နိုးထလာသော သန်မာသည့် အမျိုးသမ...

By Autumn_Aster

1.7M 253K 10.7K

ယဲ့ချင်းရန် နိုးလာတော့ သူမက စာအုပ်ထဲ ကူးပြောင်းသွားတာကို သိလိုက်ရတယ်။ သူမက ဂုဏ်မောက်ပြီး ဗိုလ်ကျတတ်တဲ့ ဆိုးဝါ... More

Chapter 1: She Was A Vicious Female Supporting Character
Chapter 2 - She had Three friends
Chapter 3: She Liked To Torture Scum
Chapter 4: She Was A Super Scumbag
Chapter 5: So Her Type
Chapter 6: She Liked To Flirt With Him
Chapter 7: Her Crisis Of Expulsion
Chapter 8: Her Perfect Counterattack
Chapter 9: Her Perfect Counterattack (2)
ကျေးဇူးတင်လွှာ
Chapter 10: Her Bet On The Top 100
Chapter 11: Her Tutor
Chapter 12: Mortal God
Chapter 13: Her Academic Star Third Brother
Chapter 14: She Hitched A Ride
Chapter 15: She Seemed To Be Acting As A Matchmaker
Chapter 16: Her Sister-attracting Physique
Chapter 17: She Fought With The Male Protagonist For A Woman?
Chapter 18: Her Fourth Girlfriend
Chapter 19: Errand Boy Boyfriend
Chapter 20: Her Lousy Father
Chapter 21: She Wasn't Surprised
Chapter 22: Her Kind Reminder
Chapter 23: She Had Really Given Him Face
Chapter 24: She Was Going To Accept The Challenge
Chapter 25: She Discovered That She Was Being Spied On
Chapter 26: She Wanted The Video To Be Broadcasted
Chapter 27: She Wanted To Be The Damsel Saving The Hero
Chapter 28: She Was Inviting Him Into The Trap
Chapter 29: She Seemed To Have Been Discovered
Chapter 30: Was She A Child?
Chapter 31: Her Three Conditions
Chapter 32: Her Monthly Exam Score
Chapter 33: Playing Hard To Get
Chapter 34: She Would Like To Request A Reexamination
Chapter 35: She Used Her Strength To Prove Them Wrong
Chapter 36: She Wanted To Bring Disaster To Him Even More
Chapter 37: She Really Wanted To Protect Him
Chapter 38: Was She About To Fall Off The Horse?
Chapter 39: Her Rescue Plan
Chapter 40: She Tricked Her Third Brother Again
Chapter 41: She was so embarrassed
Chapter 42: She Pressed Him Against The Wall
Chapter 43: She Could Not Figure Chu Yan Out
Chapter 44: Her damned charm
Chapter 45: She Was Secretly Photographed
Chapter 46: She Kept a Gigolo
Chapter 47: She Was so Angry That She Could Kill Herself
Chapter 48: She Did Not Play by the Rules
Chapter 49: Her Male Idol Was so Gentle
Chapter 50: She Was Not His Type
Chapter 51: She Wanted Chu Yan to Buy It
Chapter 52: She Seemed to Have Been Seduced
Chapter 53: Her Third Brother Was Domineering and Mighty
Chapter 54: she met the host's mother for the first time
Chapter 55: She Liked Men
Chapter 56: She Was Not Afraid of Being Misunderstood
Chapter 57: She Was Being Probed
Chapter 58: She and Chu Yuan Share the Same Birthday
Chapter 59: Her Women
Chapter 60: She Got the First Place
Chapter 61: She Was Exposed
Chapter 62: She Offers Herself to Repay His Kindness
Chapter 63: She Received a Money Packet from Him
Chapter 64: She Was Selected without Competition
Chapter 65: She was Framed Again
Chapter 66: She was Accused of Stealing Money
Chapter 67: She Like
Chapter 68: Her Heavenly Dishes were so Awesome
Chapter 69: She tested Chu Yan's Attitude
Chapter 70: She Was Afraid That He Would be Addicted to Beauty
Chapter 71: Her Worst Father in the History
Chapter 72: She Did Not Want to be Sold!
Chapter 73: Her Second Brother, The Villain
Chapter 74: The Duel Between Her and the Male Lead
Chapter 75: She had been Challenged
Chapter 76: She Wanted to Catch The Leader First Before She Catch the Thief
Chapter 77: Her Helpers Arrived
Chapter 78: Her Revealed Boyfriend
Chapter 79- Her Jealous Brothers
Chapter 81: She Had to Protect The Handsome Guy
Chapter 82: She Seemed to Be Moved
Chapter 83: She Was Being Targeted Again
Chapter 84: She Was Shocked Too
Chapter 85: She Messed Up the Plot
Chapter 86: Was She Ill?
Chapter 87: She Took Care of Chu Yan
Chapter 88: Her Special Story
Chapter 89: She Became the Number One Trending Topic
Chapter 90: She was Tricked
Chapter 91: She Almost Tricked Herself
Chapter 92: She's Been Fantasized About!
Chapter 93: She Wants to Do It Her Way
Chapter 94: She Wants to Go Fishing
Chapter 95: Her Second Girlfriend
Chapter 96: The Law of Female Supporting Role
Chapter 97: She Asked Chu Yan for Help
Chapter 98: Her Little Wife
Chapter 99: Cheated by her brother
Chapter 100: How did She Fall in Love?
Chapter 101: She Might Really Like Men
Chapter 102: Attending an Auction
Chapter 103: She Rejected the Unspoken Rule
Chapter 104: She Went Straight to Confront Him
Chapter 105: She Had A Falling out
Chapter 106: Her Counter-Attack
Chapter 107: Her Two Boats Almost Capsized
Chapter 108: Her Confidence and Calculation
Chapter 109: Her Heavenly Dishes were Shy
Chapter 110: She Slapped the Female Protagonist in the Face again
Chapter 111: Her Secret was Revealed
Chapter 112: She Understood Her Heart
Chapter 113: She Was Seduced Intentionally
Chapter 114: Her Celebration and Crisis
Chapter 115: Things That She Could Do as An Adult
Chapter 116: She's Really Floating Now
Chapter 117: She's Got A Good Show to Watch
Chapter 118: She Is Deliberately Causing Trouble
Chapter 119: She Really Is A Woman
Chapter 120: Nobody Believes A Word She Says
Chapter 121: She Has to Return The Favor
Chapter 122: Of Course She Liked Men
Chapter 123: Her Gift To Chu Yan
Chapter 124: She Is Still The Lead Actress' Opponent
Chapter 125: She Couldn't Stop Teasing Chu Yan
Chapter 126: She Couldn't Stop Liking Chu Yan
Chapter 127: Her Boyfriend Is Really Handsome
Chapter 128: Her First Girlfriend
Chapter 129: She Couldn't Bear to Break up
Chapter 130: She Already Knew She Was A Girl
Chapter 131: Her Fatherly Boyfriend?
Chapter 132: She Can't Stop Cheating Her Third Brother
Chapter 133: Her Journey Begins
Chapter 134: She Doesn't Like Drinking
Chapter 135: She Was Caught off Guard and Hugged
Chapter 136: She Likes Chu Yan..
Chapter 137: She Liked the Way He Smiled
Chapter 138: Her Personal Wake-up Alarm
Chapter 139: She Failed Miserably
Chapter 140: She Was Getting Provoked!
Chapter 141: She Wanted to Torture the Female Protagonist to Death
Chapter 142: She Want to Listen to A Big Gossips
Chapter 143: She Was Getting Sick This Time
Chapter 144: Her Handsome Guy Was as Straight as Steel
Chapter 145: She Want to Create the Gossips Slowly
Chapter 146: She Takes Her Time to Play with the Female Protagonist
Chapter 147: She Wants to Go Find A Man
Chapter 148: She Was Prohibited by Chu Yan
Chapter 149: She Was Being Suspected By Chu Yan
Chapter 150: She Felt She Could Share It With Him
Chapter 151: She Won't Believe the Male Protagonist
Chapter 152: She Wants Chu Yan's Reward...
Chapter 153: Her Daily Teasing
Chapter 154: She Is A Member of His Family
Chapter 155: Is This Time Considered Lying Down?
Chapter 156: Her Way to Becoming A Matchmaker
Chapter 157: She Needs to Break the Engagement
Chapter 158: She Decided to Tell Chu Yan
Chapter 159: She Really Doesn't Want to Go to Work
Chapter 160: Her Long Lost Job
Chapter 161: Must Be Decisive
Chapter 162: Me, Do You Like?
Chapter 163: The Capital, Yan Family
Chapter 164: Reversal, a Slap to the Face
Chapter 165: Tricked By Chu Yan
Chapter 166: Here to Help You Torture Scum
Chapter 167: The Brightest Bulb
Chapter 168: Back Rubs That You Can't Escape
Chapter 169: The Beginning of a Coincidental Encounter
Chapter 170: Who Is Your Friend
Chapter 171: Ye Qingran Was Not Gentle
Chapter 172: Introducing A Girlfriend to Chu Yan
Chapter 173: Don't Treat You as My Biological Brother
Chapter 174: Seen By Third Brother
Chapter 175: Suddenly Became A Father
Chapter 176: Who's Child Is It
Chapter 177: Everything Had Already Been Planned
Chapter 178: He Has A Daughter Now...
Chapter 179: When A Boy Turns Into A Girl (1)
Chapter 180: When A Boy Turns Into A Girl (2)
Chapter 181: The Love From An Old Father (1)
Chapter 182: The Love From An Old Father (2)
Chapter 183: Degree Change
Chapter 184: Confirm His Intentions
Chapter 185: Does Chu Yan Know?
Chapter 186: I Have Someone I Like
Chapter 187: Suddenly Confessed to
Chapter 188: Men or Women Are The Same
Chapter 189: When Did You Find Out
Chapter 190: What Did She Do When She Was Drunk
Chapter 191: The So-Called Love, Is Useless
Chapter 192: Don't Think You're Boyfriend Is Good
Chapter 193: Are You Confessing to Me?
Chapter 194: Do You Want Me to Pursue You
Chapter 195: Turned Out to Be Shy
Chapter 196: The Dream of the Future
Chapter 197: The Heroine Returns
Chapter 198: Things Were Messed Up
Chapter 199: Winning Back a Man's Heart

