Chapter 169

1.9K 173 0
                                    

ငရဲမှလာသောသူ
ဘာသာပြန် Han Shin
The Man from Hell
Author Autumn Wind 123

စာစဉ် (12) Chapter (169) လူသန်ကြီး ရောက်ရှိလာခြင်း

အလင်းကားချပ် ပျောက်ကွယ်သွားသည်နှင့် ဘားတစ်ခုလုံး တိတ်ကျသွားသည်။ သူတို့အားလုံး ယဲ့ဖန်အား ထိတ်လန့်တုန်လှုပ်စွာ ဝိုင်းကြည့်နေကြသည်။

လွန်ခဲ့သည့်နှစ်ထောင်ပေါင်းများစွာက အင်အားကြီးသော နတ်ဆိုးတစ်ကောင်၏ သခင်ကြီးက ယခုထိ အသက်ရှင်လျက် ရှိနေမည်ဟု ထင်မထားခဲ့မိပါ၊ သူတို့ မျက်စိရှေ့တည့်တည့်၌ ရောက်နေမည်ဟုလည်း ပို၍ ထင်မထားခဲ့မိပါ။

*ဒါ…. မဖြစ်နိုင်ဘူး*

သခင်လေးတစ်ချို့ ဘောင်းဘီတွင် စိုစွတ်လာသဖြင့် ဘားတစ်ခုလုံး အနံ့ဆိုးများဖြင့် ပြည့်နှက်လာသည်။

သို့သော် ယဲ့ဖန်သည် သခင်လေးများ၏ အပြုအမူများကို ဂရုမစိုက်ချေ။ ထိုအစား အတွေ့အကြုံ ရင့်သန်နေသည့် လူအိုကြီးတစ်ယောက်ကဲ့သို့ ဝမ်းနည်း ညှိုးငယ်လို့ နေသည်။

"ကောင်းကင်မိစ္ဆာ ကျွန်မျိုးနွယ်က…သေသွားပြီတဲ့လား"

နောက်ထပ် ညီအစ်ကို တစ်ယောက် ဆုံးရှုံးလိုက်ရသည်ကို သူ သိလိုက်ရသဖြင့် ပင့်သက်ရှိုက်လိုက်မိသည်။

"တယွမ်….ကမ္ဘာဂြိုဟ်…ဘုရားသခင်တွေနဲ့ နတ်ဘုရားတို့ရဲ့ သင်္ချိုင်းတဲ့လား… ကောင်းကင်မိစ္ဆာ ကျွန်မျိုးနွယ်က မသေခင် ဘာတွေကိုများ ရှာတွေ့သွားတာလဲ"

ကမ္ဘာဂြိုဟ်ကြီးက ပို၍ ပို၍ ထူးခြားဆန်းကြယ်လာကြောင်း ယဲ့ဖန် သတိပြုလိုက်မိသည်။

*ကမ္ဘာပေါ်မှာ တော်တော်လေး ကြောက်ဖို့ကောင်းတဲ့ တည်ရှိမှုတွေ ရှိနေတာပဲ၊ အဲ့လိုသာ မဟုတ်ဘူးဆိုရင် ကောင်းကင်မိစ္ဆာ ကျွန်မျိုးနွယ် သေမှာမဟုတ်ဘူး*

ယဲ့ဖန် အတွေးထဲ နစ်မြောနေစဉ် ဖုန်းသံတစ်ခုကြောင့် အတွေးကမ္ဘာထဲမှ ပြန်လည် နိုးထလာမိသည်။

မော့ထျန်းချန်၏ ဖုန်းသံဖြစ်သည်။ ထိတ်လန့်နေရာမှ သတိဝင်လာပြီး မော့ထျန်းချန်သည် ဖုန်းကို မြန်မြန်ထုတ်၍ ကိုင်လိုက်သည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now