Chapter 158

2K 182 0
                                    

စာစဉ် (11) Chapter (158) အရသာရှိသားပဲ!

"ကျန်းရှီမြို့ရဲ့ သမိုင်းကြောင်းမှာ ဆရာသခင်တစ်ပိုင်းအဆင့် ရောက်တာဆိုလို့ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်က စစ်နတ်ဘုရား သွေးစွန်းဝံပုလွေပဲ ရှိခဲ့တာ၊ ဒါပေမယ့် သွေးစွန်းဝံပုလွေက ပျောက်နေတာ နှစ်အတော်ကြာနေပြီ၊ လော့စစ်က သူ့ရာဇဝင်ကို ချိုးဖျက်လိုက်မယ်လို့ ငါ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး"

"ဟုတ်တယ်၊ စစ်နတ်ဘုရား သွေးစွန်းဝံပုလွေ ဆရာသခင်တစ်ပိုင်း အဆင့်ကို ရောက်ခဲ့တုန်းက ကျန်းနန်မြို့နဲ့ ကျန်းပေမြို့က အဓိကကလန်အများကြီးရဲ့ ဂုဏ်ပြုစကားပြောတာကို ခံခဲ့ရတယ်တဲ့။ အဲ့အချိန်တုန်းက တကယ့်ကို မကြုံဖူးတဲ့ ကြီးကျယ်ခမ်းနားတဲ့ အဖြစ်အပျက်ပဲတဲ့ကွ"

"စစ်နတ်ဘုရား သွေးစွန်းဝံပုလွေ ဆရာသခင်တစ်ပိုင်း အဆင့်ကို တက်နိုင်ခဲ့တုန်းက သူက အသက် သုံးဆယ့်ငါးနှစ်တောင် ရောက်နေပြီ။ ဒါပေမယ့် လော့စစ်က အသက် သုံးဆယ်တောင် မပြည့်သေးဘူး။ သူက ဟွာရှနိုင်ငံရဲ့ သမိုင်းမှာ အသက်အငယ်ဆုံး ဆရာသခင် တစ်ပိုင်းအဆင့်ပဲကွ"

ထိုအချိန်တွင် ခြံဝန်းထဲရှိ ဧည့်သည်များက ဤအကြောင်းများကို အရူးအမူး ဆွေးနွေးနေကြသည်။

သူတို့စိတ်ထဲတွင် ကြယ်သုံးလုံး အဆင့် ပုဂ္ဂိုလ်များကို ထိပ်တန်းပုဂ္ဂိုလ်များအဖြစ် မှတ်ယူထားသော်လည်း ဆရာသခင်အဆင့်က သူများကို ဒဏ္ဏာရီ ပုဂ္ဂိုလ်များအဖြစ် မှတ်ယူထားကြသည်။

ဆရာသခင် တစ်ဦးချင်းစီတိုင်းက ဟွာရှနိုင်ငံ၏ နိုင်ငံ့ထောက်တိုင်ကြီးများ ဖြစ်ပေသည်။ သို့သော် သူတို့ ယခုလေးတင် လူတစ်ယောက်က ဆရာသခင် တစ်ပိုင်းအဆင့်သို့ ချိုးဖောက်ဝင်ရောက်သွားသည်ကို တွေ့လိုက်ရသည် မဟုတ်ပါလား။

ထို့ကြောင့် သူတို့ အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။ လော့စစ်က ဧည့်သည်များထက် သာ၍ပင် စိတ်လှုပ်ရှားနေသေးသည်။

သူက ယဲ့ဖန်၏ မျက်လုံးကို အလွန် ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသော အပြုံးမျိုး ပြုံး၍ ကြည့်ကာ ပြောလိုက်လေသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now