Chapter 80: She Abandoned Him ?

8.7K 1.4K 91
By Autumn_Aster

UNICODE

"ပြီးခဲ့တဲ့တစ်ခေါက် ကျွန်တော်တို့ ညစာတူတူစားတုန်းကလေ မော့နိုင်က ကျွန်တော့်ကို သူ့ကောင်လေးဖြစ်ပေးဆိုပြီး အပူကပ်တယ်... ကျွန်တော့်မှာ ကောင်မလေး လေးယောက်ရှိပြီးတာတောင် ငါးယောက်မြောက်ဖြစ်ချင်တယ်တဲ့ အဲ့အချိန်မှာ ချူယန်က ရောက်ချလာတော့ ကျွန်တော်လည်း အကြံရသွားပြီး ချူယန်ကို ဆွဲပြီးတော့ ကျွန်တော်က ယောကျာ်းတွေကို သဘောကျတယ်ဆိုပြီး လိမ်လိုက်တယ်... အဲ့တော့ ဒါက မော့နိုင်ကို ကျွန်တော်လိမ်ထားတာ"

ယဲ့ချင်းရန်က အများကြီးပြောလိုက်ပေမယ့် ဟဲစီကျိုးက မလှုပ်မယှက်ရှိနေတုန်းပင်....

သူက အဓိပ္ပါယ်အပြည့်နဲ့ ထိုစကား လေးလုံးကို ပြောလာသည်။ "ငါနားလည်ပြီ"

ယဲ့ချင်းရန် ချွေးပြန်သွားသည်။ "ကျွန်တော့်ကိုမယုံဘူး? ဒါဆို ညလယ်စာစားပြီးရင် ပြန်ပြီး ချူယန်ကို သွားမေးရအောင်"

ဟဲစီကျိုးက ငြင်းလိုက်၏။ "ငါက သူ့ရဲ့အကြီးမားဆုံးလျှို့ဝှက်ချက်ကို သိထားတာကို သူသိသွားရင် ဘာဖြစ်မလဲ?"

ယဲ့ချင်းရန်က ပြောလိုက်သည်။ "အစ်ကိုမသွားဘူးဆိုရင် အစ်ကိုသိထားတဲ့အကြောင်း ကျွန်တော်ပြောလိုက်မှာ... သူလည်း သိဖို့လိုတယ်လေ... အစ်ကို ကျွန်တော့်ကို ယုံရမယ် အဲ့နေ့က ကျွန်တော်တကယ်ကို အလျင်လိုနေတာ"

သူမ ဂရုမစိုက်ပါ။ ထို့အပြင် စောင့်နေလို့လည်းမဖြစ်ဘူး။ သို့သော်ငြားလည်း ချူယန်က သေချာပေါက် ကြိုက်မှာမဟုတ်ပေ။ ဒီဟာက ယခုလက်ရှိ သူတို့ဆက်ဆံရေးကို ထိခိုက်နိုင်သည်။ ထို့ကြောင့် မေ့လိုက်တာ အကောင်းဆုံးပင်။

ဟဲစီကျိုးက တွေးပြီးနောက် သဘောတူလိုက်သည်။ သူခေါင်းငြိမ့်လိုက်၏။ "ဟုတ်ပြီ အဲဒါဆို ခဏနေ မင်းနဲ့လိုက်ပြန်ပြီး မေးလိုက်မယ်"

*****

ယဲ့ချင်းရန် ပြန်လာတော့ ချူယန်နှင့် တည့်တည့်တိုးလေသည်။

ချူယန်က ဒီညကို ဗီလာမှာ ညအိပ်သည်။ သူတို့ပြန်လာတော့ ချူယန်က စာကြည့်ခန်းထဲတွင် ဖြစ်၏။

