ယီယွမ်နှင့် ပတ်သက်၍မူ အောင်းသော်က သေသေချာချာ နားလည်သိရှိရန် လုံးဝမဖြစ်နိုင်ပေ။

သူ၏အတိတ်ဘဝတွင် ယီယွမ်က နဂါးကလန်ကို တစ်ကြိမ်လာရောက်ဖူးပေသည်။ သို့သော် ထိုအချိန်တွင် သူက အဆင့်အတန်းမြင့်မားသည့် ချင်ယန်ကျိဖြစ်သည်။ နတ်ဘုရားနယ်မြေ တစ်ခုလုံးတွင် မည်သူကမှ သူ့အား အပြစ်မပြုရဲခဲ့ကြပေ။

ဤဘဝတွင် ယီယွမ်က အဆင့်နိမ့်နယ်မြေမှ တက်ရောက်လာခဲ့သည့် သိုင်းပညာရှင်တစ်ယောက်သာ ဖြစ်သည်။ သို့သော် နဂါးကလန်၏ ကိုယ်ပိုင်ကလန်စည်းမျဥ်းများက အောင်းသော်ကို အကြီးအကျယ် ခေါင်းကိုက်စေခဲ့သည်။

လုံကျိုက်ထျန်းက ယီယွမ်ကို ခေါ်ဆောင်လာခဲ့ပြီးနောက် နဂါးကလန်က ယီယွမ်ကို စားကောင်းသောက်ဖွယ်များနှင့် ဧည့်ခံထားခဲ့သည်။ အောင်းသော်ကမူ သူနှင့်တွေ့ဆုံရန် ရည်ရွယ်ချက်မရှိခဲ့ပေ။

အကယ်၍ သူက ယီယွမ်နှင့် အမှန်တကယ် တွေ့ဆုံရမည်ဆိုလျှင် အထွတ်အမြတ် နဂါးတံဆိပ်နှင့် ပတ်သက်၍ မေးမြန်းပြောဆိုရန် ရှက်ရွံ့ပေသည်။

သို့ရာတွင် အောင်းသော်က နားလည်ရန်ခက်ခဲနေသည့် ကိစ္စမှာ အထွတ်အမြတ် နဂါးတံဆိပ်ကို ယီယွမ်က ပိုင်ဆိုင်ထားသည့် ကိစ္စတင်မဟုတ်ဘဲ ယီယွမ်၏ နဂါးမျိုးနွယ် သွေးမျိုးဆက် ကိစ္စပါ ပါဝင်ပေသည်။

"ဒါက… ကျားဖြူကလန်ရဲ့ သွေးဝိညာဥ်ကျောက်တုံးက ပြဿနာတွေရှိနေတာများလား….." လုံကျိုက်ထျန်းက ဇဝေဇဝါဖြစ်နေဟန်ဖြင့် ပြောဆိုလိုက်သည်။

အောင်းသော်က သူ၏ခေါင်းကို ခါယမ်း၍ ပြောဆိုခဲ့သည်။ "မဖြစ်နိုင်ဘူး… ကျိုက်ထျန်း… ပြောကြည့်ကွာ… သူက အထွတ်အမြတ်နဂါးတံဆိပ်ကို ရရှိသွားခဲ့တဲ့အချိန်မှာ စစ်မှန်တဲ့ နတ်ဘုရားသားရဲ သွေးမျိုးဆက်ကို ရရှိသွားခဲ့တာများ ဖြစ်နိုင်မလား….."

လုံကျိုက်ထျန်း၏ စိတ်ထဲ၌ အံ့ဩသွားခဲ့ပြီး အောင်းသော်ကို ထူးထူးဆန်းဆန်း ကြည့်လိုက်မိသည်။

စစ်မှန်သော နတ်ဘုရားသားရဲ သွေးမျိုးဆက် ဆိုသည်မှာ နတ်တန်ခိုးရှင်အဆင့် မိုးပြာရောင်နဂါး ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ သွေးမျိုးဆက်ပင် ဖြစ်သည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now