြးလာတယ္ တစ္ခ်ိဳ႕က ဆင္းရဲတဲ့ဘဝမွာ ေမြးလာတယ္ အဲဒါကိုေျပာခ်င္တာလို႔ထင္တာပဲ)
ပထမကေတာ့ သူမသမီးေလးဟာ အလိုလိုက္ၿပီး ခ်စ္ေပးသင့္သည္။ သူမကို သူမ(လင္းရႈအာ)လက္ထဲရွိ ပန္းေလးတစ္ပြင့္လိုမ်ိဳး ကာကြယ္ထားေပးသင့္သည္။ ဒါေပမယ့္ သူမ ယဲ့မိသားစုကို လက္ထပ္ေတာ့မည့္အခ်ိန္မွာ သူမသမီးကို သားတစ္ေယာက္လို ပ်ိဳးေထာင္ခဲ့သည္။ ႏွစ္ေတြၾကာလာေတာ့ သူမ အရမ္းအျပစ္ရွိသလို ခံစားလာရသည္။ ဒါေပမယ့္ ယဲ့မိသားစုကေန ႏွင္ထုတ္မခံရေအာင္ သူမသမီးရဲ့ပုံအစစ္အမွန္ကို ဘယ္လိုျပန္ယူရမလဲဆိုတာ သူမ မသိေပ။ သူမက ဒီအသိုင္းအဝိုင္းထဲဝင္ခ်င္ခဲ့ၿပီး က်င္းၿမိဳ႕ေတာ္ရဲ့အေကာင္းဆုံးေယာက်ာ္းကို ရွာခ်င္သည္။ အနာဂတ္မွာ သူမသမီး မိန္းကေလးပုံစံျပန္ျဖစ္ခဲ့ရင္ သူမ ေယာက်ာ္းေလးအျဖစ္ဟန္ေဆာင္တာကို ဂ႐ုမစိုက္တဲ့သူျဖစ္ဖို႔ သူမေမၽွာ္လင့္သည္။ ၿပီးေတာ့အနာဂတ္မွာ ထိုသူက သူမကို ေပ်ာ္ရႊင္မႈေတြေပးဖို႔ ေမၽွာ္လင့္သည္။
လင္းရႈအာက ေျပာလာသည္။ "ဒါကအစေလးပဲေလ... မားမားသာ သူတို႔နဲ႔ပိုရင္းႏွီးလာတဲ့အခါက် သမီးကို မၾကာမၾကာ ေခၚသြားမယ္"
လင္းရႈအာက ဘာကို ဆိုလိုခ်င္လဲဆိုတာ ယဲ့ခ်င္းရန္ နားမလည္ဘူးျဖစ္ေနသည္။
ေန႔တိုင္း...လူေတြက လူတိုင္းဟာ သာတူညီမၽွျဖစ္သည္လို႔ ေျပာၾကသည္။ သို႔ေသာ္လည္း လူ႔အလႊာေတြက မျမင္ရေပ။ မျမင္ေတြ႕ရသလို ထိေတြ႕လို႔လည္းမရေပမယ့္ အစစ္အမွန္ျဖစ္သည္။
ယဲ့ခ်င္းရန္က ေမးလိုက္သည္။ "ဒီနာနဲ႔ဆုံၿပီးေတာ့ ျဖစ္တဲ့အရာတိုင္း ကၽြန္ေတာ့္ကို ေျပာျပ... ၿပီးေတာ့ မားတို႔ႏွစ္ေယာက္ၾကားထဲမွာ လက္မွတ္ထိုးထားတဲ့ စာခ်ဳပ္စာတန္းရွိသလား? ရွိရင္ အဲ့ဒီစာခ်ဳပ္စာတန္းေတြအကုန္လုံး ကၽြန္ေတာ့္ကိုျပ"
လင္းရႈအာက သူမကို ရႈပ္ေထြးစြာ ၾကည့္လာသည္။ "ဘာလို႔လဲ?"