သူတို့နှစ်ယောက် တူတူပေါ်လာလို့ ချူယန်တောင် အနည်းငယ် အံ့အားသင့်သွားသည်။
သူ့လက်ထဲက စာရွက်စာတမ်းတွေကို ချလိုက်ပြီး ခုံတွင်မှီရင်း သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။

ယဲ့ချင်းရန်က သူ့မျက်နှာချင်းဆိုင်ရှိ ခုံတွင် ဝင်ထိုင်ပြီး တိုက်ရိုက်ပဲ မေးလိုက်သည်။ "အစ်ကို ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်တော် မော့နိုင်နဲ့ဆုံတာကို မှတ်မိလား? ကျွန်တော် သူမကို မငြင်းနိုင်ခဲ့ဘူးလေ... အဲ့အချိန်မှာ ကျွန်တော်က အစ်ကို့ကို ကျွန်တော့်ကောင်လေးအဖြစ် ဟန်ဆောင်ပေးဖို့ အကူအညီတောင်းခဲ့တယ်လေ"

ချူယန်က ဆက်ပြီး တည်ငြိမ်နေသည်။ "မင်း ဘာကိုပြောချင်တာလဲ"

ဟဲစီကျိုးရဲ့ စပ်စုတဲ့အကြည့်က ထိုနှစ်ယောက်ကြားထဲ ကူးလူးနေသည်။

ယဲ့ချင်းရန်က လက်နှစ်ချောင်းထောင်ပြလိုက်သည်။ "အရင်ဆုံး အစ်ကို့ကို သတင်းနှစ်ခုပြောစရာရှိတယ်... တစ်ခုက သတင်းကောင်း နောက်တစ်ခုက သတင်းဆိုး... ဘယ်ဟာအရင်ကြားချင်လဲ?"

ချူယန်က ဂရုမစိုက်ဟန်ဖြင့် ပြောလာသည်။ "မင်းပြောချင်တာကို ပြော"

ယဲ့ချင်းရန်က ပြောလာသည်။ "ဒါဆို အရင်ဆုံး သတင်းကောင်းပြောပြမယ်...သတင်းကောင်းက ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်တော့်ကို အနှောက်အယှက်ပေးနေတဲ့ မော့နိုင်က နောက်ဆုံးမှာ သူ့ကောင်လေးဖြစ်ပေးဖို့ ကျွန်တော့်ကိုပြောတာရပ်သွားပြီ... ကျွန်တော့်ကို သူမ လက်လျှော့သွားပြီ... ဒါ့အပြင် သူမက ဟဲစီကျိုးကို စိတ်ဝင်စားသွားပြီ"

ချူယန်က သူ့နှုတ်ခမ်းကို ကွေးလိုက်ပြီး ဟဲစီကျိုးကို လှောင်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ "ဂုဏ်ပြုပါတယ်"

ဟဲစီကျိုးက သူ့ဆံပင်ကို ခန့်ညားစွာ သပ်လိုက်သည်။ "မတတ်နိုင်ဘူးလေ.... ငါလည်း ကောင်မလေးတွေက ပထမဆုံးအကြည့်မှာတင် ချစ်သွားပြီး ကိုးကွယ်တာမျိုးကို မလိုချင်ပါဘူး...တစ်ခါတစ်လေ ငါလည်း စိတ်ဖိစီးရတယ် ဒါပေမယ့်လည်း ငါကဘာလုပ်နိုင်မှာလဲ? ဘယ်သူက ငါ့ကို ဒီလောက်ထူးချွန်ပြီး ဆွဲဆောင်မှုရှိခိုင်းထားလဲ မသိပါဘူးကွာ"

ယဲ့ချင်းရန် : "အမ်"

ဟဲစီကျိုးက အရမ်း ကိုယ့်ကိုကိုယ်ကျေနပ်တတ်တဲ့သူပဲ... သူက ချူယန်ရဲ့အရှေ့မှာ သူ့ကိုယ်သူ ထူးချွန်ပြီး ဆွဲဆောင်မှုရှိတယ်လို့တောင် ပြောလိုက်သေးတယ်ပေါ့လေ.... ကိုယ်ရည်သွေးတဲ့သူ

သူမက ဆက်ပြောလာသည်။ "သတင်းဆိုးက မော့နိုင်က ဟဲစီကျိုးကို ပြီးခဲ့တဲ့တစ်ခေါက် ကျွန်တော်တို့နဲ့ ဆုံတဲ့အကြောင်းကို ပြောပြလိုက်တယ်... အခု ဟဲစီကျိုးက အစ်ကို့ကို ကျွန်တော့် ကောင်လေးဆိုပြီး အထင်လွဲနေတယ်"

ချူယန်က ရုတ်တရက် ဖြတ်ပြောလာသည်။ "ငါကမင်းရဲ့ကောင်လေးမဟုတ်ဘူးလား?"

ယဲ့ချင်းရန်က ချူယန်ကို ကြောင်ကြည့်နေပြီး သူမများ နားကြားမှားလားလို့ တွေးမိသွားသည်။ "အာ..."

ချူယန်က သူ့လက်ကို စားပွဲပေါ် ယှက်ပြီးတင်ကာ ထပ်မေးလိုက်သည်။ "ဘာလဲ? ငါက မင်းကို အရှက်ရစေလို့လား? ဒါမှမဟုတ် ငါ့ကို စွန့်ပစ်ချင်တာလား?"

ယဲ့ချင်းရန်ရဲ့ ခေါင်းမှာ အသံတွေမြည်လာပြီး လက်ကို ဝှေ့ရမ်းလိုက်မိသည်။ "..."

ဟဲစီကျိုးက မနေနိုင်ဘဲ ထပြောတော့သည်။ "သေစမ်း သေစမ်း...အမှန်ပဲ.... ပြီးတော့ ချူယန် မင်းက ဂေးဆိုတာ ဝန်ခံပြီပေါ့...အခု မင်းက လုံးဝဂေးသွားပြီပေါ့"

ပြီးခဲ့တဲ့တစ်ခေါက်က ယဲ့ချင်းရန်နဲ့ ချူရုန်ရုန်က လိုက်ဖက်ညီတယ်လို့ သူပြောတုန်းက ချူယန်ရဲ့အမူအရာ မည်းမှောင်သွားတာ အံ့ဩစရာမဟုတ်တော့ဘူးပဲ.... သူ့(ချူယန်)ကို မျက်လုံးမှာ ပြဿနာရှိနေလား ဆရာဝန်သွားပြဖို့တောင် သူ(ဟဲစီကျိုး)ပြောဆိုလိုက်သေးတယ်။ အခုတော့ဘာလို့ ချူယန်က ယဲ့ချင်းရန်နဲ့သူ့ညီမကို ခွဲပစ်ချင်လဲဆိုတာ နောက်ဆုံးမှာ သူနားလည်သွားပြီ။ ဆိုတော့ သားရဲကြီးက ဒီကောင်လေးကို မျက်စိကျနေတယ်ပေါ့လေ.... သူက ငယ်သေးတာကို ဒီသားရဲကြီးက ဘယ်လိုလုပ်ပြီး မျက်စိကျနိုင်တာလဲ...

