Chapter 186

1.7K 162 0
                                    

ငရဲမှလာသောသူ
ဘာသာပြန် Han Shin
The Man from Hell
Author Autumn Wind 123

စာစဉ် (13) Chapter (186) ဆရာသခင်အဆင့်၏ မူလ သလင်းကျောက်

တိုက်ပွဲအား ရှန့်ကျန်းမြို့မှ ကြည့်နေကြသည့် သူများအားလုံး အလွန် ထိတ်လန့် တုန်လှုပ်သွားကြသည်။

"မစ္စတာ ကျန့်၊ မစ္စတာ ကျိုး… ဖုန်းရှောင်ထျန်း… ဆရာသခင် တစ်ပိုင်းအဆင့် ခြောက်ယောက်လုံး၊ ဒါဇင်နဲ့ ချီတဲ့ ကြယ်သုံးလုံး အဆင့်တွေနဲ့ ရာနဲ့ချီတဲ့ ကြယ်နှစ်လုံး အဆင့်တွေ အားလုံး အသတ်ခံလိုက်ရပြီ။ သောက်ကျိုးနည်း…ကျန်းရှီမြို့က ဘာမြို့ကြီးလဲဟ"

"မြတ်စွာဘုရား…အစက ထူးဆန်းတဲ့ သွေးဝင်္ကပါ၊ နောက် အင်အားစုအများကြီး နောက်ဆုံး လူ့ဂွစာ ယဲ့ဖန်၊ ဘယ်လောက်တောင် အံ့ဩဖို့ကောင်းတဲ့ တိုက်ပွဲလဲ"

"ကျန်းနန် စီရင်စု ဒေသကို ဖြတ်လာတဲ့ ခရီးတစ်လျှောက် ဘယ် ရှန့်ကျန်းအင်အားစုမှ သုတ်သင် မခံလိုက်ရဘူး၊ ဒါပေမယ့် ဒီ ကျန်းရှီလို မြို့သေးသေးလေကို ရောက်မှ သူတို့အားလုံး သုတ်သင်ခံလိုက်ရတယ်၊ ဒါ မဖြစ်နိုင်လိုက်တာကွာ"

ဤကဲ့သို့ မြို့သေးသေးလေးက ရှန့်ကျန်းအင်အားစုများ၏ သင်္ချိုင်းမြေ ဖြစ်လာ လိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားမိကြပါ။

ပို၍ ကြောက်မက်ဖွယ် ကောင်းသည်က ဆရာသခင် တစ်ပိုင်းအဆင့် ခြောက်ယောက်လုံး အသေဆိုးနှင့် သေသွားခဲ့ခြင်းပင်။

ရှန့်ကျန်း တစ်မြို့လုံး ထိတ်လန့်နေကြသည်။

သူတို့တွင် မျှော်လင့်ချက်ဟူ၍ လီကျိုးယောင် တစ်ယောက်သာ ရှိတော့သည်။

"မာစတာလီ … သူ့ကို သတ်လိုက်ပါ… ခင်ဗျား သူ့ကို သတ်မှဖြစ်မယ်"

"မာစတာလီက ရှန့်ကျန်းမြို့ရဲ့ နတ်ဘုရားပဲ … သူ ဒီတိုက်ပွဲကို သေချာပေါက် နိုင်မှာ … သေချာပေါက်"

"သတ်….သူတို့အားလုံးကို သတ်ပြီးတော့ ကျဆုံးသွားတဲ့ ရှန့်ကျန်း အင်အားစုတွေ အတွက် လက်စားချေပေးပါ"

ထိုအချိန်တွင် ရှန့်ကျန်းမြို့မှ ကြည့်နေကြသူများ အားလုံး အရူးအမူး ဟစ်အော် မိကြသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Tempat cerita menjadi hidup. Temukan sekarang