ယဲ့ခ်င္းရန္က သူမကို ခ်က္ခ်င္းမေျပာဘဲ ေမးလိုက္သည္။ "ယဲ့ကၽြင္းနဲ႔ကြာရွင္းခ်င္ေနတာလား?"
လင္းရႈအာက သူမေခါင္းကို ခါလိုက္သည္။ "မကြာရွင္းခ်င္ဘူး"
ယဲ့ခ်ငးရန္က ေျပာလာသည္။ "မကြာရွင္းခ်င္ဘူးဆိုရင္ ေနာက္လကို ေနမေကာင္းျဖစ္ခ်င္ေယာင္ေဆာင္ၿပီးေတာ့ ဒီနာနဲ႔မဆုံေအာင္ ႀကိဳးစား"
လင္းရႈအာက ယဲ့ခ်င္းရန္ကို ၾကည့္လိုက္၏။ သူမသမီးျဖစ္သူက ေအးစက္ကာ ေလးနက္သည့္အမူအရာျဖင့္ အလင္းကို ေက်ာခိုင္းၿပီးရပ္ေနသည္။ ႏွစ္ေတြၾကာၿပီးသည့္တိုင္ေအာင္ သူမသမီးရဲ့ ယခုအျခမ္းကို တစ္ခါမွမျမင္ဖူးခဲ့ေပ။ တစ္ခုခုႀကီးတာ ျဖစ္ေတာ့မလို သူမရဲ့ႏွလုံးသားက တင္းၾကပ္ေနသည္။
သူမက ေခတၱမၽွတုံ႔ဆိုင္းေနၿပီးမွ ေခါင္းညိတ္လိုက္သည္။ သူမက ယဲ့ခ်င္းရန္ကို အေပၚထပ္သို႔ေခၚသြားၿပီး စာခ်ဳပ္ကို ျပလိုက္၏။ ယဲ့ခ်င္းရန္က ၾကည့္လိုက္ေတာ့ စာခ်ဳပ္ထဲတြင္ မွားယြင္းေနတာမ်ိဳး မေတြ႕ေပ။ သူမက စာခ်ဳပ္ကို အေဝးသို႔ ခ်လိုက္သည္။
သူမက လင္းရႈအာကို ေျပာလာသည္။ "ဒီေန႔ ေန႔လည္စာအတြက္ မားက ခ်ိန္းထားၿပီးၿပီဆိုေတာ့ သြားလိုက္..ဒါေပမယ့္ ဒီေန႔ေန႔လည္စာမွာ မားတစ္ခုလုပ္ခဲ့ရမယ္...ပရဟိတေလလံပြဲမွာ မားက ပတၱျမားတစ္ဆင္စာ လႉမယ္ဆိုတာကလြဲရင္ မားက ဒီနာကို အႀကံတစ္ခုေပးရမယ္... အဲဒါက ေလလံပြဲကို သူမက လူမ်ားမ်ားလာေစခ်င္ရင္ သူမက အဖြဲ႕အစည္းအတြက္ ေျပာေရးဆိုခြင့္ရွိသူခန႔္ဖို႔ လိုမယ္... အဲ့လူက ပစၥည္းအမ်ားဆုံးလႉတဲ့ျဖစ္ၿပီးေတာ့ ေလလံပြဲမွာ ေငြအမ်ားဆုံး ေလလံဆြဲနိုင္တဲ့သူျဖစ္ရမယ္... အဲ့လူကို ေနာက္ကြယ္ကေနၿပီး မားက ေထာက္ပံ့ေပးမယ္ဆိုၿပီး မားက ကတိေပးရမယ္...ၿပီးေတာ့ အဲ့ေျပာေရးဆိုခြင့္ရသူကို မားျပင္ဆင္ေနတဲ့ ႐ုပ္ရွင္မွာ ဇာတ္လိုက္အမ်ိဳးသမီးေနရာကို ေပးမယ္လို႔ သူမကိုေျပာရမယ္"
အဲ့လိုနည္းႏွင့္ ေဖာင္ေဒးရွင္းႏွင့္ယဲ့မိသားစုၾကား နက္ရွိုင္းသည့္ ဆက္သြယ္ေရးရွိလာမွာျဖစ္သည္။ ဒါက ဒီနာလိုခ်င္သည့္ အရာျဖစ္သည္။ ဒီနာက ေသခ်ာေပါက္ ျငင္းပယ္မည္မဟုတ္ေပ။
လင္းရႈအာက နားေထာင္ေလေလ ပိုၿပီး ရႈပ္ေထြးေလေလျဖစ္သည္။
သူမက ေမးလာသည္။ "ဘာလို႔လဲ? ဘာလို႔ မားမားက ႐ုပ္ရွင္ရိုက္ဖို႔ ျပင္ရမွာလဲ? ဒီနာက အဲဒါကိုေမးလာရင္ မားမားက သူမကို ဘယ္လိုျပန္ေျဖရမွာလဲ?"