ချူယန်က အေးစက်စွာပြောလာသည်။ "အခု မင်းမေးပြီး အဖြေရပြီဆိုတော့ သွားလိုက်တော့...ငါတို့အနားယူတဲ့အချိန်ကို လာမထိခိုက်နဲ့"

ဟဲစီကျိုးက လက်ကို ဝှေ့လိုက်ပြီး "ငါအခုပြန်ပြီ စိတ်မပူနဲ့ ငါဘယ်သူ့ကိုမှ မပြောဘူး ဘယ်သူ့ကိုမှမပြောဘူး"

ဒီနေ့က စိတ်လှုပ်ရှားစရာနေ့လေးပဲ...

ယဲ့ချင်းရန်က မျက်တောင်ခတ်ပြီး ချူယန်ကို ရှုပ်ထွေးနေသည့်အမူအရာဖြင့် ကြည့်နေသည်။

"အစ်ကို ဘာလို့ ဟဲစီကျိုးကို မရှင်းပြရတာလဲ"

ချူယန်က မေးလိုက်၏။ "မော့နိုင်က ဟဲစီကျိုးကို သဘောကျနေတယ်လို့ မင်းမပြောဘူးလား? ဟဲစီကျိုးက သူမကို သဘောကျမယ်လို့ မင်းထင်လား"

ယဲ့ချင်းရန်က ခေါင်းခါလိုက်သည်။ "ကြည့်ရတာ ခံစားချက်က ရှိမယ်ဆိုပေမယ့် မရှိသေးဘူး"

ချူယန်က ပြောလာသည်။ "ယုံကြည်မှုရှိစမ်းပါ...အဲ့ခံစားချက်ဆိုတဲ့စကားကို ဖယ်ပစ်လိုက်"

ယဲ့ချင်းရန် "..."

ချူယန်က ထပ်ပြောလာသည်။ "ငါ ဟဲစီကျိုးကို နားလည်ထားတာကို အခြေခံရမယ်ဆိုရင် မင်းက သူ့ကို အမှန်ပြောလိုက်ရင် မော့နိုင်က သူ့ကိုစိတ်ရှုပ်အောင်လုပ်လာတဲ့အခါ သူက သေချာပေါက် အမှန်ပြောလိုက်မှာပဲ... မော့နိုင်က မင်းကို ထပ်ပြီး လာနှောင့်ယှက်ရင် ဘယ်လိုလုပ်မလဲ"
(T/N: ကလေးကို နှစ်ပေါက်တစ်ပေါက်ရိုက်နေတဲ့ အစ်ကိုကြီး)

ယဲ့ချင်းရန်က သက်ပြင်းချလိုက်ပြီး အနည်းငယ်လေးစိတ်ပျက်သွားသည်။ယဲ့ချင်းရန် : "အမှန်ပဲ အစ်ကို...အစ်ကိုက အရမ်းတွေးပေးတတ်တာပဲ"

ချူယန် : "ငါက မင်းကို ကူညီထားတာဆိုတော့ အဆုံးထိ ကူညီရမှာပေါ့"

ယဲ့ချင်းရန်က သူမရဲ့စိတ်ဖိစီးမှုကို ဖော်ပြလိုက်သည်။ "ဒါပေမယ့် အစ်ကိုက ဟဲစီကျိုးအရှေ့မှာ ဝန်ခံလိုက်တယ်လေ... ပြောရရင် သူက အစ်ကို့ကို ဂေးလိုဆက်ဆံလာတော့မှာ အဲဒါက အစ်ကို့ဂုဏ်သိက္ခာအတွက် မကောင်းဘူးလေ"

သူမက စိတ်ထဲမထားပေ။ ဘာလို့လဲဆိုတော့ သူမက မိန်းကလေးလေ။ သူမကို ဂေးလို့အထင်လွဲရင်တောင် သူမအတွက် ပြဿနာလို့ မတွေးပေ။ အဲ့အစား ရယ်ရတယ်လို့ပဲ တွေးမိမှာဖြစ်သည်။

ဒါပေမယ့် ချူယန်လို အေးစက်ပြီး ဝံ့ကြွားတဲ့သူက အဖြောင့်လေ... သူ့ကို ဂေးလို့အထင်လွဲခံရတာက စော်ကားတစ်မျိုးလို့ပဲ ခံစားမိမှာဖြစ်သည်။

ချူယန်က ခဏလောက်တွေးပြီး ပြောလာသည်။ "ငါ့ဂုဏ်သိက္ခာကို ထိခိုက်မှာပဲ.. ဆိုတော့ မင်းက ဘယ်လိုပြန်လုပ်ပေးမလဲ"

"ဘယ်လိုလဲ...ကျွန်တော်လည်းမသိဘူးလေ... ဘယ်လိုလျော်ကြေးမျိုး အစ်ကိုလိုချင်တာလဲ" ယဲ့ချင်းရန်က ဒီတိုင်းလေးသာ ပြောလိုက်ပေမယ့် သူ့အတွက်တော့ သူမအသက်ကို မစတေးချင်ပေ။

ဒါပေမယ့် ထပ်ပြီးတော့ ဒီမေးခွန်းဟောင်းကြီးကိုပဲ တွေးမိသည်။ ချူယန်က သူမကို အရမ်းကူညီထားသည်။

တကယ်ကြီး ဂေးသွားတာလား?
အား အား အား သူမက မိန်းကလေးလေ.... သူမသာ ချူယန်ကို ဂေးအဖြစ်ပြောင်းမိလိုက်ပြီး ချူယန်က ယောကျာ်းတစ်ယောက်နှင့် ချစ်ကျွမ်းဝင်သွားပြီး မိန်းကလေးတွေကို မကြိုက်တော့ရင် ဒါကြီးက အရယ်ရဆုံးဟာသဖြစ်လာမှာ...

ယဲ့ချင်းရန်က တခစ်ခစ်ရယ်ပြီး အစ်အောက်ကြည့်လိုက်သည်။ "မိန်းမလှလေးနဲ့ မိတ်ဆက်ပေးမယ်ဆိုရင်ရော ဘယ်လိုလဲ"

ချူယန်က သူမကို ထူးမခြားသည့်ဟန်ဖြင့် ကြည့်လိုက်သည်။ "..."

ယဲ့ချင်းရန်က ထပ်မေးလာသည်။ "အစ်ကိုက မိန်းမလှလေးတွေကို မကြိုက်ဘူးလား"

"မင်းဘယ်လိုထင်လဲ" ချူယန်က ပြန်မေးလာသည်။

"ကျွန်တော်သိတယ် ကျွန်တော်သိတယ်...ကျွန်တော်တို့က ယောကျာ်းတွေပဲ ဘယ်လိုလုပ်ပြီး မိန်းမလှလေးတွေကို သဘောမကျဘဲနေမှာလဲနော်" ယဲ့ချင်းရန်က ပေါ့ပေါ့ပါးပါးပြုံးပြလိုက်သည်။ "ဒါဆို အစ်ကို အလုပ်ဆက်လုပ်ပါ ကျွန်တော် ရေသွားချိုးပြီး အိပ်တော့မယ်"

ချူယန်က ဖြည်းညင်းစွာပြောလာသည်။ "နောက်ကျနေပြီ...ငါလည်းရေချိုးပြီးအိပ်တော့မှာ.... ရေတူတူချိုးကြရင်ရော ဘယ်လိုလဲ"

ယဲ့ချင်းရန်က အကြားအာရုံနဲ့ဆိုင်တဲ့ ရောဂါရှိနေပြီလားလို့တောင် တွေးမိသွားတယ် ချက်ချင်းပဲ လက်သီးဆုပ်မိသွားသည်။

"ဘာကြီး?"

