"ဒါဆိုရင် ကျုပ်က ခန္ဓာကိုယ်ကျင့်ကြံတဲ့ သိုင်းပညာရှင်တစ်ယောက် ဖြစ်နေခဲ့လို့ ခင်ဗျားရဲ့လက်အောက်ကို ဝင်ရောက်လာဖို့ ဖိတ်ခေါ်နေတာလား….." ယီယွမ်က ပြောဆိုခဲ့၏။

စစ်ယင်းက ပြန်လည်ဖြေကြားခြင်း
မပြုခဲ့သော်လည်း အဓိပ္ပာယ်က အလွန်ရှင်းလင်းနေပြီဖြစ်သည်။

ယီယွမ်က အများကြီး တွေဝေနေခြင်းမရှိခဲ့ဘဲ ခေါင်းတစ်ချက်ညိတ်၍ ပြောဆိုလိုက်၏။ "ကောင်းပြီ… လက်ခံတယ်… အဲဒီလိုဏ်ဂူကို ဝင်ရောက်တဲ့အခါကျရင် ကျုပ်က ရတနာတွေရဲ့ တစ်ဝက်ကို ရယူချင်တယ်… ပြီးတော့ ရတနာတွေကို သုံးကြိမ်တိတိ အရင်ဆုံးရွေးချယ်ချင်တယ်….."

စစ်ယင်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။ ယီယွမ်က ထိုသို့လွန်ကဲလွန်းသော တောင်းဆိုချက်တစ်ခုကို တောင်းဆိုခဲ့မည်ဟု သူမက လုံးဝထင်မထားခဲ့ပေ။ သူမက အေးစက်သောလေသံဖြင့် ပြောဆိုလိုက်ပေ၏။ "မင်းက ဒီလိုမျိုး တောင်းဆိုရဲတယ်ပေါ့… ဒီကြီးမြတ်သူက ဆယ်နှစ်တိတိ စောင့်ဆိုင်းပြီး ပြင်ဆင်နေခဲ့ရတာတွေက  မင်းအတွက်
ပြင်ဆင်ပေးရတာလား….."

ယီယွမ်က ပြုံး၍ ပြောလိုက်သည်။ "ကျုပ်က စကားဆုံးအောင် မပြောရသေးဘူး… ကျုပ်က ခင်ဗျားရဲ့အဖွဲ့ထဲကို ဝင်မယ်… ဒါပေမဲ့ ကျုပ်တို့က နဂါးဧကရာဇ်နယ်မြေကို အရင်ဆုံး ဝင်ရောက်ရမယ်….."

ဤတစ်ကြိမ်တွင် စစ်ယင်းက အမှန်တကယ် ဒေါသထွက်လာခဲ့၏။ "ယီယွမ်… တစ်လက်မလောက် ခွင့်ပြုပေးလိုက်တာနဲ့ တစ်ကိုက်လောက်အထိ ရှေ့တိုးမလာနဲ့… ဒီကြီးမြတ်သူက မင်းကိုပဲ လာရှာတယ်လို့ မင်းကထင်နေတာလား….."

ယီယွမ်က ပခုံးတွန့်၍ ပြောဆိုလိုက်သည်။ "ဒီလိုဆိုမှတော့  ဆွေးနွေးစရာအကြောင်း မရှိတော့ဘူး… အရှင်ကြီးမြတ်သူ… ကျေးဇူးပြုပြီးတော့ ပိုပြီးစွမ်းဆောင်နိုင်တဲ့
လူတစ်ယောက်ကို ရှာဖွေလိုက်ပါ….."

စကားအဆုံးတွင် ယီယွမ်က နောက်သို့လှည့်၍ ထွက်သွားရန် ပြင်ဆင်ခဲ့၏။ စစ်ယင်း၏ လှပသော ခန္ဓာကိုယ်လေးက ပြင်းပြင်းထန်ထန် တုန်ခါနေသည်အထိ ဒေါသထွက်နေခဲ့သည်။ သူမက ယီယွမ်ကို တစ်ချက်တည်းဖြင့် အသေရိုက်သတ်လိုစိတ်များ ပေါ်လာခဲ့ပေ၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now