Chapter 45

2.9K 352 3
                                    

#unicode

အပိုင်း (၄၅) သူက မင်းကို အရူးတဲ့!

ကျောင်းကန်တင်း၏ ဒုတိယထပ်သည် လူချမ်းသာသားသမီးများဖြစ်သော ကျောင်းသား၊ ကျောင်းသူများအတွက် ပြင်ထားခြင်း ဖြစ်သည်။

ထောင့်နားရှိ စားပွဲ၌ ထိုင်ရင်း ဟင်းပွဲများကို ကြည့်ကာ တံတွေးမျိုချနေသော ယဲ့ဖန်အား ပိုင်ယီတစ်ယောက် ကူရာမဲ့စွာ ကြည့်နေမိသည်။

စားပွဲပေါ်၌ ဟင်းပွဲ ၂၀ကျော် ရှိသော်လည်း သကောင့်သားက တံတွေးမျိုချနေရင်း ခေါင်းကို ခါကာ ညည်းတွားနေသည်။

"ဟူး…နှမြောလိုက်တာ…နှမြောလိုက်တာ…အစတုန်းက ပင်လယ်စာတို့၊ နဂါးခေါင်းတို့၊ ဖီးနစ်ငှက်အမြှီးတို့ စားရမယ်မှတ်နေတာ။ မင်းက ဒါလေးပဲ ဝယ်ကျွေးတာပါလား။ မင်း အရမ်း ကပ်စီးနည်းတာပဲ။ ကပ်စီးနည်းလိုက်တာ"

သူ့စကားကြောင့် ပိုင်ယီ ဆွံ့အသွားရသည်။

"ဟေး…အလှလေးပိုင်….ဘာလို့ မြည်းမကြည့်တာလဲ? ဒီဟင်းက အရသာရှိတယ်။ စားကြည့်.."

ပါးစပ်ထဲ ပလုပ်ပလောင်းနှင့် ယဲ့ဖန်က ဟင်းပွဲတစ်ပွဲကို ညွှန်ပြကာ ပိုင်ယီကို စားရန် ပြောလိုက်သည်။

သူ့ပြောလိုက်သောကြောင့် ပိုင်ယီက တူကိုကောက်ကိုင်ကာ ထိုဟင်းပွဲကို မြည်းရန် ပြင်လိုက်သော်လည်း သူမတူက ပန်းကန်နားပင် မရောက်သေး၊ ယဲ့ဖန်က ထိုပန်းကန်ထဲ ရှိသမျှကို အပြတ်ရှင်းပစ်လိုက်သည်။

မြန်လိုက်တာများ…

*ချီးပဲ*

ပိုင်ယီ ဒေါသထွက်သွားရသည်။

ထို့နောက် ယဲ့ဖန်က နောက်ထပ်ဟင်းပွဲကို ညွှန်ပြကာ ပိုင်ယီကို မြည်းကြည့်ရန် ပြောလာသည်။

ပိုင်ယီ တူ မလိုက်ရုံပဲ ရှိသေးသည်၊ ထိုဟင်းပွဲက ကုန်သွားပြန်၏။

ပိုင်ယီ ဒေါသတကြီး တူကို ချလိုက်သည်။

"ယဲ့ဖန်..တကယ်တော့ ကျွန်မ ကျွန်မအဖိုးအတွက် ရှင့်ကို ဖိတ်လိုက်တာ"

ပိုင်ယီ မျက်မှောင်ကြုတ်လျက် အမှန်အတိုင်း‌ ပြောလိုက်သည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now