ချူယန်ရဲ့ နှုတ်ခမ်းထောင့်က မသိမသာကွေးတတ်သွားသည်။ "အနားမှာ ရေချိုးဆောင်ကောင်းကောင်းရှိတယ်.... အခုလေးတင်ပဲ ငါ့ကို လျော်ကြေးပေးချင်တယ်လို့ မပြောခဲ့ဘူးလား... ငါ့နောက်ကျောကို ချေးတွန်းခိုင်းရင်ကောင်းမလားလို့ ငါတွေးမိလို့လေ"

ယဲ့ချင်းရန် "..."

သူက သူမကို ရေချိုးဆောင်သွားဖို့ မေးတာပဲ...လန့်သွားတာပဲ... သူက သူမနဲ့အတူ ရေတူတူချိုးချင်တယ်လို့ တွေးမိသွားတာဖြစ်သည်။

သူမကရယ်လိုက်သည်။ "အကြံကောင်းလို့တော့ ကျွန်တော်မထင်ဘူး...အရင်က နောက်ကျောကို ချေးတွန်းပေးတာမျိုး မလုပ်ဖူးဘူးလေ... လက်ကို ဘယ်လိုသုံးရမလဲဆိုတာလည်း မသိဘူး...ကျွန်တော့်စိတ်ထင် အစ်ကို့ ကြိုက်လောက်မယ်မထင်ဘူး"

2021 Nov 08

ရေချိုးဆောင်က သိလားဟင် F4 ထဲမှာ ဂူဂျွန်ဖြိုးက ဂျန်ဒီ့အဖေနဲ့မောင်လေးနဲ့တူတူသွားတဲ့နေရာလေ
ကိုရီးယား တရုတ်နဲ့ ဂျပန်မှာ အဲ့လို ရေချိုးဆောင်တွေရှိပါတယ်။ မိန်းကလေး/ ယောကျာ်းလေး ခွဲထားပြီး အတွင်းခံလိုမျိုးနဲ့ပဲ ရေစိမ်ကြတာပါ.... ဂျပန်ကျတော့ naked စိမ်ကြတာများပါတယ်

(Paid Gp မရှိပါဘူးနော်... Free ကိုပဲ နေ့တိုင်းနီးပါး update မှန်အောင် တင်ပေးပါတယ်...ကြိုရေးထားတဲ့အကျင့်လည်း မရှိတော့ paid gp လည်းမလုပ်ချင်သလို...အခုလို ဖတ်တဲ့သူမများခင်ထဲက တစိုက်မတ်မတ်ဖတ်လာပေးတဲ့သူတွေကို အားနာလို့ပါ... paid gp မရှိလို့ ကော်ဖီတိုက်ချင်ရင် တိုက်လို့ရပါတယ်။)^ - ^

===========================

ZAWGYI

"ၿပီးခဲ့တဲ့တစ္ေခါက္ ကၽြန္ေတာ္တို႔ ညစာတူတူစားတုန္းကေလ ေမာ့နိုင္က ကၽြန္ေတာ့္ကို သူ႔ေကာင္ေလးျဖစ္ေပးဆိုၿပီး အပူကပ္တယ္... ကၽြန္ေတာ့္မွာ ေကာင္မေလး ေလးေယာက္ရွိၿပီးတာေတာင္ ငါးေယာက္ေျမာက္ျဖစ္ခ်င္တယ္တဲ့ အဲ့အခ်ိန္မွာ ခ်ဴယန္က ေရာက္ခ်လာေတာ့ ကၽြန္ေတာ္လည္း အႀကံရသြားၿပီး ခ်ဴယန္ကို ဆြဲၿပီးေတာ့ ကၽြန္ေတာ္က ေယာက်ာ္းေတြကို သေဘာက်တယ္ဆိုၿပီး လိမ္လိုက္တယ္... အဲ့ေတာ့ ဒါက ေမာ့နိုင္ကို ကၽြန္ေတာ္လိမ္ထားတာ"

ယဲ့ခ်င္းရန္က အမ်ားႀကီးေျပာလိုက္ေပမယ့္ ဟဲစီက်ိဳးက မလႈပ္မယွက္ရွိေနတုန္းပင္....

သူက အဓိပၸါယ္အျပည့္နဲ႔ ထိုစကား ေလးလုံးကို ေျပာလာသည္။ "ငါနားလည္ၿပီ"

ယဲ့ခ်င္းရန္ ေခၽြးျပန္သြားသည္။ "ကၽြန္ေတာ့္ကိုမယုံဘူး? ဒါဆို ညလယ္စာစားၿပီးရင္ ျပန္ၿပီး ခ်ဴယန္ကို သြားေမးရေအာင္"

ဟဲစီက်ိဳးက ျငင္းလိုက္၏။ "ငါက သူ႔ရဲ့အႀကီးမားဆုံးလၽွို႔ဝွက္ခ်က္ကို သိထားတာကို သူသိသြားရင္ ဘာျဖစ္မလဲ?"

ယဲ့ခ်င္းရန္က ေျပာလိုက္သည္။ "အစ္ကိုမသြားဘူးဆိုရင္ အစ္ကိုသိထားတဲ့အေၾကာင္း ကၽြန္ေတာ္ေျပာလိုက္မွာ... သူလည္း သိဖို႔လိုတယ္ေလ... အစ္ကို ကၽြန္ေတာ့္ကို ယုံရမယ္ အဲ့ေန႔က ကၽြန္ေတာ္တကယ္ကို အလ်င္လိုေနတာ"

သူမ ဂ႐ုမစိုက္ပါ။ ထို႔အျပင္ ေစာင့္ေနလို႔လည္းမျဖစ္ဘူး။ သို႔ေသာ္ျငားလည္း ခ်ဴယန္က ေသခ်ာေပါက္ ႀကိဳက္မွာမဟုတ္ေပ။ ဒီဟာက ယခုလက္ရွိ သူတို႔ဆက္ဆံေရးကို ထိခိုက္နိုင္သည္။ ထို႔ေၾကာင့္ ေမ့လိုက္တာ အေကာင္းဆုံးပင္။

ဟဲစီက်ိဳးက ေတြးၿပီးေနာက္ သေဘာတူလိုက္သည္။ သူေခါင္းၿငိမ့္လိုက္၏။ "ဟုတ္ၿပီ အဲဒါဆို ခဏေန မင္းနဲ႔လိုက္ျပန္ၿပီး ေမးလိုက္မယ္"