ယဲ့ခ်င္းရန္က ေျပာလာသည္။ "ဒုတိယအစ္ကိုကို ေထာက္ပံ့ဖို႔ မားက ႐ုပ္ရွင္တစ္ခုလုပ္ဖို႔ ျပင္ရမယ္... ဇာတ္လိုက္အမ်ိဳးသားေနရာက ဒုတိယအစ္ကိုပဲ ျဖစ္ရမယ္ဆိုၿပီးေတာ့ မားက ဒီနာကိုေျပာရမယ္"
လင္းရႈအာက မ်က္ေမွာင္ၾကဳတ္လိုက္သည္။ "မားမားက ဘာလို႔ ဒုတိယအစ္ကိုကိုေထာက္ပံ့ရမွာလဲ? ခ်င္းရန္ ၿပီးခဲ့တဲ့တစ္ေခါက္ သမီးရဲ့ အသက္ကိုရင္းၿပီး ကယ္ခဲ့တယ္...အခု သူ႔အတြက္ ႐ုပ္ရွင္ရိုက္ဖို႔ ျပင္ေနျပန္ၿပီ... ဘယ္အခ်ိန္တုန္းကမ်ား သူနဲ႔ ရင္းႏွီးသြားရတာလဲ?"
"အခုကၽြန္ေတာ္ေျပာနိုင္တာတစ္ခုက ကၽြန္ေတာ္လုပ္ေနတာေတြက မားကို ကယ္တင္ေနတာပဲ... အဲ့ဒီနာက မားကို ရည္ရြယ္ခ်က္ရွိရွိ ခ်ဥ္းကပ္လာတာ" ယဲ့ခ်င္းရန္က သူမကို ၾကည့္လိုက္သည္။ သူမရဲ့အၾကည့္ေတြက ေရလိုတည္ၿငိမ္ၿပီး ေလးနက္သည့္ အရိပ္အေယာင္ရွိေနသည္။
လင္းရႈအာက ထိတ္လန႔္သြားသည္။ "ရည္ရြယ္ခ်က္နဲ႔? မျဖစ္နိုင္တာ ဒီနာက အရမ္းေကာင္းတဲ့လူကို...ၿပီးေတာ့ မားက သူမကို ကူညီထားတာ ဘာလို႔ သူမက ဒီလိုဆက္ဆံမွာလဲ?"
လင္းရႈအာကို ယဲ့ခ်င္းရန္က သူမ၏ခန႔္မွန္းခ်က္ေတြကို ေျပာျပလိုက္သည္။
"ယုံခ်င္ေန မယုံခ်င္ေနေတာ့... ကၽြန္ေတာ္လည္း ယဲ့ကၽြင္းရဲ့သားျဖစ္ခ်င္ေနတာမဟုတ္ဘူး..ဒါေပမယ့္ မားကေရာ? ဒီနာသာ မားကို လိမ္တာအမွန္ဆိုရင္ ယဲ့မိသားစုကို ထိခိုက္ေအာင္လုပ္တဲ့သူက မားျဖစ္မွာ... ယဲ့ကၽြင္းရဲ့ဇနီးမျဖစ္ခ်င္ေတာ့ဘူးလား?"
