Chapter 179

1.7K 159 0
                                    

ငရဲမှလာသောသူ
ဘာသာပြန် Han Shin
The Man from Hell
Author Autumn Wind 123

စာစဉ် (12) Chapter (179) မင်း အဆင့်သင့်ပဲလား

ရှန့်ကျန်းမြို့တွင်…

ရှန့်ကျန်းမြို့မှ အင်အားနည်းသော တိုက်ခိုက်ရေး သမားများက တိုက်ရိုက်သတင်းအား သူတို့၏ ဟိုတယ်များ၊ လမ်းဘေး စားသောက်ဆိုင်များနှင့် တိုက်ခိုက်ရေး ကလပ်များမှ ကြည့်ရှုနေကြသည်။

လီကျိုးယောင်က ဝေ့တုန်ဖျင်အား တစ်ချက်တည်းနှင့် သတ်လိုက်ခြင်းက ကြည့်ရှုသူ များအား တုန်လှုပ်သွားစေသည်။

ကြည့်ရှုနေသည့် သူများအားလုံး စိတ်လှုပ်ရှားစွာ ဩဘာပေးကြသည်။

"သူတို့ အကုန်လုံးကို သတ် .... သူတို့အားလုံးကို သတ်လိုက် … အားလုံးကို သတ်ပစ် … ကျန်းနန် စီရင်စု ဒေသတစ်ခုလုံးကို ရှင်းလင်းပြီးတော့ ကျုပ်တို့မြို့ရဲ့ ဂုဏ်သတင်း ပြန်တိုးတက်လာအောင် လုပ်ပစ်လိုက်"

"မာစတာလီက တကယ့်ကို အင်အားကြီးတာပဲ … ရှန့်ကျန်းမြို့က အဖွဲ့အစည်းတွေ ကလည်း အင်အားကြီးကျတာပဲ … ဒီတိုက်ပွဲကို ရှန့်ကျန်းမြို့ကပဲ နိုင်မယ်ဆိုတာ ကျိန်းသေနေပြီ"

"ဟဟ…ကျန်းနန်မြို့က တော်တော် သနားစရာကောင်းတဲ့ ကောင်တွေပဲ … ဒီလောက် အင်အားကြီးတဲ့ သူတွေ သူတို့ ဘဝတစ်လျှောက်လုံး ရှိမလာတော့မှာကို ကျုပ်တော့ စိုးရိမ်မိသား"

ရှန့်ကျန်းမြို့မှ ရုပ်သံဌာန များစွာက ဤတိုက်ပွဲအား တိုက်ရိုက် လွှင့်နေခဲ့သည်။ ရှန့်ကျန်းမြို့မှ လူများက ဤသည်ကို ကြည့်ရှုပြီး စိတ်လှုပ်ရှား ဂုဏ်ယူစွာ ဆွေးနွေးနေကြသည်။

သို့သော် လီကျိုးယောင်အတွက် ဝေ့တုန်ဖျင်အား သတ်လိုက်ခြင်းက အစသာ ရှိသေးသည်။

ရှန့်ကျန်းမြို့မှ အင်အားကြီးသူများ၏ သတ်ဖြတ်ခြင်းခံလိုက်ရသော အလောင်းများက တောင်လိုရာလို ပုံလာပြီး ကျန်းနန်မြို့အား အလွန်လွှမ်းမိုးသော သွင်ပြင်ဖြင့် ရှင်းလင်း ဖယ်ရှားလို့လာသည်။

တိုက်ခိုက်ရေးကလပ်များနှင့် မြေအောက်ဂိုဏ်းများအားလုံး သုတ်သင်ခြင်း ခံလိုက်ရသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now