*****

ယဲ့ခ်င္းရန္ ျပန္လာေတာ့ ခ်ဴယန္ႏွင့္ တည့္တည့္တိုးေလသည္။

ခ်ဴယန္က ဒီညကို ဗီလာမွာ ညအိပ္သည္။ သူတို႔ျပန္လာေတာ့ ခ်ဴယန္က စာၾကည့္ခန္းထဲတြင္ ျဖစ္၏။

သူတို႔ႏွစ္ေယာက္ တူတူေပၚလာလို႔ ခ်ဴယန္ေတာင္ အနည္းငယ္ အံ့အားသင့္သြားသည္။

သူ႔လက္ထဲက စာရြက္စာတမ္းေတြကို ခ်လိုက္ၿပီး ခုံတြင္မွီရင္း သူတို႔ႏွစ္ေယာက္ကို ၾကည့္လိုက္သည္။

ယဲ့ခ်င္းရန္က သူ႔မ်က္ႏွာခ်င္းဆိုင္ရွိ ခုံတြင္ ဝင္ထိုင္ၿပီး တိုက္ရိုက္ပဲ ေမးလိုက္သည္။ "အစ္ကို ၿပီးခဲ့တဲ့တစ္ေခါက္က ကၽြန္ေတာ္ ေမာ့နိုင္နဲ႔ဆုံတာကို မွတ္မိလား? ကၽြန္ေတာ္ သူမကို မျငင္းနိုင္ခဲ့ဘူးေလ... အဲ့အခ်ိန္မွာ ကၽြန္ေတာ္က အစ္ကို႔ကို ကၽြန္ေတာ့္ေကာင္ေလးအျဖစ္ ဟန္ေဆာင္ေပးဖို႔ အကူအညီေတာင္းခဲ့တယ္ေလ"

ခ်ဴယန္က ဆက္ၿပီး တည္ၿငိမ္ေနသည္။ "မင္း ဘာကိုေျပာခ်င္တာလဲ"

ဟဲစီက်ိဳးရဲ့ စပ္စုတဲ့အၾကည့္က ထိုႏွစ္ေယာက္ၾကားထဲ ကူးလူးေနသည္။

ယဲ့ခ်င္းရန္က လက္ႏွစ္ေခ်ာင္းေထာင္ျပလိုက္သည္။ "အရင္ဆုံး အစ္ကို႔ကို သတင္းႏွစ္ခုေျပာစရာရွိတယ္... တစ္ခုက သတင္းေကာင္း ေနာက္တစ္ခုက သတင္းဆိုး... ဘယ္ဟာအရင္ၾကားခ်င္လဲ?"
ခ်ဴယန္က ဂ႐ုမစိုက္ဟန္ျဖင့္ ေျပာလာသည္။ "မင္းေျပာခ်င္တာကို ေျပာ"

ယဲ့ခ်င္းရန္က ေျပာလာသည္။ "ဒါဆို အရင္ဆုံး သတင္းေကာင္းေျပာျပမယ္...သတင္းေကာင္းက ၿပီးခဲ့တဲ့တစ္ေခါက္က ကၽြန္ေတာ့္ကို အေႏွာက္အယွက္ေပးေနတဲ့ ေမာ့နိုင္က ေနာက္ဆုံးမွာ သူ႔ေကာင္ေလးျဖစ္ေပးဖို႔ ကၽြန္ေတာ့္ကိုေျပာတာရပ္သြားၿပီ... ကၽြန္ေတာ့္ကို သူမ လက္ေလၽွာ့သြားၿပီ... ဒါ့အျပင္ သူမက ဟဲစီက်ိဳးကို စိတ္ဝင္စားသြားၿပီ"

ခ်ဴယန္က သူ႔ႏႈတ္ခမ္းကို ေကြးလိုက္ၿပီး ဟဲစီက်ိဳးကို ေလွာင္သည့္အၾကည့္ျဖင့္ ၾကည့္လိုက္သည္။ "ဂုဏ္ျပဳပါတယ္"

ဟဲစီက်ိဳးက သူ႔ဆံပင္ကို ခန႔္ညားစြာ သပ္လိုက္သည္။ "မတတ္နိုင္ဘူးေလ.... ငါလည္း ေကာင္မေလးေတြက ပထမဆုံးအၾကည့္မွာတင္ ခ်စ္သြားၿပီး ကိုးကြယ္တာမ်ိဳးကို မလိုခ်င္ပါဘူး...တစ္ခါတစ္ေလ ငါလည္း စိတ္ဖိစီးရတယ္ ဒါေပမယ့္လည္း ငါကဘာလုပ္နိုင္မွာလဲ? ဘယ္သူက ငါ့ကို ဒီေလာက္ထူးခၽြန္ၿပီး ဆြဲေဆာင္မႈရွိခိုင္းထားလဲ မသိပါဘူးကြာ"

ယဲ့ခ်င္းရန္ : "အမ္"

ဟဲစီက်ိဳးက အရမ္း ကိုယ့္ကိုကိုယ္ေက်နပ္တတ္တဲ့သူပဲ... သူက ခ်ဴယန္ရဲ့အေရွ႕မွာ သူ႔ကိုယ္သူ ထူးခၽြန္ၿပီး ဆြဲေဆာင္မႈရွိတယ္လို႔ေတာင္ ေျပာလိုက္ေသးတယ္ေပါ့ေလ.... ကိုယ္ရည္ေသြးတဲ့သူ
သူမက ဆက္ေျပာလာသည္။ "သတင္းဆိုးက ေမာ့နိုင္က ဟဲစီက်ိဳးကို ၿပီးခဲ့တဲ့တစ္ေခါက္ ကၽြန္ေတာ္တို႔နဲ႔ ဆုံတဲ့အေၾကာင္းကို ေျပာျပလိုက္တယ္... အခု ဟဲစီက်ိဳးက အစ္ကို႔ကို ကၽြန္ေတာ့္ ေကာင္ေလးဆိုၿပီး အထင္လြဲေနတယ္"

ခ်ဴယန္က ႐ုတ္တရက္ ျဖတ္ေျပာလာသည္။ "ငါကမင္းရဲ့ေကာင္ေလးမဟုတ္ဘူးလား?"

ယဲ့ခ်င္းရန္က ခ်ဴယန္ကို ေၾကာင္ၾကည့္ေနၿပီး သူမမ်ား နားၾကားမွားလားလို႔ ေတြးမိသြားသည္။ "အာ..."

ခ်ဴယန္က သူ႔လက္ကို စားပြဲေပၚ ယွက္ၿပီးတင္ကာ ထပ္ေမးလိုက္သည္။ "ဘာလဲ? ငါက မင္းကို အရွက္ရေစလို႔လား? ဒါမွမဟုတ္ ငါ့ကို စြန႔္ပစ္ခ်င္တာလား?"

ယဲ့ခ်င္းရန္ရဲ့ ေခါင္းမွာ အသံေတြျမည္လာၿပီး လက္ကို ေဝွ႕ရမ္းလိုက္မိသည္။ "..."