"မားမားရဲ့ႏွလုံးသားကို နာက်င္ေအာင္လုပ္ေနတာပဲ... မားမားက သမီးကို ဘယ္လိုလုပ္ၿပီး မယုံရမွာလဲ? လန႔္သြား႐ုံေလးပဲကို" လင္းရႈအာက ေျပာရင္း မ်က္ဝန္းေတြက နီရဲလာကာ ငိုခ်င္လာ၏။
"ဘယ္ေလာက္ပဲ မားက ထိတ္လန႔္ေနပါေစ... ဒီနာအေရွ႕မွာ ဘာမွ မျဖစ္သလို ဟန္မေဆာင္နိုင္ရင္ မသြားနဲ႔... သူမကို ဖုန္းဆက္ၿပီးေျပာလိုက္"
လင္းရႈအာက သူမခံစားခ်က္ေတြကို ထိန္းခ်ဳပ္လိုက္သည္။ "မဟုတ္ဘူး မား သြားမယ္... သမီးဘာလုပ္ခ်င္လဲဆိုတာ မားမသိေပမယ့္ သမီးကို မားယုံတယ္...သမီးကို မားက ေထာက္ပံ့မယ္"
သူမရဲ့ေလသံက တည္ၿငိမ္ၿပီး ျပတ္သားသည္။
ယဲ့ကၽြင္းကို မ်က္ႏွာခ်င္းဆိုင္သည့္အခါမွသာ သူမက ဗလာသက္သက္ေခါင္းျဖစ္ေနသည့္ အခ်စ္႐ူးလိုျဖစ္သြားတာ ျဖစ္၏။ က်န္သည့္အခ်ိန္ေတြမွာေတာ့ စဥ္းစားခ်င့္ခ်ိန္တတ္ၿပီး လိမၼာပါးနပ္သည့္ အမ်ိဳးသမီးျဖစ္သည္။
အဲ့ဒီည၏ ညစာစားခ်ိန္မွာေတာ့ ယဲ့ခ်င္းရန္က လင္းရႈအာဆီက ဖုန္းေခၚဆိုမႈကို ရရွိလာသည္။ သူမက ယဲ့ခ်င္းရန္ကို ဒီနာက သူမ၏အႀကံဉာဏ္ကို လက္ခံေၾကာင္းႏွင့္ ပရဟိတေလလံပြဲကို အႀကီးႀကီးလုပ္မယ့္အေၾကာင္းေတြေျပာလာသည္။ ခ်မ္းသာႂကြယ္ဝသည့္ အမ်ိဳးသမီးေတြတင္မက တစ္ခ်ိဳ႕အႏုပညာရွင္ေတြကိုလည္း ဖိတ္ၾကားမည္ျဖစ္သည္။
ယဲ့ခ်င္းရန္က သူမႏႈတ္ခမ္းကိုေကြးကာ ျပဳံးလိုက္သည္။ ငါးစာေတာ့ ခ်ၿပီးၿပီ။ ဘယ္သူက ငါးစာကိုခ်ိတ္မိမလဲဆိုတာ ဘယ္သူမွသိမွာမဟုတ္ေပ။
ညစာကို အိမ္မွာ စားခ်ိန္၌ ခ်ဴယန္တင္သာမက ဟဲစီက်ိဳးပါရွိေနသည္။ သူက ယဲ့ခ်င္းရန္၏ နားလည္ရန္ခက္သည့္အျပဳံးကို ၾကည့္ကာ မေနနိုင္ေတာ့ဘဲ ေမးလိုက္သည္။ "သူငယ္ခ်င္းေလး မင္းရဲ့အျပဳံးက အႏၲရာယ္မ်ားတဲ့ပုံျဖစ္ေနတယ္လို႔ ငါခံစားေနရတယ္... ဘယ္သူ႔ကိုမ်ား မင္းလွည့္စားျပန္ၿပီလဲ?"