ဟဲစီက်ိဳးက မေနနိုင္ဘဲ ထေျပာေတာ့သည္။ "ေသစမ္း ေသစမ္း...အမွန္ပဲ.... ၿပီးေတာ့ ခ်ဴယန္ မင္းက ေဂးဆိုတာ ဝန္ခံၿပီေပါ့...အခု မင္းက လုံးဝေဂးသြားၿပီေပါ့"

ၿပီးခဲ့တဲ့တစ္ေခါက္က ယဲ့ခ်င္းရန္နဲ႔ ခ်ဴ႐ုန္႐ုန္က လိုက္ဖက္ညီတယ္လို႔ သူေျပာတုန္းက ခ်ဴယန္ရဲ့အမူအရာ မည္းေမွာင္သြားတာ အံ့ဩစရာမဟုတ္ေတာ့ဘူးပဲ.... သူ႔(ခ်ဴယန္)ကို မ်က္လုံးမွာ ျပႆနာရွိေနလား ဆရာဝန္သြားျပဖို႔ေတာင္ သူ(ဟဲစီက်ိဳး)ေျပာဆိုလိုက္ေသးတယ္။ အခုေတာ့ဘာလို႔ ခ်ဴယန္က ယဲ့ခ်င္းရန္နဲ႔သူ႔ညီမကို ခြဲပစ္ခ်င္လဲဆိုတာ ေနာက္ဆုံးမွာ သူနားလည္သြားၿပီ။ ဆိုေတာ့ သားရဲႀကီးက ဒီေကာင္ေလးကို မ်က္စိက်ေနတယ္ေပါ့ေလ.... သူက ငယ္ေသးတာကို ဒီသားရဲႀကီးက ဘယ္လိုလုပ္ၿပီး မ်က္စိက်နိုင္တာလဲ...

ခ်ဴယန္က ေအးစက္စြာေျပာလာသည္။ "အခု မင္းေမးၿပီး အေျဖရၿပီဆိုေတာ့ သြားလိုက္ေတာ့...ငါတို႔အနားယူတဲ့အခ်ိန္ကို လာမထိခိုက္နဲ႔"

ဟဲစီက်ိဳးက လက္ကို ေဝွ႕လိုက္ၿပီး "ငါအခုျပန္ၿပီ စိတ္မပူနဲ႔ ငါဘယ္သူ႔ကိုမွ မေျပာဘူး ဘယ္သူ႔ကိုမွမေျပာဘူး"

ဒီေန႔က စိတ္လႈပ္ရွားစရာေန႔ေလးပဲ...

ယဲ့ခ်င္းရန္က မ်က္ေတာင္ခတ္ၿပီး ခ်ဴယန္ကို ရႈပ္ေထြးေနသည့္အမူအရာျဖင့္ ၾကည့္ေနသည္။

"အစ္ကို ဘာလို႔ ဟဲစီက်ိဳးကို မရွင္းျပရတာလဲ"

ခ်ဴယန္က ေမးလိုက္၏။ "ေမာ့နိုင္က ဟဲစီက်ိဳးကို သေဘာက်ေနတယ္လို႔ မင္းမေျပာဘူးလား? ဟဲစီက်ိဳးက သူမကို သေဘာက်မယ္လို႔ မင္းထင္လား"

ယဲ့ခ်င္းရန္က ေခါင္းခါလိုက္သည္။ "ၾကည့္ရတာ ခံစားခ်က္က ရွိမယ္ဆိုေပမယ့္ မရွိေသးဘူး"

ခ်ဴယန္က ေျပာလာသည္။ "ယုံၾကည္မႈရွိစမ္းပါ...အဲ့ခံစားခ်က္ဆိုတဲ့စကားကို ဖယ္ပစ္လိုက္"

ယဲ့ခ်င္းရန္ "..."

ခ်ဴယန္က ထပ္ေျပာလာသည္။ "ငါ ဟဲစီက်ိဳးကို နားလည္ထားတာကို အေျခခံရမယ္ဆိုရင္ မင္းက သူ႔ကို အမွန္ေျပာလိုက္ရင္ ေမာ့နိုင္က သူ႔ကိုစိတ္ရႈပ္ေအာင္လုပ္လာတဲ့အခါ သူက ေသခ်ာေပါက္ အမွန္ေျပာလိုက္မွာပဲ... ေမာ့နိုင္က မင္းကို ထပ္ၿပီး လာေႏွာင့္ယွက္ရင္ ဘယ္လိုလုပ္မလဲ"

(T/N: ကေလးကို ႏွစ္ေပါက္တစ္ေပါက္ရိုက္ေနတဲ့ အစ္ကိုႀကီး)
ယဲ့ခ်င္းရန္က သက္ျပင္းခ်လိုက္ၿပီး အနည္းငယ္ေလးစိတ္ပ်က္သြားသည္။
ယဲ့ခ်င္းရန္ : "အမွန္ပဲ အစ္ကို...အစ္ကိုက အရမ္းေတြးေပးတတ္တာပဲ"

ခ်ဴယန္ : "ငါက မင္းကို ကူညီထားတာဆိုေတာ့ အဆုံးထိ ကူညီရမွာေပါ့"

ယဲ့ခ်င္းရန္က သူမရဲ့စိတ္ဖိစီးမႈကို ေဖာ္ျပလိုက္သည္။ "ဒါေပမယ့္ အစ္ကိုက ဟဲစီက်ိဳးအေရွ႕မွာ ဝန္ခံလိုက္တယ္ေလ... ေျပာရရင္ သူက အစ္ကို႔ကို ေဂးလိုဆက္ဆံလာေတာ့မွာ အဲဒါက အစ္ကို႔ဂုဏ္သိကၡာအတြက္ မေကာင္းဘူးေလ"

သူမက စိတ္ထဲမထားေပ။ ဘာလို႔လဲဆိုေတာ့ သူမက မိန္းကေလးေလ။ သူမကို ေဂးလို႔အထင္လြဲရင္ေတာင္ သူမအတြက္ ျပႆနာလို႔ မေတြးေပ။ အဲ့အစား ရယ္ရတယ္လို႔ပဲ ေတြးမိမွာျဖစ္သည္။

ဒါေပမယ့္ ခ်ဴယန္လို ေအးစက္ၿပီး ဝံ့ႂကြားတဲ့သူက အေျဖာင့္ေလ... သူ႔ကို ေဂးလို႔အထင္လြဲခံရတာက ေစာ္ကားတစ္မ်ိဳးလို႔ပဲ ခံစားမိမွာျဖစ္သည္။

ခ်ဴယန္က ခဏေလာက္ေတြးၿပီး ေျပာလာသည္။ "ငါ့ဂုဏ္သိကၡာကို ထိခိုက္မွာပဲ.. ဆိုေတာ့ မင္းက ဘယ္လိုျပန္လုပ္ေပးမလဲ"

"ဘယ္လိုလဲ...ကၽြန္ေတာ္လည္းမသိဘူးေလ... ဘယ္လိုေလ်ာ္ေၾကးမ်ိဳး အစ္ကိုလိုခ်င္တာလဲ" ယဲ့ခ်င္းရန္က ဒီတိုင္းေလးသာ ေျပာလိုက္ေပမယ့္ သူ႔အတြက္ေတာ့ သူမအသက္ကို မစေတးခ်င္ေပ။
ဒါေပမယ့္ ထပ္ၿပီးေတာ့ ဒီေမးခြန္းေဟာင္းႀကီးကိုပဲ ေတြးမိသည္။ ခ်ဴယန္က သူမကို အရမ္းကူညီထားသည္။

တကယ္ႀကီး ေဂးသြားတာလား?