ယဲ့ခ်င္းရန္က သူ႔ကို ရိုးသားျဖဴစင္စြာၾကည့္လိုက္သည္။ "လွည့္စားတယ္? မဟုတ္ပါဘူးေနာ္...ကၽြန္ေတာ္က သန႔္ရွင္းျဖဴစင္တဲ့လူပါ...ဘယ္လိုလုပ္ၿပီး လူေတြကို လွည့္စားနိုင္မွာလဲ?"
ခ်ဴယန္က ဟဲစီက်ိဳးကို ႐ုတ္တရက္ႀကီးဟင္းေတြထည့္ေပးလိုက္သည္။ ဟဲစီက်ိဳးက အဲဒါကိုျမင္ေတာ့ ထိရွသြားသည္။
"ခ်ဴယန္ ဘုရားေရ ႏွစ္ေတြအမ်ားႀကီးၾကာၿပီးခ်ိန္မွာေတာ့ လူသားဆန္တဲ့စိတ္ေတြရွိလာၿပီ... ေနာက္ဆုံးေတာ့ ငါ့ကို ေကာင္းေကာင္းမြန္မြန္ဆက္ဆံလာၿပီ..."
သူ႔စကားမဆုံးခင္မွာ ခ်ဴယန္က ၾကားျဖတ္ေျပာလိုက္သည္။ "အစားကိုပဲစား... ဒီေလာက္ဟင္းပြဲေတြမ်ားေနတာေတာင္ ပါးစပ္က မပိတ္နိုင္ဘူး"
ဟဲစီက်ိဳး: "..."
သူက ေဒါသထြက္သြားသည္။ "ငါလခြမ္း... မင္းနဲ႔သူငယ္ခ်င္းျဖစ္ခဲ့တာ ငါကန္းေနလို႔ပဲျဖစ္မယ္..ဘယ္လိုအျပစ္မ်ား ငါလုပ္မိခဲ့လို႔လဲ? အခ်ိန္ေနာက္ျပန္လွည့္ၿပီး သူ႔ကို ငါ့ဘဝကေနဖယ္ထုတ္လို႔ရမလား"
ခ်ဴယန္က ျပန္ေျဖလာသည္။ "အခ်ိန္ျပန္လွည့္ဖို႔မလိုဘူး...အခု မင္းကိုယ္မင္း ဖယ္ထုတ္လိုက္လို႔ရတယ္"
သူ႔ေဘးတြင္ ထိုင္ေနသည့္ ယဲ့ခ်င္းရန္က မေနနိုင္ေတာ့ဘဲ ရယ္ေတာ့သည္။
ဟဲစီက်ိဳးက ဆူပုတ္သြားကာ သူမကို ေဒါသတႀကီး ၾကည့္လိုက္သည္။ "သူငယ္ခ်င္းေလး..မင္းက ရယ္ရဲေသးတယ္လား?"
သူက အႏၲရာယ္မ်ားသည့္အျပဳံးကိုျပဳံးျပလိုက္သည္။ "ငါက ခ်ဴယန္ကို အနိုင္မက်င့္နိုင္ေပမယ့္ မင္းကိုေတာ့ အနိုင္မက်င့္ရဲဘူးလို႔ေတာ့မထင္နဲ႔"
ခ်ဴယန္က သူ႔ကိုၾကည့္လိုက္သည္။ "အဲဒါဆို ဘာလို႔ မႀကိဳးစားၾကည့္လဲ"
2021 Dec 26
===============================