အား အား အား သူမက မိန္းကေလးေလ.... သူမသာ ခ်ဴယန္ကို ေဂးအျဖစ္ေျပာင္းမိလိုက္ၿပီး ခ်ဴယန္က ေယာက်ာ္းတစ္ေယာက္ႏွင့္ ခ်စ္ကၽြမ္းဝင္သြားၿပီး မိန္းကေလးေတြကို မႀကိဳက္ေတာ့ရင္ ဒါႀကီးက အရယ္ရဆုံးဟာသျဖစ္လာမွာ...

ယဲ့ခ်င္းရန္က တခစ္ခစ္ရယ္ၿပီး အစ္ေအာက္ၾကည့္လိုက္သည္။ "မိန္းမလွေလးနဲ႔ မိတ္ဆက္ေပးမယ္ဆိုရင္ေရာ ဘယ္လိုလဲ"

ခ်ဴယန္က သူမကို ထူးမျခားသည့္ဟန္ျဖင့္ ၾကည့္လိုက္သည္။ "..."

ယဲ့ခ်င္းရန္က ထပ္ေမးလာသည္။ "အစ္ကိုက မိန္းမလွေလးေတြကို မႀကိဳက္ဘူးလား"

"မင္းဘယ္လိုထင္လဲ" ခ်ဴယန္က ျပန္ေမးလာသည္။
"ကၽြန္ေတာ္သိတယ္ ကၽြန္ေတာ္သိတယ္...ကၽြန္ေတာ္တို႔က ေယာက်ာ္းေတြပဲ ဘယ္လိုလုပ္ၿပီး မိန္းမလွေလးေတြကို သေဘာမက်ဘဲေနမွာလဲေနာ္" ယဲ့ခ်င္းရန္က ေပါ့ေပါ့ပါးပါးျပဳံးျပလိုက္သည္။ "ဒါဆို အစ္ကို အလုပ္ဆက္လုပ္ပါ ကၽြန္ေတာ္ ေရသြားခ်ိဳးၿပီး အိပ္ေတာ့မယ္"

ခ်ဴယန္က ျဖည္းညင္းစြာေျပာလာသည္။ "ေနာက္က်ေနၿပီ...ငါလည္းေရခ်ိဳးၿပီးအိပ္ေတာ့မွာ.... ေရတူတူခ်ိဳးၾကရင္ေရာ ဘယ္လိုလဲ"

ယဲ့ခ်င္းရန္က အၾကားအာ႐ုံနဲ႔ဆိုင္တဲ့ ေရာဂါရွိေနၿပီလားလို႔ေတာင္ ေတြးမိသြားတယ္ ခ်က္ခ်င္းပဲ လက္သီးဆုပ္မိသြားသည္။

"ဘာႀကီး?"

ခ်ဴယန္ရဲ့ ႏႈတ္ခမ္းေထာင့္က မသိမသာေကြးတတ္သြားသည္။ "အနားမွာ ေရခ်ိဳးေဆာင္ေကာင္းေကာင္းရွိတယ္.... အခုေလးတင္ပဲ ငါ့ကို ေလ်ာ္ေၾကးေပးခ်င္တယ္လို႔ မေျပာခဲ့ဘူးလား... ငါ့ေနာက္ေက်ာကို ေခ်းတြန္းခိုင္းရင္ေကာင္းမလားလို႔ ငါေတြးမိလို႔ေလ"

ယဲ့ခ်င္းရန္ "..."

သူက သူမကို ေရခ်ိဳးေဆာင္သြားဖို႔ ေမးတာပဲ...လန႔္သြားတာပဲ... သူက သူမနဲ႔အတူ ေရတူတူခ်ိဳးခ်င္တယ္လို႔ ေတြးမိသြားတာျဖစ္သည္။

သူမကရယ္လိုက္သည္။ "အႀကံေကာင္းလို႔ေတာ့ ကၽြန္ေတာ္မထင္ဘူး...အရင္က ေနာက္ေက်ာကို ေခ်းတြန္းေပးတာမ်ိဳး မလုပ္ဖူးဘူးေလ... လက္ကို ဘယ္လိုသုံးရမလဲဆိုတာလည္း မသိဘူး...ကၽြန္ေတာ့္စိတ္ထင္ အစ္ကို႔ ႀကိဳက္ေလာက္မယ္မထင္ဘူး"

2021 Nov 08

ေရခ်ိဳးေဆာင္က သိလားဟင္ F4 ထဲမွာ ဂူဂၽြန္ၿဖိဳးက ဂ်န္ဒီ့အေဖနဲ႔ေမာင္ေလးနဲ႔တူတူသြားတဲ့ေနရာေလ

ကိုရီးယား တ႐ုတ္နဲ႔ ဂ်ပန္မွာ အဲ့လို ေရခ်ိဳးေဆာင္ေတြရွိပါတယ္။ မိန္းကေလး/ ေယာက်ာ္းေလး ခြဲထားၿပီး အတြင္းခံလိုမ်ိဳးနဲ႔ပဲ ေရစိမ္ၾကတာပါ.... ဂ်ပန္က်ေတာ့ naked စိမ္ၾကတာမ်ားပါတယ္

(Paid Gp မရွိပါဘူးေနာ္... Free ကိုပဲ ေန႔တိုင္းနီးပါး update မွန္ေအာင္ တင္ေပးပါတယ္...ႀကိဳေရးထားတဲ့အက်င့္လည္း မရွိေတာ့ paid gp လည္းမလုပ္ခ်င္သလို...အခုလို ဖတ္တဲ့သူမမ်ားခင္ထဲက တစိုက္မတ္မတ္ဖတ္လာေပးတဲ့သူေတြကို အားနာလို႔ပါ... paid gp မရွိလို႔ ေကာ္ဖီတိုက္ခ်င္ရင္ တိုက္လို႔ရပါတယ္။)

===========================

Continue Reading

You'll Also Like

94.9K 8.2K 8
OUR SECOND MASTER - MYANMAR TRANSLATION [ unicode version is also added ✔️] Original Chinese Author - Twentine ENG translator - Onesecondspring I...
237K 5.9K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.7K 241 75
အသူရာချောက်နက်၏အောက်ခြေ၌ထွန်းလင်းသောသံသဖြစ်ဖွယ်အလင်းတစ်စ။ William × Misaki cover photo is not mine. fully credit to rightful owner.
8.7K 1.2K 14
I Do Not Own This Story and I decided to translate the story cause I just love it . ( Available in both Zawgyi & Unicode Vers ) Original Author is @...